နောင်ချိုမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက်အပူသုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက်အပူသုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည်



စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သော မြေအောက်အပူသုံး လျှပ်စစ်စွမ်းအင်ကို ဘူမိဗေဒပညာရပ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံမှ သိရသည်။ 
.
 
.
မြေအောက်အပူသုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၅ သန်းခန့် ရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
.
''KKL ကုမ္ပဏီနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးထားတယ်။ မြေအောက်ကနေ ထွက်လာတဲ့ အပူစွမ်းအင်နဲ့ လျှပ်စစ်ထုတ်မယ်။ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှု အများကြီးမရှိဘူး။ ဒီစနစ်သာ အကောင် အထည်ဖော်နိုင်ခဲ့ရင် အရှေ့တောင် အာရှမှာ ပထမဦးဆုံးဖြစ်မယ်။ မြေအောက် ဘူမိဗေဒ အပူစွမ်းအားနဲ့ ထုတ်လုပ်မယ်လို့ ကုမ္ပဏီက တင်ပြ ထားတယ်။ အဲဒီအနီးနားမှာရှိတဲ့ ကျေးရွာတွေကို မီးတွေသွယ်ပေး မယ်''ဟု ရှမ်းပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြေအောက်ရှိ အပူစွမ်းအင်ကို ၃၅ ရာခိုင်းနှုန်းခန့် ထုတ်မည်ဖြစ်ပြီး ရရှိသော လျှပ်စစ်ကို နောင်ချိုမြို့နယ် အတွင်းရှိ ကျေးရွာများအား ဦးစားပေး သွယ်တန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
မြေအောက် အပူစွမ်းအင်ကိုသုံး ပြီး အနည်းဆုံး လျှပ်စစ်မီဂါဝပ် ၃ဝ ထုတ်မည့် ¤င်းစီမံကိန်းကို ရှမ်းပြည် နယ် အစိုးရအဖွဲ့နှင့် နယ်သာလန် အခြစိုက် KKL ကုမ္ပဏီတို့ပူးပေါင်း ကာ ဆောင်ရွက်ရန်အတွက် ဇန်န ဝါရီလအတွင်းက ရှမ်းပြည်နယ်အစိုး ရအဖွဲ့ရုံးတွင် MoU ရေးထိုးထားခဲ့ပြီး ဖြစ်ကာ ထွက်ရှိလာသော လျှပ်စစ်ကို တစ်ယူနစ် ၆၅ ကျပ်နှုန်းဖြင့် ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။
.
မြေအောက်အပူစွမ်းအင်သုံး လျှပ်စစ်စက်ရုံကို ၂ နှစ်တာအချိန် ယူကာ ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှတွင် ပထမဆုံးသော စက်ရုံတစ်ခုဖြစ်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း လျှပ်စစ် စွမ်းအားရရှိမှုမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၃၃ ဒသမ ၄ဝ ရာခိုင်နှုန်းသာရရှိပြီး လျှပ်စစ်ရရှိ ရန်အတွက် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေး၊ ဂတ်(စ်)၊ သဘာဝ နွားချေး (Biomass)များ သုံးကာ လျှပ်စစ်မီးများ ထုတ်လုပ်နေကြောင်း သိရသည်။
.

Journal Download

Photo of three cats