အောက်တိန်း ၉၂ ဈေး ကျပ် ၈ဝဝ အောက်သို့ ကျ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, January 2, 2019

အောက်တိန်း ၉၂ ဈေး ကျပ် ၈ဝဝ အောက်သို့ ကျ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့တွင် ၂ဝ၁၈ ခုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၈ဝဝ အောက်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
.
.
''ဒီတစ်ပတ်ထဲမှာ ၈ဝဝ ကျပ် အောက်အထိ ကျလာတာပါ။ ၂ဝ၁၈ ခုနှစ်အတွင်းမှာတော့ စက်သုံးဆီဈေး က ၈ဝဝ အောက်ဖြစ်သွားတာ ဒါပထမဆုံးအကြိမ်ပါ။ ကျလာဖို့ကို လည်း ပြည်သူလူထု အကုန်လုံး က မျှော်လင့်နေ ကြတယ်။ အခုလက်ရှိ အနေအထားက ရောင်းချတဲ့သူအ တွက်ရော၊ သုံးစွဲတဲ့သူအတွက်ပါအဆင်ပြေတဲ့ အနေအထား ဖြစ်နေပါတယ်''ဟု တောင်ကြီးမြို့ရှိ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့စက်သုံးဆီဈေး ကွက်တွင် ဒီဇင်ဘာလ ၂၈ ရက် ဈေးနှုန်းများအရ အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၉ဝ ကျပ်ခန့်ရှိ နေခဲ့ပြီး ကျန်သည့်စက်သုံးဆီများ မှာမူ တစ်လီတာလျှင် ကျပ် ၈ဝဝ အ ထက်တွင် ရှိနေကြောင်း သိရသည်။
.
ပြည်တွင်း၌ ကမ္ဘာ့ရေနံဈေး မြင့်တက်ခြင်း၊ ဒေါ်လာဈေးစံချိန်တင် မြင့်တက်ခဲ့ခြင်းတို့ကြောင့် သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် စက်သုံး ဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ် ၁၁ဝဝ နီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလ ပထမပတ် တွင် ရေနံဈေးများ ကျဆင်းလာခြင်း နှင့် ဒေါ်လာဈေး တည်ငြိမ်လာခြင်း တို့ကြောင့် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
တောင်ကြီးမြို့၌ လွန်ခဲ့သည့်  ဒီဇင်ဘာလ ၇ ရက်က အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁ဝ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာလျှင် ၁ဝ၆ဝ ကျပ်အထိရှိခဲ့ရာမှ ဒီဇင်ဘာလ ၂၈ ရက်တွင် အောက် တိန်း ၉၂ တစ်လီတာလျှင် ၇၉ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၈၉ဝ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၉၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာလျှင် ၉၇ဝ ကျပ်အထိ  ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
.
''ဒေါ်လာဈေးကျလာသလို စက်သုံးဆီဈေးလည်း ကျလာတော့ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ ကတော့ ဝမ်းသာတာပေါ့။ ဈေးကျ လာဖို့အတွက် ပြည်သူလူထုတွေအ ကုန်လုံး မျှော်လင့်နေကြတာပါ။ အခု လက်ရှိဈေး ကတော့ ရောင်းချသူအ တွက်ရော၊ သုံးစွဲတဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့ ဈေးနှုန်းပါ''ဟု တောင် ကြီးမြို့နေ ဒေသခံပြည်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ပြည်တွင်း၌ လိုအပ်သော စက်သုံး ဆီများအား စင်ကာပူ နိုင်ငံမှ အဓိက မှာယူတင်သွင်းနေရခြင်းဖြစ်ပြီး နိုင်ငံ ခြားဆီ ဈေးအတက်အကျ၊ အမေရိကန်ဒေါ်လာဈေး အတက်အကျပေါ်မူ တည်ကာ ပြည်တွင်းစက်သုံး ဆီဈေး အနိမ့်အမြင့် အတက်အကျဖြစ်ပေါ် နေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် နယ်မြို့များတွင် စက်သုံးဆီ ဈေး အနည်းငယ် ပိုများနေခြင်း ဖြစ် ကြောင်း သိရသည်။
.

Recent Tube