အဆင့်မီ သစ်သီးဝလံစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ထောပတ်သီး ထုပ်ပိုးစက်ရုံနှင့် အမှည့်ညီစက်ရုံ လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, January 4, 2019

အဆင့်မီ သစ်သီးဝလံစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ထောပတ်သီး ထုပ်ပိုးစက်ရုံနှင့် အမှည့်ညီစက်ရုံ လိုအပ်နေ



မင်းဇော်မင်း
.
ရှမ်းပြည်နယ် ထွက်ကုန်များ အ နက် ထောပတ်သီးအား ပြည်ပပို့ အ ဆင့်မီ သစ်သီးဝလံ စာရင်းတွင် ပါဝင် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာ စံနှုန်းသတ် မှတ်ချက်များအရ အဆင့်မီစေရန်နှင့် ပြည်ပဈေးကွက် တောင်းဆိုမှုအရ စံချိန်ပြည့်မီစေရန် လိုအပ်နေသည့် ထောပတ်သီး ထုပ်ပိုးစက်ရုံနှင့် အမှည့်ညီ စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြေနေရာမှအစ အထွေထွေ လိုအပ်ချက်များကို အစိုးရမှကူ ညီပံ့ပိုးပေးရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
.
.
''လာမယ့် ဖေဖော်ဝါရီလမှာ တောင်ကြီးမှာ လုပ်မယ့် ထောပတ်သီး အသင်းအစည်းအဝေးမှာလည်း ဒီလိုအပ်ချက် တွေကို စိုက်ပျိုးသူတွေနဲ့အ တူ ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ပြည်ပက လက်ခံနိုင်စွမ်းရှိမယ့် GAP လျှောက်ထားကြဖို့ ရှမ်းတောင်နဲ့ ပြင်ဦးလွင်က ခြံကြီး ၁၅ ခြံကို အခြေပြု ပြီး ဈေးကွက်လိုအပ်ချက်အရ ဖြည့် ဆည်းပေးနိုင်စွမ်း ရှိမယ့်မြေအခြေအ နေ၊ အသီးအခြေအနေ၊ ထုပ်ပိုးမှုအ ခြေအနေတွေကို ညှိနှိုင်းပြီး တောင်သူ တွေ စနစ်တကျစိုက်ပျိုး ထုတ်လုပ်ပြီး ဝင်ငွေတိုးစေမယ့် လိုအပ်နေတဲ့ မြေ နေရာ ၁ဝ ဧကလောက် ရရှိရေးအ တွက် အစိုးရအနေနဲ့ အဓိက ပံ့ပိုးကူ ညီပေးဖို့ကို မျှော်လင့်နေပါတယ်''ဟု မြန်မာနိုင်ငံ ထောပတ်သီးအသင်း၊ ယာယီဥက္ကဌဖြစ်သူ ဒေါ်စန္ဒာမျိုးက ပြောသည်။
.
လက်ရှိတွင် ဈေးကွက်ရှိ ထောပတ်သီးများမှာ သံချေးတက်ခြင်း၊ အမှည့်မညီခြင်း၊ အသီးပုပ်ခြင်း စသည့် ပြဿနာများကြောင့် ပယ်သီးများပြားနေသဖြင့် အောက်ဈေးဖြင့်သာ ရောင်းချနေရသည် ဖြစ်ရာ ရုပ်ဆိုးသီးများနေ သဖြင့် ဆာလာအိတ်ဈေးဖြင့် အညံ့ တစ်ပိဿာ ၁၅ဝ ကျပ် အထိသာ ရ ရှိနေရာ ယခင်နှစ်က ရရှိခဲ့သည့် ကျပ် ၄ဝဝ နှုန်းထက် ဈေးကျဆင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးအရ အထက်ပါ ထော ပတ်သီးတစ်တန်လျှင် အမေရိကန်ဒေါ် လာ ၉ဝဝ နှုန်းခန့်ရရှိသော်လည်း ၁ဝ လုံးတွင် ၈ လုံးခန့်မှာ မဲပုပ်နေသည့် အတွက် လျော်ကြေးပေးရခြင်းများ ရှိနေသဖြင့် ထောပတ်သီးအရည်အ သွေးပြည့်မီစေရန် လိုအပ်နေပြီးထုပ် ပိုးစက်ရုံနှင့် အမည့်ညီ စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် အစိုးရမှ တောင်သူများအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်ရန် မျှော်လင့် ကြောင်း ¤င်းက ဆိုသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက် မှ ၁၆ ရက်အထိ မူဆယ်တွင် ပြုလုပ် ခဲ့သည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ တွင် တရုတ်ကုန်သည်များမှ ထော ပတ်သီး တစ်တန်လျှင် ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၂ဝဝ FOB အထိ ဈေးပေးခဲ့ပြီး တန်ချိန် ၅ဝဝဝဝဝ အထိ ဝယ်ယူရန် ကမ်းလှမ်းခဲ့သော် လည်း ¤င်းတို့လိုအပ်သည့် ပိုးမွှား ထိန်းချုပ်မှု အာမခံချက် ဏျွဗ နှင့် စိုက်ပျိုးမြေ ဓာတုဓာတ်ကြွင်းကင်းစင် မှု စစ်ဆေးချက် GAP လက်မှတ်ရ ရှိထားမှသာ အစိုးရချင်း၊ ချိတ်ဆက် ရောင်းဝယ်နိုင်မည်ဖြစ်ကာ နယ်စပ် ကုန်သွယ်ရေးမှသည် ပုံမှန်ကုန်သွယ် ရေးအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ် သဖြင့် ခြံရှင်များအနေဖြင့် အဆိုပါ လက်မှတ်များ ရရှိနိုင်ရေး လျှောက်ထားရန် လိုအပ်နေကြောင်း သိရ သည်။
.
''အသင်းအနေနဲ့ကတော့ ၂ဝ၁၉ ထဲမှာ နိုင်သလောက်နဲ့ ထုပ်ပိုးစက်ရုံနဲ့  အဆီထုတ် စက်ရုံတည်ဆောက် ဖို့ရှိပါမယ်။ ပင်းတယဘက်မှ မြေအောင်းပိုးသတ်ဆေးတွေ အသုံးများတဲ့ ကိစ္စကိုလည်း တစ်ပါတည်းဖြေရှင်း နိုင်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''ဟု ဒေါ်စန္ဒာမျိုးက ဆက်လက်ပြောကြားခဲ့သည်။
.
လက်ရှိတွင် အသီးအရည်အသွေးများမှာ သံချေးတက်၊ ဂျွတ်တက်၊ အသီးအညှာပုပ်ကာ အပင်များတွင်လည်း ကိုင်းခြောက်ရောဂါနှင့် မြစ်ပုဒ် ရောဂါများ ဖြစ်ပွားလျက်ရှိပြီး ဒေသ မျိုးများ ပိုမိုကောင်းမွန်စေရန်အတွက် ဒေသမျိုးကောင်း ၂ မျိုးကို မျိုးစေ့ထုတ် စိုက်ထားသည့်အပြင် ကိုင်းဆက်သီးများကိုလည်း ဈေးကွက်တင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.
ထောပတ်သီးကို ဟင်းချက်ဆီ၊ အဆီထုတ်လုပ်ငန်း၊ အလှကုန်၊ စက် မှုလုပ်ငန်းများအတွက် တရုတ်၊ မ လေးရှား၊ ထိုင်း၊ ထိုင်ဝမ်တို့တွင်ဈေး ကွက်ရှိနေပြီး စားသုံးသူ ဈေးကွက် သည်လည်းရှိနေကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ကုန်သွယ်ရေး အချက်အလက်များအရ ၂ဝ၁၇ ခုနှစ်တွင် အထူးတန်းဝင် ထောပတ်သီးတန်ချိန် ၁၂၅ဝ ခန့်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ရောရာအစစုံ တန်ချိန် ၇ဝဝဝ ခန့် တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။
.

Recent Tube