တောင်ကြီးမြို့၊ မေတ္တာရှင်ဆေးရုံ၌ မျက်စိရောဂါ၊ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ၊ မွေးရာပါ ခြေထောက်ခွင်ရောဂါ လူနာများအား ခွဲစိတ်ကုသပေးလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ မေတ္တာရှင်ဆေးရုံ၌ မျက်စိရောဂါ၊ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ၊ မွေးရာပါ ခြေထောက်ခွင်ရောဂါ လူနာများအား ခွဲစိတ်ကုသပေးလျက်ရှိ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မေတ္တာရှင် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆေးကောင်းစီတို့၏ ခွင့်ပြုချက်အရ  မျက်စိရောဂါလူနာများ၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ ကလေးသူငယ်လူနာများ၊ မွေးရာပါ ခြေထောက်ခွင်ရောဂါ ကလေးသူငယ်လူနာများအား ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ အခမဲ့ စမ်းသပ်စစ်ဆေး ခွဲစိပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
.
.
''ခွဲစိပ်ကုပေးတဲ့ လူနာတွေထဲမှာ အတွင်းတိမ်၊ ရေတိမ်နဲ့ မျက်သားခြစ် လူနာတွေကို ဦးစားပေး ခွဲစိပ်ပေးခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအပါအဝင် လူတန်းစားအားလုံးကို အခုလိုခွဲစိပ်ကုသပေးရတာ အထူးပဲ ဝမ်းမြောက် မိပါတယ်'' ဟု မေတ္တာရှင်အသင်းဥက္ကဌ ဦးညွှန့်မောင်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါဆေးရုံ၌ မျက်စိရောဂါလူနာများ၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ ဝေဒနာရှင် ကလေးသူငယ် လူနာများ၊ မွေးရာပါ ခြေထောက်ခွင်ရောဂါ ဝေဒနာရှင် ကလေးသူငယ်လူနာများအား စဉ်ဆက်မပြတ် ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးလျက်ရှိရာမှ ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ၊ SEVA Foundation မှ မျက်စိအထူးကုဆရာဝန်ကြီး Dr.Bidya Prasant Pant နှင့် မြန်မာနိုင်ငံမှ မျက်စိအထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ လူနာများအား စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးခြင်းသည် အဆိုပါဆေးရုံ၌ ၇ ကြိမ်မြောက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
မေတ္တာရှင်အသင်းအနေဖြင့် အနာဂါတ်ကာလတွင် အတွင်းတိမ်ရေတိမ်နှင့် မျက်သားခြစ်  ခွဲစိပ်ကုသပေးခြင်း အပြင် မျက်ကြည်လွှာဘဏ်ဖွင့်လှစ်၍ မျက်ကြည်လွှာ အစားထိုးခွဲစိပ်ကုသပေးခြင်းကို လုပ်ဆောင်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats