အဆင့်မြင့်ပညာ တက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များတွင် ပညာသင်ယူနေသူများ ပညာသင်ဆု လျှောက်ထားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အဆင့်မြင့်ပညာ တက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များတွင် ပညာသင်ယူနေသူများ ပညာသင်ဆု လျှောက်ထားနိုင်



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့တွင် ဖွင့်လှစ်ထားသည့်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် အပါအဝင် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များတွင် တက်ရောက်ပညာသင် ကြားနေသည့် ကျောင်းသား/ကျောင်း သူများအနက်မှ မိသားစုအခက်အခဲကြောင့် ပညာသင်ယူရန်အတွက် ထောက်ပံ့ငွေကြေး လိုအပ်နေသူများ အနေဖြင့် ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒု တိယအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်၍ ဦးတင်မောင်ပညာသင်ဆုကို လာ ရောက်လျှောက်ထားနိုင်ကြောင်း သိ ရသည်။
.
.
''နိုင်ငံသားတွေရဲ့ ပညာအရည်အသွေး မြင့်မားတိုးတက်မှ အမှား/ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး မှန်ကန်တဲ့ လူနေမှုဘဝကို ရွေးချယ် တည်ဆောက်ပြီးတော့ ဒေသအကျိုး နဲ့ နိုင်ငံအကျိုးအတွက် ကောင်းမွန်တဲ့ စွမ်းအားတွေ ဖြစ်စေဖို့ ပညာရေး ကပဲ ရှေ့ဆောင်ပေးနိုင်မှာဖြစ်လို့ အခုလို ပညာသင်ဆုတွေ ပေးအပ်ပြီး အုတ်တစ်ချပ် သဲတစ်ပွင့် လို နိုင်ငံရဲ့ သားသမီးကောင်းတွေ ဖြစ်စေချင်ပါ တယ်''ဟု ပြည်နယ်ဒုတိယအုပ်ချုပ် ရေးမှူး ဦးရဲနိုင်က ပညာသင်ဆု ပေးအပ်သည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ဦးတင်မောင် ပညာသင်ဆုကို ၂ဝဝ၆ ခုနှစ်မှစတင် ၍ နှစ်စဉ်ပေးအပ်ထောက်ပံ့ခဲ့သော် လည်း ပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိမှု မရှိခြင်းကြောင့် လာရောက် လျှောက်ထားသူ နည်းပါးလျက်ရှိ ကြောင်း သိရသည်။
.
ဦးတင်မောင်ပညာသင်ဆုအား မန္တလေးမြို့ရှိ ဟွန်ဒါ (မြန်မာ) ကုမ္ပ ဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင်မှ ငွေကျပ် သိန်း ၅ဝဝ ဖြင့် ၂ဝဝ၆ ခုနှစ်တွင် မတည်လှူဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်တွင် ကျိုင်းတုံနည်းပညာတက္ကသိုလ်၊ ကွန်ပျူ တာတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသား/ သူ ၄ ဦးအတွက် ပညာသင်ဆု ထောက်ပံ့ငွေ ၂၂ သိန်းကျော် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံနည်းပညာတက္ကသိုလ် တွင် ပညာသင်ယူပြီးမြောက်ခဲ့ပြီး နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် ထက်နိုင်နေဝင်းက ''ကျွန် တော်ဆိုရင် ကျောင်းတက်နေစဉ်ကာ လတစ်လျှောက်မှာ နှစ်စဉ် ဦးတင် မောင် ပညာသင်ဆုကို လက်ခံရယူခဲ့ ရတဲ့ ကျေးဇူးတရားကို မမေ့ပါဘူး။ ဒီ ပညာသင်ဆုက ကျောင်းပညာကိုသင် ကြားနိုင်ဖို့အတွက် တွန်းအားတစ် ခုဖြစ် ပါတယ်''ဟု ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အ တွက် ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီလ ၁၁ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ပ ညာသင်ယူနေကြသည့် ကျောင်းသား /ကျောင်းသူ ၂၄ ဦးနှင့် အသစ် လျှောက်ထားလက်ခံသူ ကျောင်းသား ၁ဝ ဦးတို့အတွက် ငွေကျပ် ၃၈ သိန်း ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats