အောင်ပန်းတွင် နေအိမ်မီးလောင်ကာ အိမ်ရှင်ဖြစ်သူ သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, January 27, 2019

အောင်ပန်းတွင် နေအိမ်မီးလောင်ကာ အိမ်ရှင်ဖြစ်သူ သေဆုံး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ တောင်ပို့လှကျေးရွာတွင် ဇန်န၀ါရီလ ၂၇ ရက်၊ ယနေ့ နံနက်ပိုင်းက နေအိမ်တစ်လုံးမီးလောင်ကာ အိမ်ရှင်ဖြစ်သူ မီးလောင်သေဆုံးကြောင်း အောင်ပန်းမြို့၊ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
.
.
“မီးဖိုက မီးကြွင်းမီးကျန်ကနေ အိမ်ဘေးထရံကိုကူးစက်လောင်ကျွမ်းတာပါ၊ အိမ်ရှင်က မူးပြီး မထနိုင်လို့ သေဆုံးရတယ်လို့ ယူဆပါတယ်။ တစ်အိမ်နဲ့တစ်အိမ် ကိုက် ၃၀ လောက်ဝေးတော့ အခြားအိမ်တွေတော့ မီးကူး စက်လောင်ကျွမ်းခြင်းမရှိပါဘူး” ဟု အောင်ပန်းမြို့၊ မီးသတ်ဦးစီးဌာနမှူး ဦးအောင်ပြည့်စုံက ကမ္ဘောဇတိုင်းသို့ ပြောကြား သည်။
.
အောင်ပန်းမြို့၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာရှိ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှ (အရှေ့)ကျေးရွာတွင်  ဇန်န၀ါရီလ ၂၇ ရက်၊ နံနက် ၅ နာရီခန့်က မီးကြွင်းမီးကျန်မှ နေအိမ်အား ကူးစက်လောင်ကျွမ်းသဖြင့် အိမ်ရှင်ဖြစ်သူ ဦးမောင်ကင်း (၃၀နှစ်) မှာ မီးလောင်သေဆုံးခဲ့ကြောင်းနှင့် ၎င်းမှာတောင်သူလုပ်ငန်း လုပ်ကိုင်ကာ တစ်ဦးတည်းနေထိုင်၍ အရက်သေစာ အလွန်အကျွံ သောက်စားမူးယစ်နေသူတစ်ဦးဖြစ်သဖြင့် မီးလောင်ချိန်တွင် အရက်မူးလွန်နေကာ မတိမ်းရှောင်နိုင်သဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသခံများထံမှ သိရသည်။
.
မီးလောင်မှုကို အောင်ပန်းမီးသတ်တပ်ဖွဲ့နှင့် ရွာသူ/ရွာသား ၅၀ ဦးခန့်မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီခွဲတွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး သေဆုံးသူအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာနေအိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၃၇၅၀၀၀ ကျပ်ရှိကာ မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးလောင်သေဆုံးသူ ဦးမောင်ကင်းအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၃/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube