တာချီလိတ်၌ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ငွေစေတီလမ်း၌ ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းက မူးယစ်ဆေးဝါး သုံးစွဲသူများထံမှ စိတ်ကြွဆေးပြား၊ ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေးများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီ ၅ဝ မိနစ်အချိန်ခန့်က သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းရှိ အားဘာ(ခ)နာတားလယ်၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ အောင်ကိုကို(ခ)အသေးလေးနှင့် လိဝဲ(ခ)သောမက်စ် တို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အားဘာ(ခ)နာတားလယ် အိပ်သည့်အိပ်ခန်းအတွင်း WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၅၁ ပြား၊ အလေးချိန် ၅ ဒသမ ၁ ဂရမ်ခန့်(ဒေသတန်ဖိုးငွေကျပ် ၅၁ဝဝဝ)နှင့် ဘိန်းစိမ်းဟု ယူဆရသော အမဲရောင် အစေးအလေးချိန် ၁၅ဝ ဂရမ်ခန့်(ဒေသတန်ဖိုးငွေကျပ် ၂၂၅ဝဝဝ)၊ အဖြူရောင်ဒန်ဗူးဝိုင်းဖြင့်ထည့်လျက် ဘိန်းဆီခဲဟု ယူဆရသော  အမဲရောင်အစေးခဲ အလေးချိန် ၆ဝ ဂရမ်ခန့် (ဒေသတန်ဖိုးငွေ ကျပ် ၁၅ဝဝဝဝ)တို့အားလည်းကောင်း၊ နေအိမ်ရှေ့ခန်းရှိ လီဂဲနှင့် အောင်ကိုကို တို့အိပ်သည့် အိပ်ယာဘေးမှ ဘိန်းရှူရာတွင် အသုံးပြုသည့် ဝါးပြောင်းတပ်လျက် ဖန်ဘူး တစ်ဘူး၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် ကော်ဘူး တစ်ဘူးတို့အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးမျးနှင့်အတူ ဖမ်းဆီးရမိသူ အားဘာ(ခ)နာတားလယ်၊ (၃ဝ နှစ်)၊ အောင်ကိုကို(ခ) အသေးလေး (၃ဝ နှစ်)၊ ငွေစေတီလမ်း၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် လီဝဲ(ခ)သောမက်စ်(၂၅ နှစ်)၊ တုံတာမြို့နေသူတို့ ၃ ဦးအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats