၂ တန်း ကျောင်းသူကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်သူအား ရပ်စောက်တွင် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, January 26, 2019

၂ တန်း ကျောင်းသူကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်သူအား ရပ်စောက်တွင် ဖမ်းမိ


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ဒုတိယတန်း ကျောင်းသူ တစ်ဦးကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့သူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ သီဟနိုင်(ခ) အငယ်လေးအား ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ ရပ်တော်မူ ဘုရားဝန်းအနီး၌ ဇန်န၀ါရီလ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
(ဓါတ်ပုံ - ရဲတပ်ဖွဲ့)

အဆိုပါ အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသူကို သီဟနိုင်(ခ)အငယ်လေးမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေသဖြင့် မန္တလေးတိုင်းဒေသကြီး၊ စက်မှုနယ်မြေရဲစခန်းတွင် လူပျောက်မှုဖြင့် အမှုဖွင့်တိုင်ကြားပြီးနောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် မိန်းကလေးငယ်အား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ရတနာပုံတက္ကသိုလ်ဝင်းအတွင်း၌ ဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကာ သီဟနိုင်(ခ) အငယ်လေးမှ သားမယားအဖြစ် ပြုကျင့်ကြောင်း မိန်းကလေးငယ်က ပြောဆိုခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် (ပ)၁၈၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၃၂၅ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
.
ပြစ်မှု ကျူးလွန်သူ သီဟနိုင်(ခ) အငယ်လေးအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ အမှုစစ် အဖွဲ့များ ဖွဲ့စည်း၍ စုံစမ်းခဲ့ရာ ရပ်စောက်မြို့ဝန်းကျင်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက် ဖမ်းဆီးရာ ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ ရပ်တော်မူ ဘုရားဝန်းအနီး၌ ဇန်န၀ါရီလ ၂၄ ရက်၊ ည ၈ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

No comments:

Post a Comment

Recent Tube