တာချီလိတ်၌ တန်ဖိုး ငွေကျပ် ၄၄ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးအမှုန့်နှင့် ဘိန်းညိုဘလောက်တုံးများအား ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ တန်ဖိုး ငွေကျပ် ၄၄ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးအမှုန့်နှင့် ဘိန်းညိုဘလောက်တုံးများအား ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းပေါ်တွင် ဇန်နဝါရီလ ၁၃ ရက်၊ ညနေပိုင်းက တန်ဖိုး ငွေကျပ် ၄၄ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးအမှုန့်နှင့် ဘိန်းညိုဘလောက်တုံးများအား မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ တစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်၊ ညနေပိုင်းတွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းပေါ်တွင် စိုင်းဆာအေး မောင်းနှင်လာသည့် Honda Dream အမျိုးအစား နက်/ပြာရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာရာ ၄င်းစီးနင်းလာသော ဆိုင်ကယ် ရှေ့ခြင်းအတွင်းမှ အဝါရောင် ပလပ်စတစ်ဘူးခွံပြတ်အတွင်း အကြည်ရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် စိုထိုင်းကြေမွနေသည့် နီညိုရောင်စိတ်ကြွဆေးအကြေမှုန့် အလေး ချိန် ၂ဝဝ ဂရမ်ခန့် (ဒေသတန်ဖိုးကျပ် ၂ဝ သိန်းခန့်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် စိုင်းဆာအေး၏ ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)၊ အာခါဈေးလမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းညိုဘလောက်တုံးငယ် တစ်တုံး၊ အလေးချိန် ၁၂ဝ ဂရမ်ခန့်(ဒေသတန်ဖိုးကျပ် ၁၄ ဒသမ ၄ သိန့်ခန့်)အားလည်းကောင်း၊ စိုထိုင်းကြေမွနေသည့် နီညိုရောင်စိတ်ကြွဆေး အကြေမှုန့် အလေးချိန် ၅ဝ ဂရမ်ခန့်စီပါ ၂ ထုပ်၊ စုစုပေါင်းအလေးချိန် ၁ဝဝ ဂရမ်ခန့် (ဒေသတန်ဖိုးကျပ် ၁ဝ သိန်းခန့်)အားလည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဆာအေး(၅၅ နှစ်)၊ အာခါဈေးလမ်း၊ ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီ လိတ်မြို့မရဲစခန်းက မယ(ပ)၉/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats