မနုဿဗိသုကာ မိဘနှင့်ဆရာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မနုဿဗိသုကာ မိဘနှင့်ဆရာ



ကျော်လင်းထွန်း (ချောင်းဦး)
.
.
လူသားတို့သည် အသိဥာဏ်အဖွံ့ဖြိုးဆုံး သော သတ္တဝါဖြစ်သည့်အားလျော်စွာ မိမိတို့ စီမံခန့်ခွဲလိုသမျှ စီမံခန့်ခွဲကြရန် ကြိုးစားကြ သည်။ မိမိဖြည့်ဆည်းလိုသမျှ ဖြည့်ဆည်းကြရန် ကြိုးစားကြသည်။ မိမိတို့ ထိန်းချုပ်လိုသမျှ ထိန်းချုပ်ကြရန်လည်း ကြိုးစားကြသည်။ ထို့ ကြောင့်ပင် ခေတ်၏နည်းပညာ တိုးတက်ထွန်း ကားမှုနှင့်အညီ လူသားတို့သည် လောကအတွက် ဖြည့်ဆည်းတန်သမျှ ဖြည့်ဆည်းနိုင်ကြ ပြီး အရာအများစု ကိုလည်း စီမံခန့်ခွဲခြင်း ထိန်းချုပ်ခြင်း ပုံသွင်းခြင်း လုပ်ဆောင်နိုင်ကြပါ၏။ သို့သော်လည်း လူသားတို့အနေဖြင့် စီမံခန့်ခွဲ၍ ပုံသွင်းမရနိုင်သော၊ မရသေးသောအရာများ စွာရှိပါသည်။ အထူးသဖြင့် အသိဥာဏ်ရှိသော နှလုံးသားရှိသော ခံစားချက်ရှိသော အမြင်အမျိုးရှိသော ''မနုဿ''ခေါ် လူသားများကို စီမံပုံ သွင်း၍ ဘဝတည်ဆောက်ပေးရသော အလုပ်မှာ အခက်ခဲဆုံးဖြစ်သည်။
.
ဤခက်ခဲသော နူးညံ့သိမ်မွေ့၍နက်နဲသော လူသားဘဝ ပုံဖော်ခြင်း၊ ဘဝတည်ဆောက်ခြင်း လုပ်နေကြသော သူများမှာ အနန္တဂိုဏ်းဝင် မိဘနှစ်ပါးနှင့် ဆရာသမားတို့ပင်ဖြစ်ကြသည်။ မိခင်၊ ဖခင်၊ ဆရာသမားတို့၏ ကျေးဇူးဂုဏ် တရားများ ကြီးမားသည်နှင့်အမျှ တာဝန်ဝတ္တ ရားလည်း ကြီးမားလှပါသည်။ မိဘတို့၏ကျေးဇူးဂုဏ်၊ ဆရာတို့၏ ကျေးဇူးဂုဏ်မှာ အနန္တဂိုဏ်းဝင်ဖြစ်၍ ကြီးမားလှပါသည်။ ထို့ထက်အရေးကြီးသည်မှာ ကျေးဇူးဂုဏ်နှင့် လိုက်ဖက် သင့်လျော်သော တာဝန်ဝတ္တရားများလည်း ကျေပွန်သင့်လှပေသည်။
.
ရတနာ အရှာမှားနေခြင်း
.
ခေတ်ကာလ၏ စီးပွားရေးအခက်အခဲများကို ဆင်ခြေပေးအပြစ်ပုံချကာ ငွေနောက်လိုက်ရင်း သားရတနာ၊ သမီးရတနာတို့အတွက် အချိန်ပေးအားနည်းနေသော မိဘများမှာ ယနေ့ ခေတ်တွင် ဒုနှင့်ဒေး။ အသက်ရှိစဉ် အသက် ရှင်စဉ်တွင် စည်းစိမ်ဥစ္စာသာလျှင် ကြွယ်ဝချမ်းသာကြပြီး ဘဝတန်ဖိုးကင်းမဲ့သွားကြသည်။ ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သာ ရယူသွားကြ ပြီး အဓိပ္ပာယ်ကင်းမဲ့သော လောကကောင်းကျိုး မပြုခဲ့သောသူများသာ များကြသည်။ အတ္တနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ရှေ့တန်းတင်မှု ကြောင့် မိမိတို့၏ ရင်သွေး ရတနာ၊ မျိုးဆက် ရတနာ ကလေးများခမျာ အစတေးခံဘဝ ရောက်သွားရသည်ကို မမြင်ကြတော့ပေ။ ရတ နာအစစ်လူသားမျိုးဆက်တို့မှာ ရတနာအတု ရွှေငွေစည်းစိမ် ဂုဏ်ထူးလောက် တန်ဖိုးမရှိဖြစ်သွားသည်။ မိဘနှစ်ပါး၏ စည်းစိမ်ရာထူး မက်မောမှု ကြောင့် သားသမီးရတနာများ စတေး ခံကြရရှာသည်။ ဆရာသမား၏ရာထူးဂုဏ်ဒြပ် မက်မောမှုကြောင့် တပည့် ရတနာကလေးများ စတေးခံကြရရှာသည်။
.
အမုန်းခံ၊ အနစ်နာခံ၍ ဆုံးမခြင်း
.
ယနေ့ခေတ် ဆရာ ဆရာမ အများစုသည် အနစ်နာခံ၍ အလုပ်မလုပ်ကြတော့ပေ။ ''အခုခေတ် ကလေးတွေ ပြောဆိုဆုံးမနေလည်း လူပဲမောမည်။ ထူးလာမည်မဟုတ်''ဟူသော ဆင်ခြေဖြင့် အမုန်းခံ၍ ဆုံးမခြင်းမပြုကြတော့။ မိဘဖြစ်သူအများစုမှာလည်း ရွှေမန်းတင်မောင်၏ သီချင်းထဲကအတိုင်း ''ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း''ဟုပင် ဆိုရပေတော့မည်။ သားသမီးက ငြိုငြင်မှာကို ကြောက်နေကြသည်။ မိမိ၏ ဆင်ခြင်သုံးသပ်မှု၊ အနစ်နာခံမှု အားနည်းခြင်းကြောင့် သားသမီးကို ချစ်သလိုလိုနှင့် နှစ်မိနေကြသည်ကို သတိ မူရန်လိုပေသည်။ ဆရာသမားတို့အနေဖြင့်လည်း တပည့်တို့၏ ရှေ့ရေးအတွက်၊ အနာဂတ်အတွက် လတ်တလော မုန်းတီးခံကာ ဆုံးမသွန်သင်ရပေလိမ့်မည်။ ''အဘယ်ကြောင့် အနစ်နာ၊ အနွံတာ ခံရပါသလဲ''ဟု မေးခဲ့ကြလေ သော် မိမိတို့သည် ''မနုဿဗိသုကာ''များ ဖြစ် နေကြခြင်းကြောင့်ဟုသာ ဖြေရပေလိမ့်မည်။
.
လိုတိုးပိုလျှော့ ကြိုးရှည်ရှည်လှန်ခြင်း
.
မိဘဖြစ်သူ၊ ဆရာဖြစ်သူတို့ ထိန်းရခက် သော အရွယ်မှာ ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ ''အထိန်းမတတ် စိမ်းဆတ်ဆတ်''ဆို သော အရွယ်ဖြစ်သည်။ တင်းလွန်းလျှင်ပြတ် ပြီး လျော့လွန်းလျှင်ပတ်တော့သည်။ မိမိအလိုကျ ပုံးသွင်းပြန်လျှင် လူကြီးလူငယ်အမြင်မတူ၍ ''ပြဒါးတစ်လမ်း၊ သံတစ်လမ်း''ဆန့်ကျင်ဘက်အမြင်များနှင့် နှစ်ဦးနှစ်ဖက် စိတ်ဆင်းရဲ တတ်ပါသည်။ ''ငါ့သား၊ ငါ့သမီး၊ ငါ့တပည့် လေး စိတ်ချမ်းသာပါစေတော့''ဟူ၍ အလို လိုက်မိကြပြန်လျှင်လည်း မိမိတို့၏ ရတနာလေး များ သဲထဲရေသွန်ဖြစ်တော့မည်။ အလွန်အင်မ တန်ပင် သတိပြု ထိန်းသိမ်းကြရသော အရွယ် ဖြစ်သည်။ ''မလျော့မတင်း စောင်းကြိုးညင်း'' ရသောအရွယ်များဖြစ်၍ မိဘဆရာ ''မနုဿ ဗိသုကာ''များ အလေးထားပုံသွင်းတတ်ရန်လိုသည်။
.
ပိုးမွေးသလို မွေးကြရခြင်း
.
ချဉ်ငံစပ်ခါးရှောင်ရှားခြင်းကိုလည်း အားလုံးသိကြပါလိမ့်မည်။ မှတ်၊ ခြင်၊ ယင်မသန်းအောင် ပင်ပန်းကြီးစွာ မွေးလာရခြင်းကိုလည်း သိကြသူများကြပါသည်။ သို့သော် အင်မတန် အနုပညာဆန်၍ အင်မတန်နုနယ်သော အရေး ကိစ္စတို့ဖြစ်၍ စိတ်ရှည်သည်းခံခြင်းများစွာဖြင့် ပုံသွင်းရပုံကို မေ့နေတတ်ကြသည်။ မိဘတို့၏၊ ဆရာတို့၏ ပုံသွင်းခဲ့မှု ကို သားသမီးတို့က မမေ့သင့်သကဲ့သို့ မိဘဆရာတို့ကလည်း ဤသို့ဤ နှယ် စိတ်ရှည်သည်းခံကာ ပုံဖော်ပုံသွင်း ကြရမည်ကို မမေ့ကြရန်လိုပါသည်။ မိမိတို့၏ နုနယ် လေသော ရတနာလေးများကို မိမိတို့မှ တန်ဖိုး ထားပုံဖော်ခြင်း မပြုပါမူ မည်သူကလာရောက်၍ တန်ဖိုးထားပါအံ့နည်း။ မနုဿဗိသုကာတို့ စဉ်းစားကြပါကုန်။ မနုဿဗိသုကာတို့ ကြိုးစား ကြပါကုန်။
.
အိမ်တွင်းဖြစ် သရေစာ လုပ်ကျွေးခြင်း
.
အစိုးရဝန်ထမ်းမိခင်(မိခင်ဖြစ်သူက အစိုးရဝန်ထမ်း)များသည် ရုံးလုပ်ငန်းများနှင့် မအားကြခြင်းကို ဆင်ခြေပေးကာ သားသမီးများကို Fast Food, Junk Foodrsm;? Instatn(ready made) များကိုသာ သရေစာအဖြစ် အဓိကထား ကျွေးမွေးနေကြသည်။ အမှန်တကယ်ကိုပင် မိမိတို့၏ ရင်သွေးရတနာကလေးများကို သရေ စာလုပ်ကျွေးရန် အချိန်မရကြတာလားကို စဉ်း စားစေချင်ပါသည်။ အသိဥာဏ်နုံနဲ့သော သူများ၏ ဆင်ခြေကို ပညာတတ်ဘွဲ့ရ မိခင်များက လက်စွဲသုံးကာ လုပ်ဆောင်ချက်မှားနေကြပါ သည်။ စဉ်းစားဆင်ခြင်Óာဏ်နည်းသူများနှင့် အလှအပမက်မောလွန်းသူများ၏ နေထိုင်ပုံကို ကလေးမိခင် ပညာတတ်များ စဉ်းစားသင့်ပါ သည်။ မိမိတို့၏ ဆံပင်ပုံစံပြုပြင်ချိန်၊ လက်သည်းဆိုးချိန်နှင့် ဖုန်းသုံးချိန်စသော အချိန်များကို လျော့ပေါ့ကာ သရေစာလုပ်ကျွေးချိန် အနည်းငယ်ပဲဖြစ်ဖြစ် ဖန်တီးစေချင်သည်။ သို့မ ဟုတ်ပါက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားနည်းမှုများ မကောင်းသောအကျင့်များကို မနုဿဗိသုကာစာရင်းဝင် မိဘဆရာများက လေ့ကျင့်ပေးသလို ဖြစ်နေပါလိမ့်မည်။
.
ကျောင်းသား/သူများသည် ဆရာ/ဆရာမများ အတွက်လား ၊ ဆရာ/မများသည် ကျောင်းသား ကျောင်းသူများအတွက် လား
.
စာရေးသူတစ်ခါက ရေးဖူးပါသည်။ ''နာသုံးနာ မပါ ပညာရေးမလုပ်ကြပါနဲ့''ဟူသော ဆောင်းပါးပါ။ ကျောင်းသား၊ သူကလေးသူငယ် များသည် နုနယ်ကြပါသည်။ သို့သော် မိဘ အုပ်ထိန်းသူအချို့၏ အားနည်းမှုကြောင့်အချို့ သော ကျောင်းသား/သူတို့မှာ ရိုင်းကြ၊ သိမ် မွေ့မှု မရှိကြသည်ကို မငြင်းနိုင်ပါ။ ယနေ့ပညာ ရေး၏ မူဝါဒအပါအဝင် နည်းစနစ်ပြောင်းလဲမှုပါ ပြုလုပ်နေရသော ကာလတွင် ''စုန်းပြူးစေ့''ဆိုသည်မှာ ရှိနေပေလိမ့်မည်။ ဝါသနာမပါဘဲ ခေတ်၏ င်္သမှ့သတ(ဖော်ရှိုး)အလုပ်ဖြစ်သော ပြင်ပဆရာ၊ ဆရာမများကိုလည်း ဝမ်းနည်းဖွယ် တွေ့နေရပါသည်။ တကယ်ဆိုရသော အနန္တော အနန္တငါးပါးဝင်ဆရာ/ဆရာမဆိုသည်မှာ 'ဘယ်သူသေသေ၊ ငတေမာပြီးရော' လူတန်းစားများ မဖြစ်သင့်ပါ။ ဆရာနှင့်တပည့် ဆက်ဆံရေး သည် ခေတ်၏ စီးပွားအမြင်၊ ဈေးကွက်အမြင် များနှင့် ဈေးရောင်းနှင့် ဈေးဝယ်ကဲ့သို့ သဘော မထားသင့်ပါ။
.
ခေတ်ကာလ၏(ခေတ်ဆိုးစနစ်ဆိုး၏လက်ကျန်)စီးပွားအမြင်အရ ပြင်ပပညာရေးလုပ်ကိုင် သူများသည် မိမိကျောင်း၊ မိမိဘော်ဒါအောင် မြင်မှု တစ်ခုတည်းကိုသာ ရှေးရှုကာ စာညံ့ သောကလေးကို လက်မခံပါ။ှခ့သူမေချ့ငစ (ပညာသင်ဆု)ဟူသော အမည်ကောင်းနှင့် တော်သော ကျောင်းသား/ကျောင်းသူများကိုသာ မိမိ ကျောင်း၊ မိမိဘော်ဒါဂုဏ်သတင်းမွှေးရေး လက်နက်အဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြ သည်မှာ မနုဿဗိသုကာ အစစ်ဟုတ်ပါရဲ့လား တွေးစေချင်သည်။ မိမိသည် မနုဿဗိသုကာ (ဆရာ/ဆရာမ)အစစ် ဖြစ်ပါက မည်ကဲ့သို့သော ကျောင်းသား/ကျောင်းသူကိုမဆို ပုံသွင်းနိုင်ရ မည်ဖြစ်သည်။
.
အနုပညာထဲမှ နီတိများ အသုံးပြုခြင်း
.
အနုပညာဆိုလိုက်သည်နှင့် စာပေ၊ ဂီတ ကို လူတိုင်းချက်ချင်းပြေးမြင်ကြပါမည်။ စာပေ အနုပညာတွင် လောကနီတိ၊ ပြည်သူ့နီတိများ ရှိသကဲ့သို့ ဂီတအနုပညာတွင်လည်း ဘာသာရေး၊ နီတိ၊ ယဉ်ကျေးမှု မျိုးစုံအောင်ရှိနေပါ၏။ ယနေ့ခေတ်တွင် ''အနုသုခုမ''ဂီတအနုပညာ ဆိတ်သုဉ်းမည်ကို စိုးရိမ်ဖွယ်မြင်တွေ့နေရ၏။ မိဘကိုယ်တိုင် ဆရာ/ဆရာမကိုယ်တိုင်ကပင် အနုသုခုမဂီတကို သားသမီး၊ တပည့်များ ယဉ် ပါးမြတ်နိုးလာအောင် ဆောင်ရွက်သင့်သောအ ချိန်ဖြစ်ပါ၏။ ယနေ့ခေတ်လူကြီးလူငယ်အများစု ၏ နှစ်သက်မှုကို ရရှိထားသောအဆိုတော်''မ နော''၏ သီချင်းစာသားဖြင့် နိဂုံးချုပ်ပါရစေ။ ရှေးလူကြီး သူမများ၏ ဆုံးမစာ၊ ဆုံးမစကား သြဝါဒလည်း ဖြစ်ပါသည်။
.
          ငယ်သော်ကားသား၊ လိုလိုက်ငြားက
          ကြီးသောအခါ၊ ကျားပမာ
          လွန်စွာ ကြောက်ရပါလိမ့်မည်။
.
          ငယ်သော်ကားသား၊ ဆုံးမငြားက
          ကြီးသောအခါ၊ အားပမာ
          လွန်စွာအားကိုးရပါမည်။
.
          ငယ်သော်ကားသမီး၊ ဆုံးမနည်း(နဲ)က
          ကြီးသောအခါ၊ မီးပမာ
          လွန်စွာစိုးထိတ်ပူရမည်။
.
          ငယ်သော်ကားသမီး၊ ဆုံးမပြီးက
          ကြီးသောအခါ၊ ထီးပမာ
          လွန်စွာအေးရိပ်ရပါမည်။
          စာရှုသူအဆွေ၊ ''မနုဿဗိသုကာ စစ်စစ်'' ဖြစ်ဖို့ ကြိုးစားကြပါစို့ဟူ၍သာ။
.

Journal Download

Photo of three cats