ကျောက်မဲတွင် အိမ်စီးကားငယ်တစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာသည့် သစ်များအား ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, January 25, 2019

ကျောက်မဲတွင် အိမ်စီးကားငယ်တစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာသည့် သစ်များအား ဖမ်းဆီးရမိ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲပိုင်းက အိမ်စီးကားတစ်စီးဖြင့် တရားမဝင် တင်ဆောင်လာသည့် သစ်များကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
“ခရိုင်သစ်တောစစ်ဆေးရေးအဖွဲ့က တိုးလ်ဂိတ်မှ မင်္သကာလို့ စစ်လိုက်တဲ့အခါ ဖမ်းမိလိုက်တာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးမျိုးသန့်နောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲခရိုင်သစ်တောစစ်ဆေးရးအဖွဲ့မှ ဦးစီးအရာရှိ နှင့်အတူ ဂိတ်တာဝန်ကျ စစ်ဘက်၊ နယ်ဘက်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီအချိန်တွင် မန္တလေးဘက်မှ လားရှိုးဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်နေ ကျော်နိုင်ထွန်း (၃၁ နှစ်) မောင်းနှင်လာသည့် Crown အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ကားအတွင်းသယ်ဆောင်လာသည့် တမလန်းနှင့် ပိတောက်ခွဲသား ၂၄ တုံး၊ အလေးချိန် ၀ ဒသမ ၇၅၆၂ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင်သစ်များကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂/၆၇ လမ်းထောင့်၊ စက်မှု (၁) ဝင်းအတွင်းမှ တင်ဆောင်လာခြင်းဖြစ်ပြီး လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ အိမ်တစ်အိမ်သို့ ပို့ဆောင်ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း တရားခံမှ ထွက်ဆိုခဲ့သည်ဟု သိရသည်။
.


သို့ဖြစ်၍ တရားမဝင်သစ်များကို သယ်ဆောင်လာသူ ကျော်နိုင်ထွန်းအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၄၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 

No comments:

Post a Comment

Recent Tube