မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ သံဃာတော်အပါး ၅ဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ သံဃာတော်အပါး ၅ဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူ



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက သံဃာတော်အပါး ၅ဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ဆွမ်းဆန်စိမ်း လောင်းလှူရာတွင် ဇန်နဝါရီနှစ်ဆန်း ၁ ရက်နေ့ နံနက် ၅ နာရီ၌ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဓမ္မာရုံ၌ ကမ္မဋ္ဌာန်းကျောင်းတိုက်မှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိဿ ဦးဆောင်ပြီး မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော် အပါး ၃ဝဝ အား ပင့်ဖိတ်၍ မြန်မာ-ထိုင်းနှစ်သစ်ကူးအကြိုဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
.
ထို့နောက် မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားတံတား အလယ် မြန်မာ-ထိုင်းနယ်စပ်တွင် ၂ဝ၁၉ ခုနှစ် မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေး နှစ်သစ်ကူး အကြိုဆွမ်းဆန်စိမ်းလောင်းလှူခဲ့ရာ ကမ္မဋ္ဌာန်းကျောင်းတိုက်မှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိဿနှင့် တာချီလိတ် မြို့ပေါ်ရပ်ကွက် ဘုန်းကြီးကျောင်းများမှ ပင့်သံဃာအပါး ၃ဝဝ၊ သီလရှင်အပါး ၃ဝ နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ လွယ်ဝေါင်းတောင်ပေါ်ကျောင်းတိုက်၊ (ဦးအောင်ဇေယျဘုရားကုန်း)မှ ကျောင်းထိုင်ဆရာတော် ဦးသုပထပ်ပါ၊ မယ်ဆိုင်မြို့ပေါ် ဘုန်းကြီးကျောင်းများမှ ပင့်သံဃာ ၂ဝဝ ပါး၊ စုစုပေါင်း သံဃာ အပါး ၅ဝဝ နှင့် သီလရှင် အပါး ၃ဝ တို့ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။
.
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တာချီလိတ်မြို့၊ စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats