ရွှေလီတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာများ ပထမအကြိမ်အဖြစ် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေလီတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာများ ပထမအကြိမ်အဖြစ် တွေ့ဆုံ



အောင်မင်း
.
ပထမအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာများ တွေ့ဆုံမိတ်ဆက် ပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၃၁ ရက်၊ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့ ရှိ ခိုင်ထုန်းဟိုတယ်တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
.
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်စိုးထန်းထူး ဦးဆောင်သော သတင်းမီဒီယာသမား ၁၇ ဦး တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံဘက်မှ ထက်ဟုန်ထိုင်း ပြန်ကြားရေးဌာနမှူး မစ္စတာ ဟုန်စိန်း ဦးဆောင်သော သတင်းမီဒီယာသမားများ ၂ဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပြန်ကြားရေးဌာန အကြီးအကဲများမှ အမှာစကားများ အသီးသီးပြောကြား ခဲ့ပြီး တက်ရောက်လာသည့် မီဒီယာသမားများ တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်ကာ တရုတ်-မြန်မာနှစ်နိုင်ငံ မီဒီယာလုပ်ငန်းများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာတွေ့ဆုံပွဲများကို နှစ်စဉ် ကျင်းပနိုင်ရန် စီစဉ်ထားပြီး ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီမြို့တွင် နှစ်ဘက် ညှိနှိုင်းဆွေးနွေးချက်များ ၏ အောင်မြင်မှုရလဒ်အဖြစ် မီဒီယာ တွေ့ဆုံပွဲကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သည့် မြန်မာနိုင်ငံဘက်မှ သတင်းမီဒီယာသမားတစ်ဦးက ပြောသည်။
.
တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် နှစ်နိုင်ငံအပြန်အလှန် အကျိုး ပြုနိုင်ကြမည်ဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုခိုင်မာလာစေမည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats