ရပ်စောက်မြို့နယ် အား/ကာရုံးနှင့်တွဲလျက် ဝန်ထမ်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, January 31, 2019

ရပ်စောက်မြို့နယ် အား/ကာရုံးနှင့်တွဲလျက် ဝန်ထမ်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွား


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက် နယ်မြေ (၃)၊ သံလွင်လမ်း ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးခန်းနှင့် တွဲလျက် နေထိုင်သည့် ဝန်ထမ်းအနေအိမ်တွင် ဇန်နဝါရီလ ၃၁ ရက်၊ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အနေအိမ်မှာ ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မေသဇင်ဦး နေထိုင်သည့် နေအိမ်ဖြစ်ပြီး မီးပလပ်ခုံနှင့် တွဲလျက် တပ်ဆင်ထားသည့် မီးဖြတ်စက်မှ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ရပ်စောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဦးစီးအဖွဲ့၊ မြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းစိုးနှင့် ဦးစီးအဖွဲ့၊ ဇော်ဂျီရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့မှ မီးသတ်ယာဉ် ၂  စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
.
အဆိုပါ လောင်ကျွမ်းမှုကြောင့် အကျယ် ၂၀ ပေ ပတ်လည် အုတ်ကာ/သွပ်မိုး၊ နံရံတစ်ထပ်တိုက် ပျက်စီး ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးအား ပေါ့ဆ စွာသုံးစွဲသူ ဇော်ဂျီရပ်ကွက်၊ နယ်မြေ(၃)၊ ရပ်စောက်မြို့နေ မမေသဇင်ဦးကို မြို့မရဲစခန်းမှ (ပ)၁၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube