ရပ်စောက်တွင် ပျောက်ဆုံးနေသည့် ၂ နှစ်ခွဲအရွယ် ကလေးငယ်ကို ၁၀ ရက်ကျော် ကြာသည်ထိ တွေ့ရှိခြင်း မရှိသေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, January 2, 2019

ရပ်စောက်တွင် ပျောက်ဆုံးနေသည့် ၂ နှစ်ခွဲအရွယ် ကလေးငယ်ကို ၁၀ ရက်ကျော် ကြာသည်ထိ တွေ့ရှိခြင်း မရှိသေး

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆတ်​သေကျေးရွာအုပ်စု မြေမဲကျေးရွာတွင် လွန်ခဲ့သည် ဒီဇင်ဘာ ၂၂ ရက်က  အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားရာ ယနေ့ (ဇန်နဝါရီလ ၂ ရက်) အထိ ၁၀ ရက်ကျော် ကြာမြင့်လာသော်လည်း ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
.

.
''ကလေးပျောက်သွားတာ ကြာပါပြီ။ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် ကိုယ်တိုင် အခင်းဖြစ်တဲ့နေရာကို သွားကြည့်တယ်။ ကလေးမိဘတွေကို သွားရောက်အားပေးတယ်။ ကလေးမိဘတွေက အမှုဖွင့်ဖို့ ကြောက်နေတဲ့ အခါကျတော့ သူကိုယ်တိုင်ဦးဆောင်ပြီး အမှုဖွင့်ပေးတယ်။ ရဲတွေကိုယ်တိုင် အခင်းဖြစ်တဲ့နေရာအထိ သွားရောက် ရှာဖွေပေးတယ်။ ကလေးကိုတော့ အခုထိမတွေ့သေးပါဘူး။ ရဲတွေကတော့ ကလေးတွေ့တဲ့အထိ ရှာဖွေပေမယ်လို့ ပြောပါတယ်''ဟု အဆိုပါ ပျောက်ဆုံးကလေးငယ် ရှာဖွေရာတွင် ဦးဆောင်ပါဝင်သူ ကိုခွန်မျိုးမြတ် ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ပျောက်ဆုံးကလေးငယ် ပြန်လည်တွေ့ရှိရေးအ တွက် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ခင်မောင်ဦး ဦးစီး၍ ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များ၊ ပင်ဖြစ်၊ ဆပ်သေ၊ မြေမဲကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ အင်အား ၁၀၀ ဦးခန့်ဖြင့် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ကလေးငယ်မှာ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စု၊ မြေမဲကျေးရွာနေ ဦးအိုက်ခမ်းနှင့် ဒေါ်နန်းခမ်းဆိုင်တို့၏ သား မောင်အိုက်ဆွမ် (၂ နှစ်၊ ၁ လ) ဖြစ်ပြီး မိဘများမှ ရပ်စောက်မြို့နယ်နှင့် ဟိုပုံး မြို့နယ်အစပ်ရှိ ၎င်းတို့ပိုင် တောင်ယာခင်းအတွင်း ဒီဇင်ဘာလ ၂၂ ရက်က ပြောင်းဖူးသွားရောက် ရိတ်သိမ်းစဉ် နေအိမ်တဲအတွင်း၌ ထားခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကလေးငယ်ပျောက်ဆုံးသွားသော ရွာနှင့် ယာခင်း အကြားသည် ၃ မိုင်၊ ၅ ဖာလုံ ကွာဝေးပြီး ကလေးငယ် ပျောက်ဆုံးသည့်နေရာမှာ ဟိုပုံးမြို့နယ် ဧရိယာအတွင်း ပါဝင်သဖြင့် ဟိုပုံးမြို့မရဲစခန်း၌ လူပျောက်မှု ဖွင့်လှစ်တိုင်တန်းထား ကြောင်း သိရသည်။
.

Recent Tube