ကျောက်မဲမြို့နယ်၊ ခိုအုံကျေးရွာတွင် အငြင်းပွားမှု ဖြစ်ပေါ်နေသည့် မြေယာများအတွင်းတောင်သူများမှ ဝင်ရောက်ရှင်းလင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၊ ခိုအုံကျေးရွာတွင် အငြင်းပွားမှု ဖြစ်ပေါ်နေသည့် မြေယာများအတွင်းတောင်သူများမှ ဝင်ရောက်ရှင်းလင်း



မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ် စု၊ ခိုအုံကျေးရွာရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေယာများအတွင်း ဇန် နဝါရီလ ၉ ရက်က မူလပိုင်ရှင်တောင် သူများမှ လက်ရှိ ပိုင်ဆိုင်မှု ရရှိထား သူ ဦးစိုင်းသန်းမောင် စိုက်ပျိုးထား သည့် အပင်များအား ဝင်ရောက်ခုတ် လှဲကာ ကာရံထားသည့် ခြံစည်းရိုး များကို ဖြိုဖျက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
 
.
''လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ဌာနဆိုင်ရာတွေရော ညှိနှိုင်းဖြေ ရှင်းပေးမယ်လို့ ပြောလာတာ ကြာပြီ။ ဘာမှ ထိထိရောက်ရောက် ဖြေရှင်းပေးတာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်က ဌာနဆိုင်ရာတွေ့ဆုံတဲ့ အချိန်မှာ လက်မှတ်အတုတွေနဲ့ မြေယာလျော်ကြေး ပေးထားတဲ့ စာရွက်တွေ ထုတ်ပြလာတော့ ဒါဟာ လိမ်လည်၊ အတု ပြုလုပ်မှု မြောက်လာပါတယ်။ မူလပိုင်ရှင် တောင်သူတွေ အနေနဲ့ မြေတွေကို ရောင်းခဲ့တာ၊ လျော်ကြေးရယူခဲ့တာ၊ ဘာတစ်ခုမှမရှိပါဘူး။ ပြန်ရဖို့ တင်ပြထားလည်း အောက်ခြေမြေစာရင်းကအစ နိုင်ငံတော် သမ္မတအထိ ၂၄ နှစ် အတွင်းမှာ စာရွက်စာတမ်းပေါင်း ၂၆ဝ ကျော် ပြီ။ ဒါကြောင့် ကိုယ့်မြေကိုယ်လုပ်တဲ့ အနေနဲ့ သစ်ပင်တွေ၊ ခြံစည်းရိုးတွေကို ရှင်းတာ ဖြစ်ပါတယ်။ ဖြစ်လာသမျှ ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ''ဟု အ သက် ၇၁ နှစ်အရွယ် တောင်သူ ဦးဇာလိန္ဒက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ အငြင်းပွားမြေမှာ ဧက ၅ဝ ရှိပြီး ၁၉၉၄ ခုနှစ်က၊ ရာဘာ စိုက်ရန် အကြောင်းပြချက်ဖြင့် လက်ရှိ အမှတ် (၂) ရပ်ကွက်၊ ပေါက်ကုန်း ရပ်၊ ကျောက်မဲမြို့နေ ဦးစိုင်းသန်း မောင်ဆိုသူမှ ရယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ မြေယာများ ပြန်လည် ရရှိရေးအတွက် အထက်ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ ခေါင်းဆောင်များအား ၁၂ ကြိမ်မျှ ကိုယ်တိုင်သွားရောက် တွေ့ဆုံတင်ပြ တောင်းခံခဲ့သော်လည်း ၂၄ နှစ်သာ ကြာမြင့်ခဲ့ပြီး တိကျသေချာသည့် အဖြေ၊ လုံလောက်သည့် ဖြေရှင်းမှုများ မရရှိခဲ့သဖြင့် ယခုကဲ့သို့ လုပ်ဆောင် ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
''ထွေအုပ်ရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ ခေါ်တွေ့တော့ ဦးစိုင်းသန်းမောင် ကိုယ်တိုင်မလာဘဲ သူ့ ဇနီး ဒေါ်နန်းငွေကြည်နဲ့ သူ့သမီးပဲ လာတယ်။ အဲဒီမှာ တောင်သူတစ်ဦး ကို ကျပ် ၈ဝဝဝ ပေးထားတယ်ဆိုတဲ့ လက်မှတ်တွေပြတော့ လက်မှတ်တွေက ကျွန်မတို့ ထိုးထားတာ မဟုတ်တဲ့ အတုတွေ ဖြစ်နေလို့ အဖိုးဦးဇာလိန္ဒ ကို လှမ်းပြောပြီး ဥပဒေအရ လုပ် ဆောင်ဖို့ ပြောပါတယ်။ ထွေအုပ်ကလည်း ရာဘာစိုက်မယ် ပြောပြီး အခြားအပင် ပြောင်းစိုက်တာ တ ရားမဝင်ဘူးလို့ ပြောပါတယ်။ အခုက ခုတ်ပစ်တာ သရက်နဲ့ ပိန္နဲပင် တွေ ၂ဝဝ ကျော် ရှိပါပြီ။ ရာ ဘာပင်တွေ မဟုတ်ပါဘူး။ ကျွန်မ တို့ ဘိုးဘွားပိုင်မြေတွေပဲ ပြန်ရလို ပါတယ်''ဟု မြေသိမ်းခံ တောင်သူ တစ်ဦးဖြစ်သူ ဒေါ်နန်းစင့်နွမ်းက ပြောသည်။
.
အဆိုပါ မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ ဦးစိုင်းသန်းမောင်က ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်စွဲ ဖြင့် တောင်သူ ၇ ဦးထံသို့ ¤င်းအနေ ဖြင့် မည်သည့်တောင်သူများထံကမှ မြေယာသိမ်းယူထားခြင်း မဟုတ် ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ၂ဝဝ၃ ခုနှစ် မှ ၂ဝ၃၃ ခုနှစ်အထိ နှစ် ၃ဝ မြေယာ လုပ်ကိုင်ခွင့် တရားဝင် ရယူခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခု ကဲ့သို့ ဥပဒေမဲ့ ပုဂ္ဂိုလ်ရေး တိုက် ခိုက်မှုများကို မပြုလုပ်ကြဘဲ တည် ဆဲဥပဒေများနှင့် အညီသာ ပြုမူ ဆောင်ရွက်သွားရန် အသိပေး အ ကြောင်းကြားစာ ပေးပို့ထားကြောင်း သိရှိရသည်။
.
သိမ်းဆည်းခံလယ်ယာမြေများမှာ ခိုမုန်းကျေးရွာ မြေယာအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ၏ အခြေခံ စာရင်းအရ ဦးဇာလိန္ဒ ၂ ဧက၊ ဦး အိုက်စိုင်း ၄ ဧက၊ ဦးသိန်းမောင် ၁ဝ ဧက၊ ဦးခမ်းကော် ၁ဝ ဧက၊ နန်းစင့် နွမ်း ၁ဝ ဧက၊ ဦးသန်းအောင် ၁ဝ ဧကနှင့် ဒေါ်အုန်းခင် ၈ ဧကတို့ဖြစ် ပြီး တောင်သူများထံတွင် ၁၉၇၈ ခု နှစ်မှ မြေသိမ်းခံခဲ့ရသည့် ၁၉၉၄ ခု နှစ်အထိ မြေယာစည်းကြပ်ခွန် ပေး ဆောင်ခဲ့သည့် ပြေစာအထောက်အ ထားများ ရှိနေကြောင်း သိရသည်။
.
လက်ရှိတွင် တောင်သူများမှ ¤င်းတို့ပိုင် မြေယာများပေါ်တွင် ဦး စိုင်းသန်းမောင် စိုက်ပျိုးထားသည့် သရက်နှင့် ပိန္နဲပင် ၂ဝဝ ကျော်အား ဇန်နဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ ခုတ်ထွင် ရှင်းလင်းခဲ့ပြီး ကာရံထား သည့် ခြံစည်းရိုးများကို ဖြိုချဖျက်ဆီး မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြေသန့်စေရန်အတွက် ရှမ်းတိုင်းရင်းသားရိုးရာ စာနာပွဲများ ပြုလုပ်သွားရန် ရှိပြီး အကယ်၍ လာ ရောက်တားဆီးကန့်ကွက်မှုများ ပေါ် ပေါက်လာပါကလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
.

Journal Download

Photo of three cats