တောင်ကြီးတွင် တစ်လမ်းမောင်းစနစ်၌ စည်းကမ်းမဲ့ လမ်းပြောင်းပြန် မောင်းနှင်နေမှုများကို အရေးယူရန် လိုအပ်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, January 26, 2019

တောင်ကြီးတွင် တစ်လမ်းမောင်းစနစ်၌ စည်းကမ်းမဲ့ လမ်းပြောင်းပြန် မောင်းနှင်နေမှုများကို အရေးယူရန် လိုအပ်နေဟု ဆို



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ပေါ်တွင် တစ် လမ်းမောင်းစနစ် သတ်မှတ်ထားသည့် လမ်းများ၌ စည်ကမ်းမဲ့စွာ လမ်းပြောင်းပြန် ယာဉ်ဝင်ထွက် မောင်း နှင်သွားလာနေမှုများရှိနေပြီး ၎င်းတို့အား ရေရှည် စနစ်တကျမောင်းနှင် သွားလာစေရေးအတွက် ထိရောက် စွာ အရေးယူပေးရန် လိုအပ်နေသည် ဟု တောင်ကြီးမြို့နေ ဒေသခံပြည် သူအချို့က ပြောဆိုလျက်ရှိသည်။
.
.
''အဓိက ဈေးပတ်ဝန်းကျင်မှာ တစ်လမ်းမောင်းကို နှစ်လမ်းသွားနေကြတယ်။ တချို့တွေကျတော့ မသိ ကြဘူး။ ဆိုင်းဘုတ်တွေကလည်း ထင်ထင်ရှားရှားလုပ်ထားတာမရှိဘူး။ အနောက်မြို့ပတ်လမ်းက နဂါးပွက်ကျောင်းလမ်း ဆိုရင်လမ်း တစ်လမ်း မောင်းပဲ။ မင်းလမ်းကနေ အဝင်မရဘူး။ ယာဉ်ထိန်းတွေရှိတဲ့ အချိန်ကျရင် မဝင်ဘူး။ ညနေပိုင်းဆိုရင်တော့ ဝင်ထွက်သွားလာနေကြတာပဲ။ အဆိုးဆုံးကတော့မြတ်လေးလမ်းပေါ့။ အဲဒီ နေရာမှာ ယာဉ်ထိန်း မရှိဘူးတော့ ဝင်ထွက်သွားလာနေကြတာပဲ။ ပြည်သူတွေကို ပညာပေးမှု နည်းတာပေါ့။ ခိုးထွက်လာလို့မှ အဖမ်းအဆီး မရှိဘူးဆိုရင် နောက်တစ်ခေါက်လည်း ထပ်ထွက်လာမှာပဲ။ ယာဉ်ထိန်းက လည်း အဲဒီလိုနေရာတွေ ကျတော့ လူကြီးလမ်းကြောင်းရှိမှ လာစောင့်တယ်။ အဲဒီအချိန်မျိုးမှာ ဖမ်းမိရင်တော့ ဒဏ်ငွေရိုက်တယ်။ ကျန်တဲ့ အချိန်ကမရှိဘူး။ ကုန်သည်လမ်းထဲမှာ ဆိုရင်လည်း တစ်လမ်းမောင်းပဲ။ဘယ်အချိန်မှာပဲ သွားကြည့်ကြည့် ဆိုင်ကယ်တွေက အဝင်ရော၊ အထွက် ရော၊ ဈေးသည်တွေလက်တွန်းလှည်း တွေနဲ့ ရှုပ်နေတာပဲ။ City Square ဆောက်တဲ့အတွက် အဲဒီနေရာ မှာ ယာယီပျံကျဈေးသည်တွေကို ထားခဲ့တယ်။ သုံးလေးနှစ်နေမှပြန်ရွှေ့ တယ်။ ရွှေ့ပြီးတော့ ပါကင်ကို ဘာလို့ ကန်ထရိုက်ပေးလိုက်တာပေါ့။ မြို့ သူ/မြို့သားတွေ၊ ဈေး/သူဈေးသား တွေလည်း မကြိုက်ဘူး။ ကားလမ်းပဲ ဖြစ်စေချင်ပါတယ်''ဟု တောင်ကြီး ဒေသခံ ဦးတိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် မြတ်လေးလမ်း၊ အောင်မင်္ဂလာလမ်း၊ တပင်ရွှေထီးလမ်း၊ ကုန်သည်လမ်း၊ နဂါးပွက် ကျောင်းလမ်းနှင့် မြဝတ်ရည်လမ်းတို့အား ဗိုလ်ချုပ်အောင် ဆန်းလမ်းမကြီး၌ ယာဉ်ကြောရှုပ် ထွေးမှု လျော့နည်းစေရေးအတွက် တစ်လမ်းမောင်းစနစ်ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်အချို့မှ စည်းကမ်းမဲ့လမ်းပြောင်းပြန် မောင်း နှင်မှုများရှိနေပြီး ၄င်းတို့အား ထိ ရောက်စွာ အရေးယူပါက ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ပြီး မြို့တော် သာယာလှပရေးအ တွက် အထောက်အကူ ပြုစေမည်ဖြစ် ကြောင်း တောင်ကြီးဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
''အဓိက ကတော့ ယာဉ်ထိန်းနဲ့ တာဝန်ရှိသူတွေက အသိပညာပေးမှု များများလုပ်ဖို့လိုအပ်တယ်။ ဆိုင်းဘုတ်တွေ ဆိုရင် ထင်သာမြင်သာရှိ အောင် ပြထားဖို့လိုတယ်။ မြို့ပေါ် လူတွေက ဘယ်လမ်းမဝင်ရ၊ ဘယ်လမ်းကနေ မထွက်ရဆိုပြီးသိပေမယ့် နယ်ကလာတဲ့လူတွေတော့ မသိကြဘူးလေ။ ယာဉ်ထိန်းအင်အား နည်းတာလည်းပါမယ်။ အရေးယူမှုအပိုင်းမှာလည်း အားနည်းတယ်လို့မြင်ပါ တယ်''ဟု တောင်ကြီးမြို့နေ ဒေသခံ ကိုချမ်းငြိမ်းကလည်း ၎င်း၏ အမြင်ကို ကမ္ဘောတိုင်းသို့ ပြောသည်။
.
အဆိုပါ လမ်းများ၌ စည်းကမ်း မဲ့စွာ လမ်းပြောင်းပြန် မောင်းနှင်သွား လာနေမှုများတွင် တစ်လမ်းမောင်း စနစ်ကိုထင်ရှားစွာ ပြသထားသည့် ဆိုင်းဘုတ်များ မရှိခြင်းကလည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်နေ ကာ ယာဉ်ထိန်းရဲအင်အား မလုံ လောက်မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများကပြောဆို လျက် ရှိသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁ဝ၂ ဦးရှိကာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးလျှင် မော်တော်ယာဉ်/ မော် တော်ဆိုင်ကယ် အစီးရေ ၅ဝဝဝ ကျော် တာဝန်ယူ ထိန်းသိမ်းဆောင်ရွက် နေ ရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းဇယား အချက်အလက် များအရ သိရသည်။
.

No comments:

Post a Comment

Recent Tube