ညောင်ရွှေမြို့၊ ထပ်အိမ်ကျေးရွာရှိ ခွေးဂေဟာမှ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်များ အတွက် အလှူရှင်များ လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့၊ ထပ်အိမ်ကျေးရွာရှိ ခွေးဂေဟာမှ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်များ အတွက် အလှူရှင်များ လိုအပ်နေ



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထပ်အိမ်ကျေးရွာ၌ ဖွင့်လှစ်ထားသော ခွေးဂေဟာရှိ ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့် စုစုပေါင်း အကောင်ရေ ၄ဝဝ ဝန်းကျင်အတွက် အစားအစာများ လှူဒါန်းပေးသော အလှူရှင်များ လိုအပ်နေကြောင်းသိရသည်။
.
.
ညောင်ရွှေမြို့၊ ထပ်အိမ်ကျေးရွာ တွင် DISCOVERY HIGHTLIGHT အမည်ရ ခွေးချစ်သူများအဖွဲ့ မှ ပိုင်ရှင်မဲ့ ခွေးများအတွက် ဂေဟာတစ်ခု ဖွင့်လှစ်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
.
''လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က တော့ ပထမဆုံး ခွေးချစ်တဲ့သူတွေ ပေါင်းမိသွားတယ်။ အရင်တုန်းက တော့ ဂီလာနခွေးတွေကို အဓိကထားပြီး ပြုစုတယ်။ နောက်တော့ ပိုင်ရှင်မဲ့ ခွေးတွေပါ ပြုစုတယ်။ အခုဆိုရင် ခြံထဲမှာ ခွေးအကောင်ရေ ၄ဝဝလောက် ရှိပြီ။ ခွေးတွေအတွက် အစားအသောက် အလှူရှင်ကတော့ နည်းတယ်။ ရန်ပုံငွေရယ်လို့ နောက်ကနေ ကြီးကြီးမားမား ထောက်ပံ့ပေးမယ့်သူ မရှိဘူး။ ဒီဂေဟာမှာ စေတနာ့ဝန်ထမ်းတွေ အများကြီး လိုတယ်။ ဒီခွေးလေးတွေအတွက် အလှူရှင်အများကြီး လိုအပ်တယ်။ အဓိကကတော့ သူတို့ကို အစားအစာတွေ ရေရှည်ကျွေးနိုင်အောင် အလှူရှင်တွေ လိုပါတယ်'' ဟု ခွေးလေခွေးလွင့်များအား ကူညီ စောင့်ရှောက်နေသူ တစ်ဦးဖြစ်သည့် မနန္ဒာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဂေဟာတွင်ရှိသော ခွေးများကို တစ်ရက်လျှင် နှစ်ကြိမ်နှုန်းဖြင့် အစားအစာများ ကျွေးမွေးပေးလျက်ရှိပြီး နံနက်စာတစ်ကြိမ်ကို ညောင်ရွှေမြို့ရှိ တချို့ဟိုတယ်များမှ ကျန်ရှိသော အ စားအစာများဖြင့် ကျွေးမွေးလျက်ရှိ ကာ ညနေစာကို ဂေဟာမှ အသား ငါးများဖြင့် ချက်ပြုတ်၍ ကျွေးမွေးပေး နေကြောင်း သိရသည်။
.
ညောင်ရွှေမြို့တွင် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်က DISCOVERY HIGHTLIGHT အမည်ရ ခွေးချစ်သူများအဖွဲ့မှ လမ်းဘေးရှိခြေ ပြတ်၊ လက်ပြတ်နေသော ခွေးအ ကောင်ရေ ၂ဝ ခန့်ဖြင့် စတင်ကျွေး မွေးပြုစု၍ ဂေဟာတစ်ခု ဖွင့်လှစ်ခဲ့ကာ ယခုတွင် ခွေးအကောင်ရေ ၄ဝဝ နီးပါး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats