တောင်ကြီးမြို့မဈေး အဆောက်အဦ တောင်ဘက်နှင့် မြောက်ဘက် နံရံများအား ဆေးသုတ် ပြုပြင်ခြင်းများ ဆောင်ရွက်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေး အဆောက်အဦ တောင်ဘက်နှင့် မြောက်ဘက် နံရံများအား ဆေးသုတ် ပြုပြင်ခြင်းများ ဆောင်ရွက်သွားမည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၏ အဓိကအထင်ကရနေရာ တစ်ခုဖြစ်သော မြို့မဈေးအဆောက်အဦ၏ မြောက်ဘက်နှင့် တောင်ဘက် နံရံများအား ယခုနှစ်အတွင်း ဆေးအ သစ်သုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း များကို ဆောင်ရွက်သွားမည်ဟု သိရသည်။
.
.
''ဒီလာမယ့်ဘတ်ဂျက်ထဲမှာ ဈေးတောင်ဘက်နဲ့ မြောက်ဘက်ကို ဆေးသုတ်ဖို့ ထည့်လျာထားတယ်လို့ သိရတယ်။ အဲဒါကြောင့် ၂ဝ၁၉ ခု နှစ်ထဲမှာ ဆေးအသစ်သုတ်သွားဖို့ ရှိပါတယ်။ ဈေးရှေ့ဘက်ကိုတော့ ပြီး ခဲ့တဲ့ မီနီဘတ်ဂျက်က လျာထားတဲ့အ ထဲကနေ သုတ်လိုက်တယ်။ ဈေးအ ရှေ့ဘက်ကတော့ အကုန်လုံးပြီးစီး အောင် ဆောင်ရွက်ခဲ့ပြီးပါပြီ''ဟု တောင်ကြီးမြို့မဈေးတာဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့ပြော ကြားခဲ့သည်။
.
''အခုလို ပြုပြင်ဆောင်ရွက်ပေးတာ တော်တော်လေးကောင်းပါတယ်။ မြို့တော်ရဲ့ ဂုဏ်ကျက်သရေကိုလည်း တိုးပွားစေတယ်။ ဒီဈေးအရှေ့ဘက် ကို ဆေးသုတ်လိုက်တာ တော်တော် လေးကို ကြည့်လို့ကောင်းသွားတယ်။ ခရီးသွားဧည့်သည်တွေ၊ ဘုရားဖူးတွေ လာရင်လည်း ကျွန်တော်တို့မြို့ကို အထင်မသေးတော့ဘူးပေါ့။ မြို့မဈေး နည်းတူ တခြားဈေးတွေကိုလည်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ပြု ပြင် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ''ဟု တောင် ကီးမြို့နေ ဒေသခံပြည်သူကိုစိုင်းအေးက ပြောသည်။
.
ရှမ်းပြည်နယ်၏မြို့တော် တောင် ကြီးမြို့တွင် မြို့မဈေး၊ စဝ်စံထွန်းဈေး၊ အမှတ် (၅)ဈေး၊ ရဲဘော်ဈေးနှင့် ဘူတာဈေးတို့ရှိပြီး မြို့မဈေးအား ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် နေသကဲ့သို့ အခြားဈေးများကိုလည်း သန့်ရှင်း သပ်ရပ်စေရေးနှင့် စည်း ကမ်းမဲ့အမှိုက်ပစ်နေခြင်းတို့အား မြို့တော်၏ ဂုဏ်အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးရန် တောင်ကြီးမြို့ဒေသခံပြည်သူများက လိုလားလျက်ရှိကြောင်းသိရသည်။
.

Journal Download

Photo of three cats