ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ၊ ပေါင်းသတ်ဆေးများ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပါက အရေးယူခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, January 2, 2019

ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ၊ ပေါင်းသတ်ဆေးများ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပါက အရေးယူခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုး



မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ၊ ဓါတ်မြေသြဇာများ၊ ပေါင်းသတ်ဆေးများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက အရေးယူခံရမည်ဖြစ်သည်ကို သိရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား ဒီဇင်ဘာလ ၂၇ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် အသိပေးလက်မှတ် ရေးထိုးစေခဲ့သည်ဟု သိရသည်။
.
.
''အခုက စပြီး စစ်ဆေးတွေ့ရှိ တာနဲ့ အရေးယူမှာဖြစ်ပါတယ်။ အရင်က ဖြေလျှော့မှု ရက်ပေါင်း ၆ဝ ပြည့်ခဲ့ပြီးပါပြီ။ တစ်နိုင်ငံလုံးဆောင် ရွက်ဖို့လည်းလုပ်ဆောင်နေပါပြီ။သက်ဆိုင်ရာ တောင်သူတွေအနေနဲ့လည်း သတ်မှတ်ချက်၊ ခွင့်ပြုချက်မရှိ တဲ့ ပစ္စည်းတွေအသုံးပြုရင် မြေအ ဆိပ်သင့်မှုသာမက ဓါတုဓာတ်ကြွင်း များပြားမှု စတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရရှိမှာဖြစ်ပြီး စားသုံးသူကိုပါ အန္တရာယ်ကြီးမားစွာရရှိစေတာ ဖြစ်လို့ မသုံးစွဲကြဖို့ လိုပါတယ်။ ရေ၊ လေ၊ မြေတွေကိုပါ ထိခိုက်စေတာဖြစ်လို့ ခွင့်ပြုသတ်မှတ်ချက်နဲ့ မညီတဲ့ စိုက် ပျိုးရေးသုံးပစ္စည်းတွေ မသုံးစွဲကြဖို့ ပြောကြားလိုပါတယ်''ဟု ရှမ်းပြည် နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ တောင်ကြီး၊ ရွှေညောင်၊ ကလော၊ ပင်းတယ၊ ဟိုပုံး၊ ရပ်စောက် မြိုများမှ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအ ရောင်းဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၂ ဦးအား တွေ့ဆုံကာ နောင်တွင် သက်ဆိုင်ရာဥပဒေ၊ ညွှန်ကြားချက် များအတိုင်း တင်သွင်း၊ ဖြန့်ဖြူးရောင်း ချနိုင်ရေးနှင့် တရားဝင်သတ်မှတ်ချက် များနှင့် ကိုက်ညီမှု မရှိသော ပစ္စည်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင် ရာဥပဒေတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုအရေးယူဆောင်ရွက် သွားမည်ဖြစ်သည်ကို သိရှိကြောင်း လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်ဟု ဦးမင်းအောင်က ပြောသည်။
.
လက်ရှိတွင် ပိုးသတ်ဆေးများကို ၁ဝဝ ရာခိုင်နှုန်းသိမ်းဆည်းနေပြီး မြေသြဇာများကိုမူ တရားဝင်တင်သွင်း ထားသော်လည်း မြန်မာစာ အရေး အသားမှန်ကန်မှု၊ တရားဝင်ရောင်းချ ခွင့် မှတ်ပုံတင်ရှိမှုလိုအပ်ချက်များ အပြင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ရက်စွဲ၊ူသအ နံပါတ်မပါရှိမှုများ အတွက် လိုအပ်ချက်များကို ပြန် လည်ပြုလုပ်နိုင်ရန် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီးနောင်တွင် ထပ်မံ တွေ့ရှိပါက စားသုံးသူရေးရာ ဥပဒေ အရ တရားစွဲဆိုသွားမည်ဖြစ်ကာ ပြစ်ဒဏ်အရ ဒဏ်ငွေကျပ် သိန်း ၅ဝ၊ ထောင်ဒဏ် ၃ နှစ်၊ ပြစ်ဒဏ်နှစ်ရပ် ပေါင်းပါ ကျခံစေနိုင်မည်ဖြစ်ပြီး တွေ့ ရှိသည့်ဆိုင်ရှင်များသာမက တာဝန်ရှိ ထုတ်လုပ်တင်သွင်းသူများကိုပါ အ ရေးယူမည်ဖြစ်ကြောင်း သိရသည်။
.
မြေသြဇာ အရည်အသွေး၊ မြန်မာစာနှင့်ရေးသားဖော်ပြထားချက်မှန်ကန်မှုမရှိသည်များကို ဈေးကွက်မှ ရုပ်သိမ်းခိုင်းမည်ဖြစ်ကာ သတ်မှတ် ထားချက်များပြည့်စုံမှသာ ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချခွင့်ရမည်ဖြစ်ကြောင်း၊ စစ်ဆေးရာတွင်သတ်မှတ်ချက်နှင့် မညီသည့် ပစ္စည်းများအား သိမ်းဆည်းကာ စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် တရားဝင်မှတ်ပုံတင်နှင့် တင်သွင်းခွင့် ရရှိထားသော်လည်း သတ်မှတ် ချက်များနှင့် မပြည့်စုံသည့် မြေသြ ဇာများကို သတ်မှတ်ချက်များ ပြည့် စုံမှန်ကန်စေရေးအတွက် သိမ်းဆည်း ခံရသူများ မနစ်နာစေရန် ပြန်လည် ပြင်ဆင်စေနိုင်ရေး စာရင်းခွဲ ဆောင် ရွက်လျက်ရှိကြောင်း ဦးမင်းအောင်မှ ဆက်လက် ပြောကြားခဲ့သည်။
.
လက်ရှိတွင် ဈေးကွက်မှ ရုပ်သိမ်း၊ သိမ်းဆည်းထားသည့် စိုက်ပျိုးရေးသုံးပစ္စည်းများမှာ သက်တမ်းလွန် မျိုးစေ့ ၃၈ ထုပ်၊ ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေးမျိုးစုံ ၇၅ဝ၂ ဘူးနှင့် ဓါတ် မြေသြဇာအိတ် စုစုပေါင်း ၄၉ဝဝ ကျော် ရှိနေကြောင်း သိရှိရသည်။
.

Recent Tube