စည်ကားနေသော ရွှေအင်းတိန်သို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စည်ကားနေသော ရွှေအင်းတိန်သို့



သန်းဝေ (တောင်ကြီး)
.
.
မရောက်တာ နှစ်နှင့်ချီ၍ ကြာပြီဖြစ်သော အင်းလေးဒေသ ရွှေအင်းတိန် ရွာကြီးသို့ ပြီးခဲ့ သော လဆန်းပိုင်းက ရောက်ဖြစ်ခဲ့သည်။
.
ကွယ်လွန်သွားခဲ့ပြီးသော သားတပည့်တစ် ဦး ပြုပြင်ရန် အဓိဌာန်ထားသော ရွှေအင်းတိန် မြို့မကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီ တစ်ဆူကို ကျန်ရစ်သော သူ၏ မိသားစုက ရှေး မူမပျက် ပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ရပ်မိရပ်ဖ ဆွေမျိုး မိသင်္ဂဟများကို ဖိတ်ကြား၍ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ ရေစက်ချ တရားတော် အတူတကွ နာယူခြင်းအမှုကို အတူသွားရောက် ကုသိုလ်ပြုဖြစ်ခဲ့ရာမှ အခမ်းအနားအပြီး အားလပ်သော နေ့ လယ်ပိုင်းအချိန်တွင် ရွှေအင်းတိန် ဘုရားကုန်း သို့ ကားဖြင့် သွားရောက်ဖူးမြော်ဖြစ်ခဲ့ပေသည်။
.
လွန်ခဲ့သော နှစ်ပေါင်း (၄ဝ)ကျော်က ရွှေ အင်းတိန်ရွာသည် မစည်ကား၊ မဖွံ့ဖြိုးသေးပေ။ အင်းလေးဖောင်တော်ဦး ဘုရားရုပ်ပွားတော်များ ဒေသစာရီ ကြGချိန် သီတင်းကျွတ်လဆန်း (၇) ရက်နေ့တွင် နမ်းဟူးစံကျောင်းတော်မှ စထွက်၍ ထိုညတွင် ရွှေအင်းတိန်သို့ ညပိုင်းတွင်ကျိန်း ဝပ်အပူဇော်ခံပွဲ ကျင်းပချိန်သာ ဘုရားဖူးများဖြင့် စည်ကားသည်။ သီတင်းကျွတ်လပြည့်ကျော် (၇) (၈) ရက်များတွင် ဆွမ်းဆန်စိမ်းနှင့် ဆွမ်း လောင်းပွဲများ နှစ်စဉ်စုပေါင်း ကျင်းပချိန်တွင် လည်း စည်ကားသည်။ ကျန်သောရက်များတွင် ခြောက်ကပ်ပျင်းရိဖွယ် ဖြစ်သည်။
.
တစ်ချိန်က ရွှေအင်းတိန်မှ စနေထောင့်ရှိ ဥဒေါင်းတောင်ပေါ်တွင် သီလသမာဓိဖြင့် ပြည့် စုံသော ဥဒေါင်းတောင် ဆရာတော်ဘုရားကြီး ၏မေတ္တာတော်ကို ခံယူရင်း၊ ကွယ်လွန်သူ စာ ရေးဆရာ ဒါရိုက်တာ ဦးမြင့်မောင်နှင့်အတူ ဆရာတော်ကြီး၏ သမိုင်းမှတ်တမ်း စာအုပ်အတွက် ဓာတ်ပုံမှတ်တမ်းများ ပြုစုပေးဖူးသည်။
.
ထိုစဉ်က ရွှေအင်းတိမ် ရွာမှ ဥဒေါင်းတောင် ပေါ်အထိ (၄) မိုင်ကျော်ကျော် ခြေလျင်ခရီး ဆင်းလိုက်၊ တက်လိုက်၊ ပျော်ပျော်ပါးပါး၊ ခရီး သွားခဲ့ဖူးပါသည်။
.
ယခုအခါ ဥဒေါင်းတောင် ဆရာတော်ကြီး လည်း မရှိတော့ပြီ။ ကျွန်တော်လည်း အသက် (၇၅) သို့ ရောက်ခဲ့ပြီ။ ခြေလျင်ခရီးနှင်ဖို့ ဝေးစွ ယခုကား လမ်းများဖေါက်လုပ်ပြီးချိန် ကားနှင့် တောင်ပေါ်အရောက် ခရီးသွားရတာတောင် အအေးပတ်မှာကြောက်နေရသည်။
.
တောင်ကြီးမြို့မှ တောင်လေးလုံး ရွာလမ်း ခွဲသို့ (၁၅) မိုင်ခန့်၊ တောင်လေးလုံး လမ်းခွဲမှ ရွှေအင်းတိမ်ရွာကြီးသို့ (၂၂) မိုင်ခန့် အင်းလေး ကန်အနောက်ဘက် ကန်ပတ်လမ်း ကတ္တရာခင်း လမ်းဖြင့် ယခုအခါ ခရီးသွားနိုင်ပြီ၊ ကားကြီး၊ ကားလတ်၊ ကားငယ်၊ ဆိုင်ကယ် အဆင်ပြေသ လို ခရီးသွားနိုင်သည်။
.
ညောင်ရွှေမြို့မှ စက်တပ်လှေများဖြင့်လည်း သွားနိုင်သည်။ တောင်လေးလုံး လမ်းခွဲတွင် လည်း အင်းလေးသို့ စက်လှေဖြင့်လည်ပတ်နိုင်ရန်၊ လွယ်ငြိမ့်စောင်တိုင် ကျေးရွာများမှ အငှား စက်လှေပိုင်ရှင်များကလည်း ခရီးသည်များကို ထွက်ကြိုနေကြသည်။ ကားလမ်းပေါ်မှာ လွယ် ငြိမ့်၊ တောင်ပို့ကြီး၊ ရေပူစခန်း၊ ခေါင်တိုင်ရွာ ခေါင်တိုင်လူရည်ချွန် စခန်း (ယခု ဟူပင်ဟို တယ်) လင်းကင်းရွာ၊ ကန်ရွာတောင်ခြေ ရေ ထွက်၊ သန်းတောင်၊ ရွှေအင်းတိန် လှပသော စိုက်ခင်းများ၊ ဖွံ့ဖြိုးတိုးတက်သော တိုက်တာ အိမ်ခြေများ၊ ပန်းမန်စိုက်ပျိုးခင်းများ၊ ဟင်းသီး ဟင်းရွက်စိုက်ခင်းများ၊ ဟိုတယ်ကြီးများ၊ စတိုး ဆိုင်၊ စားသောက်ဆိုင်များဖြင့် ဖွံ့ဖြိုးစည်ကား နေပြီ။ ယခင်က လူရည်ချွန် စီမံကိန်း၊ စံပြလုပ် သား စီမံကိန်း၊ အပန်းဖြေစခန်းအဖြစ် ခေါင် တိုင် စခန်းကို ဖွင့်ခဲ့ရာ စာရေးသူ သတင်းတာဝန်များ ယူခဲ့ဖူးသည်။
.
နိုင်ငံခြားသား ခရီးသွားများကလည်း နေ့ စဉ်စက်လှေများ၊ ကားများဖြင့် အရောက်လာ လေ့လာကြသည်။ ရွှေအင်းတိန် ဘုရား၏ ရှေး ဟောင်းလက်ရာ စေတီစုကို ဖူးကြသည်။ ရွှေ အင်းတိန်ဘုရားကြီးကား သာသနာနှစ် သက္က ရာဇ် (၂ဝဝ)ကျော်ခန့်က သီရိဓမ္မာသောကမင်း ကြီး၊ စတင်တည်ထားခဲ့ပြီး၊ အနော်ရထာ၊ အ လောင်းစည်သူ၊ နရပတိစည်သူ၊ မိုးညှင်းမင်း တရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်၊ ဆင်ဖြူ ရှင် စသည့်မင်းများ၏ အဆက်ဆက်ကောင်းမှု စေတီပေါင်း (၁ဝ၅၄) ဆူ ရှိခဲ့ကြောင်း သမိုင်း ဆရာတို့ မှတ်တမ်းပြုထားကြသည်။ အဟောင်း တွေပြုပြင်၊ အသစ်တွေ ကုသိုလ်ပြုကြဖြင့် အနုလက်ရာတွေ မတွေ့ရတော့၊ စက်လှေဆိပ်အ နီးရှိ ဘုရားစောင်းတန်း မုခ်ဦးမှ ဘုရားရုပ်ပွား တော်ရှိရာ ဘုန်းတော်အထိ စောင်းတန်းရှည် ကြီး လှေကားထစ်များဖြင့် တက်သွားလျှင် (၃ ဒသမ ၃) ဖာလုံ ဝေးသည်။ စောင်းတန်းတွင် အင်္ဂတေတိုင်လုံးပေါင်း (၄ဝ၃) လုံး ရှိပြီး အ မိုးမိုးထားသည့်အတွက် နေဒဏ်မိုးဒဏ် ကာ ကွယ်ကာ တက်လို့ရသည်။ အာရုဏ်ခံ တန် စောင်းရောက်လျှင် တောင်ပေါ်လေနုအေးတိုက် ခတ်မှုကို ရှုရှိုက်ရင်း လိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ် ပွားတော်ကို ကြည်ညိုစွာ ဖူးလိုက်ရသည်။ အ ရန်စေတီတော်များမှာ ရှမ်းယဉ်ကျေးမှုထီးတော် များ၊ ဖောင်းရစ်များများ၊ လည်သိမ် စေတီ များသည်။ တစ်ဝဂူစေတီ၊ အုတ်ကျောင်းပြဿဒ် စေတီများလည်း ရှိသည်။ ရုပ်စုံစေတီများ မ တွေ့ရတော့ပေ။ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်ပင် မျက်စေတီတော်မုခ်ဦးဟောင်း များလည်း ယနေ့တိုင် ရှိသေးသည်။
.
ယခင်က ဥဒေါင်းတောင်အတက်လမ်း၊လွမ်း စေတီကုန်းမှ ကြည့်လျှင် ရွှေအင်းတိန်စေတီစုကို တစ်စုတစ်ဝေးတည်း ဖူးတွေ့နိုင်သော ရှုခင်းမှာ ယခုအခါ အရိပ်ရသစ်ပင်များ စိုက်ပျိုးထားပြီး ၍ အပင်များက လွမ်းမိုးကာရံထားလိုက် သော ကြောင့် ရှေးမြင်ကွင်း ပျောက်သွားပြီ။ အရှေ့ ဘက် အင်းရေပြင်ကြီးနှင့် ဟဲယာရွာမှ သာလေး၊ ဖောင်တော်ဦး၊ နန်းပန်ရွာသူကြီးများကို အရှေ့ ဘက်တောင်တန်းကြီးများ နောက်ခံဖြင့် ရှုမြင် ရမည်ဖြစ်၏။
.
အင်းတိန်သည် ရှေးက စော်ဘွားများက မြို့ကဲ့သို့ ထူထောင်ခဲ့ကြသည်။ ညောင်ရွှေစော် ဘွားကြီး၊ ဆာစောမောင်က အင်းတိန်ဆည်ကြီး ကို တည်ဆောက်ပေးထားသည်။ အင်းလေးသို့ အနောက်ဘက်ကမ်းမှ ချောင်းများမှ ရေဝင် ရောက် စီးဆင်းရာတွင် ပင်လောင်းမြို့နယ်မှ ချောင်းရေများသည် အင်းတိမ်ချောင်းထဲသို့ စီး ဝင်သည်။
.
အင်းတိမ်ချောင်းအတွင်း လှေဆိပ်တွင် ကမ္ဘာလှည့် ခရီးသွားစက်လှေများ ဧည့်လမ်း ညွှန်များနှင့်အတူ နေ့စဉ် တစ်ဖွဲဖွဲ ရောက်ရှိနေ ကြသည်။ စက်လှေဖြင့် ရွာမ၊ ဖောင်တော်ဦး အသွားအပြန် အဝင်အထွက် ပြေးဆွဲနေကြ သည်။ အင်းတိမ်မှ ဟဲယာရွာမရွှေဘုံသာကျောင်း အထိ ကားလမ်းသစ် ယခုနှစ်အတွင်း ဖောက် ပြီးသွားသည်။ သို့အတွက် ရွာမမှ အထည်သည် လက်မှုပညာ ရောင်းကုန်များ၊ လွယ်အိတ်နှင့် ပိုးထည်ဆိုင်များ၊ ရွှေအင်းတိန်စောင်းတန်းမှာ နေ့စဉ်ဖွင့်လှစ် ရောင်းချနေကြပြီ။ အင်းလေး၊ လက်ဆောင်ရိုးရာ လက်မှုပစ္စည်းများ၊ စား သောက်ကုန်များလည်း ပတ်ဝန်းကျင်ရွာပေါင်းစုံ က အင်းတိန်ဘုရားဈေး ဈေးနေ့တို့တွင် စည် ကားစွာ ရောင်းချနေကြပြီ။
.
ယခင်က တိုဖူးကြော်၊ ကောက်ညှင်းကျည် တောက် ဆိုင်လေးများသာ တွေ့ရသော ရွှေ အင်းတိန်သည် ခေတ်မီစားသောက်ဆိုင်၊ လက် ဖက်ရည် ကော်ဖီဆိုင်တို့ဖြင့် စည်ကားနေလေ ပြီ။ ငါးရက်တစ်ဈေးခင်းသည်။ ရွှေအင်းတိန်မှ တောင်ဘက်သို့ ဆက်သွားသော် မှော်ဘီတံတား ထိ သွားလို့ရသည်။ ပင်လောင်းမြို့နယ် နောင် တရားမြို့နယ်များသို့ သွားလို့ရသော ကျေးလက် ကျောက်ချောလမ်းများဖောက်ထားသည်။ ရှမ်း၊ ဓနု၊ အင်းသား၊ ပအိုဝ်း၊ တောင်ရိုး၊ ဗမာ၊ တိုင်း ရင်းသားပေါင်းစုံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက် မှု၊ လက်မှု၊ အိမ်တွင်းမှု လုပ်ငန်းတွေ ကိုယ်စီ ဖြင့် စီးပွားရေး ဖြစ်ထွန်းနေကြပေသည်။
.
ရွှေအင်းတိန်စေတီစုများမှာတော့ ရွှေရောင် ဝင်းပသော စေတီများ၊ သဘာဝမြေနီရောင် စေတီများ၊ ရှေးဟောင်း လက်ကျန်ပန်းတမော့ လက်ရာ အရုပ်များ၊ မပျက်မစီးဆက်လက်ထိန်း သိမ်းရင်း၊ ဂေါပက အဖွဲ့၏ စေတနာဖြင့် ဧည့် ခံသော လက်ဖက်၊ အကြော်စုံ၊ ရေနွေးကြမ်း၊ ကို အားပေးသောက်သုံးရင်း အလှူဒါနပြုကြသူ ငါ သာဓု သံမြိုင်မြိုင်ခေါ်ရင်း ရွှေအင်းတိန်မှတ် တမ်းကို တင်ပြလိုက်ရပါကြောင်း။
.

Journal Download

Photo of three cats