တောင်ကြီးတွင် ဆရာဝန်ညီလာခံ ဂုဏ်ပြုချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဆရာဝန်ညီလာခံ ဂုဏ်ပြုချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ပြုလုပ်



စိုင်းရာဇာ
.
မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး)မှ ကြီးမှူး၍ (၁၉) ကြိမ် မြောက် ဆရာဝန်ညီလာခံကို ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ကမ္ဘာသစ် ဖူဆယ်ဘောလုံးကွင်းတွင် ဇန်နဝါရီလ ၅ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
''(၁၉) ကြိမ်မြောက် ဆရာဝန်ညီလာခံ ဂုဏ်ပြုတဲ့အနေနဲ့ ဆရာဝန်တွေ၊ ဆေးကုမ္ပဏီတွေကြား ခင်မင်ရင်းနှီးမှု တိုးပွားလာစေဖို့၊ နောက် အားကစားအဆင့် အတိုင်းအတာ တစ်ခုအထိ ရလာစေဖို့ပါ။ ဒီအသင်းထဲမှာ အသင်းဝင်တွေအနေနဲ့ ဆေးလောကမှာ လက်ရှိလုပ်ကိုင်နေတဲ့ သူတွေ ဝင်ရောက် ယှဉ်ပြိုင်နေကြပါတယ်။ ဆေးရုံမှာ အမှုထမ်းနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေပါမယ်။ အသက် အပိုင်းအခြားအနေနဲ့တော့ ကန့်သတ်ထားတာ မရှိပါဘူး'' ဟု ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင် ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက် တာ ဇေယျဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြိုင်ပွဲဝင်အသင်းများအနေဖြင့်  တောင်ကြီးဆေးတက္ကသိုလ်အသင်း (UM Tgi)၊ စဝ်စံထွန်းဆေးရုံကြီး-က အသင်း (SSHH-A) ၊စဝ်စံထွန်းဆေးရုံကြီး-ခ အသင်း (SSHH-B)၊ မဆရ-၂ အသင်း (2-MB)၊ ဆရာဝန်များ ညွန့်ပေါင်းအသင်း (Dr. United)၊ မြတ်တော်ဝင်ဆေးရုံအသင်း (MTW)၊ စိန်ဆေးရုံအသင်း (Sein)၊ ဆေးကုမ္ပဏီ ညွန့်ပေါင်းအသင်း (Mega)၊ ဆေးကုမ္ပဏီညွန့်ပေါင်း အသင်း (Tgi Pharma)၊ ဆေးကုမ္ပဏီညွန့်ပေါင်းအသင်း (Shan Medical FC) တို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများကို ၅ သင်းပါ အုပ်စု ၂ စုခွဲကာ ပတ်လည် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် တစ်ရက် ၄ ပွဲနှုန်း ဖြင့် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပပြုလုပ်လျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၃  ရက်တွင် ကမ္ဘာသစ်ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats