၂ဝ၁၈ ခုနှစ်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးများ အောင်မြင်မှု ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂ဝ၁၈ ခုနှစ်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးများ အောင်မြင်မှု ရရှိ



အောင်မင်း
.
တရုတ်-မြန်မာ နှစ်နိုင်ငံနယ် စပ်ဖြတ်ကျော် မာရသွန်ပွဲတော်ကို ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျယ် ဂေါင်ယဉ်ကျေးမှုရင်ပြင်တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အားကစားသမားများ အောင်မြင်မှု များ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
.

.
''မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေအနက် တာဝေးမာရသွန် ကျား ၃၂ ဦး၊ မ ၁၅ ဦး၊ တာလတ်မာရသွန်အတွက် ကျား ၃၂ ဦး၊ မ ၇ ဦး၊ တာတိုမာရသွန်မှာ ကျား ၃၃၂ ဦး၊ မ ၁၅၈ ဦး၊ စုစုပေါင်း ကျား ၃၉၆ ဦး၊ မ ၂ဝဝ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီး အား ကစားသမားတွေ ဆုတွေရရှိပြီးတော့ အောင်ပွဲ ဆင်နိုင်ခဲ့ပါတယ်။ မြန်မာ အမျိုးသမီးတွေထဲက မဇင်မာချိုက တာဝေးမာရသွန်မှာ စံချိန် ၃ နာရီ ၂၂ စက္ကန့်နဲ့ တတိယဆုရခဲ့ပြီး မမြင့် မြင့်အေးကလည်း ၃ နာရီ ၄၅ မိနစ် ၂ စက္ကန့်နဲ့ အမှတ်စဉ် ၈ နေရာ ကိုရရှိခဲ့ပါတယ်''ဟု မူဆယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မျိုးပပကျော်က ပြောသည်။
.
ပြိုင်ပွဲကို ကျယ်ဂေါင်ယဉ်ကျေးမှုရင်ပြင်မှ စတင်တာလွှတ်ခဲ့ပြီး မြန်မာနိုင်ငံဘက်ရှိ ရွှေနန်းတော် ဝင်ထွက် ပေါက်မှတဆင့် မြန်မာနိုင်ငံအတွင်း သို့ ဝင်ရောက်ကာ မင်္ဂလာမူဆယ်လမ်း အတိုင်း ဆင်ဖြူပေါက်မှ တရုတ်နိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ရွှေလီမြို့ရှိ နမ့်မော်ဟူပန်းခြံရှိ တိုင်း ရင်းသားရင်ပြင်တွင် ပြန်လည်ပန်းဝင် ခဲ့ကြောင်း သိရသည်။
.
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် တာဝေး ၄၂ ဒသမ ၁၉၅ ကီလိုမီတာ၊ တာ လတ် ၂၁ ဒသမ ဝ၉၇၅ ကီလိုမီ တာ၊ အပျော်တမ်း ၇ ဒသမ ၅ ကီလိုမီ တာနှင့် မိသားစုမာရသွန် ၁ ဒသမ ၅ ကီလိုမီတာ ဟူ၍ ပြိုင်ပွဲအမျိုးအ စား ၄ မျိုး ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနှင့် တရုတ်နိုင်ငံအပြင် တတိယနိုင်ငံသား များ အပါအဝင် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း ၈၁၈၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် မြန်မာနိုင်ငံဘက်မှ ပြိုင်ပွဲဝင် အမျိုးသမီးအားကစားသ မားများဖြစ်သော မဖြူဝါသက်၊ မ ယဉ်ငြိမ်းအေးနှင့် မအေးသီတာစန်း တို့ ၃ ဦးမှာ ပေါက်ဖော်ဆုများ ရရှိ ခဲ့ပြီး ပြိုင်ပွဲဝင်မြန်မာအမျိုးသား အား ကစားသမားများအနက်မှ မောင်ဇင်မင်းထက်၊ မောင်စိုးပိုင်၊ မောင်မြတ်ကိုကိုနှင့် မောင်စန်းနိုင်ရှိုင်း အောင်တို့လည်း ဆုများရရှိခဲ့ကြောင်း သိရသည်။
.
ဒီဇင်ဘာလ ၃၁ ရက်၊ မွန်းလွဲ ပိုင်းတွင် ပထမဆုံးပန်းဝင်သူ ၂ဝ ဦးနှင့် ဆုရရှိသူများကို တရုတ်နိုင်ငံ၊ ရွှေလီ မြစ်ကမ်းဘေးရှိ တိုင်းရင်းသား ယဉ်ကျေးမှုရင်ပြင်တွင် ဆုများပေး အပ်ချီးမြှင့်ခဲ့ရာ ပေါက်ဖော်ဆုရ မြန်မာအမျိုးသမီး မာရသွန်ပြိုင်ပွဲ ဝင် အားကစားသမား ၃ ဦးကို မြန် မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန် ဦးစိုးပိုင် တက်ရောက်ကာ ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ကျင်းပသည့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော် မာရသွန်ပွဲတော်ကို တရုတ် နိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြန်မာ နိုင်ငံ ကျန်းမာရေးဦးစီးဌာနတို့ ပူး ပေါင်းကျင်းပခြင်း ဖြစ်ပြီး ယူနန် ပြည်နယ် အားကစားဌာန၊ မြန်မာ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ ထယ်ဟုန်ပြည် နယ်ခွဲအစိုးရနှင့် မူဆယ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats