အင်းလေးဖောင်တော်ဦးဘုရား ရွှေသင်္ကန်း ကပ်လှူခွင့် ရရှိရေးနှင့် ဘုရားရင်ပြင်တွင် ဈေးရောင်းချသည့်နေရာ အတည်တကျ သတ်မှတ်ပေးနိုင်ရေးအတွက် ဒေသခံများ ဆန္ဒဖော်ထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးဖောင်တော်ဦးဘုရား ရွှေသင်္ကန်း ကပ်လှူခွင့် ရရှိရေးနှင့် ဘုရားရင်ပြင်တွင် ဈေးရောင်းချသည့်နေရာ အတည်တကျ သတ်မှတ်ပေးနိုင်ရေးအတွက် ဒေသခံများ ဆန္ဒဖော်ထုတ်



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်ရှိ အင်းလေးဖော်တော်ဦးဘုရားအား ရွှေသင်္ကန်းကပ်လှူခွင့် ရရှိရေးနှင့် ဖောင်တော်ဦး ရင်ပြင်၌ ဈေးသည်များအား ဈေးပြန်လည်ရောင်းချနိုင်ရန်အတွက် နေရာအတည်တကျ ပြန်လည် သတ်မှတ်ပေးရန် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက အင်းလေးဖော်တော်ဦးဘုရားအနီး၌ ဒေသခံများမှ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။ 
.
.
အင်းလေးဖော်တော်ဦးစေတီရင်ပြင်၌ ဈေးရောင်းချခွင့် ပိတ်ပင်တားဆီးမှုနှင့် ပတ်သက်၍ ဈေးပြန်လည် ရောင်းချခွင့်  ရေရှိရေးအတွက် နေရာအတည်တကျ ပြန်လည်သတ်မှတ်ပေးစေရန်နှင့် အင်းလေးဖောင်တော်ဦးဘုရား၌ ရွှေသင်္ကန်း ကပ်လှူခွင့် ရရှိရန်၊ အင်းလေးဖောင်တော်ဦး စေတီတော်အတွင်း ဒေသန္တရအမိန့်အား လိုက်နာဆောင်ရွက်မှုမရှိသော ဆိုင်ခန်းများကို အရေးယူဆောင်ရွက်ပေးရန်တို့အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
“အင်းအား ၂၀၀ ခန့်က အင်းလေးဖော်တော်ဦး လက်ပွေ့ ဈေးသည်များနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက် ၇ ချက်ကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့တာပါ”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမင်းဇော်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရာတွင် အင်းလေးဖောင်တော်ဦးဘုရားမြောက်ဘက် အမှတ်(၁) ရေလမ်းကြောင်း ပတ်လမ်းအတိုင်း မော်တော်စက်များဖြင့် လူအင်အား ၂၀၀ ဦးခန့်မှ  စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။
.
ဆန္ဒထုတ်ဖော်ရာ၌ အင်းလေးဖော်တော်ဦးဘုရားအား ရွှေသင်္ကန်းကပ်လှူခွင့် ရရှိရေး၊ ဈေးသည်များ ဈေးရောင်းချခွင့် တန်းတူ ရရှိရေး၊ အင်းလေးဖော်တော်ဦးဘုရားအတွင်းရှိ ဈေးသည်များအား နေရာတစ်ခု သတ်မှတ်ပေးရေး၊ ဖောင်တော်ဦးဘုရား ပရဝုဏ်အတွင်း အရက်သေစာ သောက်စား/ရောင်းချ ခြင်းအား အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရေး၊ တရားမျှတမှု မရှိသော အင်းလေးဖောင်တော်ဦး ဂေါပက အဖွဲ့အား အသစ်ပြန်လည် ရွေးချယ်ပေးရေး၊ ညောင်ရွှေမြို့ နယ် ဒေသန္တရအမိန့်အား လိုက်နာဆောင်ရွက်ခြင်း မရှိသော ဆိုင်ခန်းများအား အရေးယူဆောင်ရွက်ပေးရေး၊ နမ့်ပန်စခန်းမှူး အင်းလေးဖော်တော်ဦးစေတီ အစည်းအဝေး၌ ပြုမှုပြောဆို ဆောင်ရွက်မှုအား အလိုမရှိကြောင်း စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
.
ထို့အတူ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ညောင်ရွှေမြို့၌လည်း ဇန်နဝါရီ ၈ ရက်တွင် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော် ၅ ဆူကို ဒေသစာရီ ပင့်ဆောင်ရာ၌ ခက်ခဲလာနိုင်သဖြင့် ဘုရားရွှေကပ်ခြင်း တား မြစ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က တင်ပြထားကြောင်း ဖောင်တော်ဦးဘုရားဂေါပအဖွဲ့ထံမှ သိရသည်။
.

Journal Download

Photo of three cats