“၀” ဒေသအတွင်းသို့ ဈေးသွားရောင်းချမည့် သူများအနေဖြင့် ဈေးနှင့် သတ်မှတ်နေရာများတွင်သာ ရောင်းချရန် သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“၀” ဒေသအတွင်းသို့ ဈေးသွားရောင်းချမည့် သူများအနေဖြင့် ဈေးနှင့် သတ်မှတ်နေရာများတွင်သာ ရောင်းချရန် သတိပေး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “၀” ဒေသအတွင်း ဈေး သွားရောင်းချမည့်သူများအနေဖြင့် ဈေးနှင့် သတ်မှတ်ထားသည့် နေရာများတွင်သာ ရောင်းချရန် သတိပေးထားကြောင်း ဇန်န၀ါရီလ ၂၁ ရက် က “၀” ပြင်ပ ဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်းက ကမ္ဘောဇတိုင်းသို ပြောကြားခဲ့သည်။
.
ပြန်လွှတ်သူတွေကို ပြောပါ၊ နောက်တခါ၊ ‘၀’ ပြည်နယ်မှာ ဈေး လာရောင်းရင် လူ/ဆိုင်ကယ်နဲ နေရာတကာ လှည့်ပတ်ပြီး မရောင်းပါနဲ့။ သတ်မှတ်ထားတဲ့ ဈေးတွေမှာ ရောင်းကြပါဟု ဦးညီရမ်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.

ဈေး လာရောင်းသူများအား မလာရ၊ မရောင်ဟု မတားမြစ်ထားသော်လည်း နယ်လွန်၍ ရွာစဉ်လျှောက်ရောင်းချမည့် အစား သတ်မှတ်ထားသည့် ဈေးနေရာများတွင်သာ ရောင်းချရန် သတိပြုစေလိုကြောင်းကိုလည်း ၄င်းက ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဇန်န၀ါရီလ အစောပိုင်းရက်များက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းဒေသအတွင်းသို ဈေး သွားရောက် ရောင်းချသည့် ၀မ်းတွင်း(သဲတော)၊ ခင်ကြီးရွာမှ ဈေးသည် ၅ ဦးအား စုံစမ်းရှာဖွေ တွေ့ရှိ၍ ခေတ္တထိန်းသိမ်းကာ ဇန်န၀ါရီလ ၂၀ ရက်တွင် ပြန်လည်စေလွှတ်ပေးခဲ့ပြီးနောက် ၄င်းက ယခုကဲ့သိုပြောကြားခြင်း ဖြစ်သည်။
.
အဆိုပါ ဈေးသည် ၅ ဦးမှာ ကော်ဇော၊ အခင်း စသည်တို့အား ဆိုင်ကယ်ဖြင့် တင်၍ ရွာစဉ်လိုက် ရောင်းချနေရာမှ ပထမ ၂ ဦးသည် ဇန်န၀ါရီလ ၅ ရက်တွင် လည်းကောင်း၊ ဒုတိယ ၃ ဦးသည် ၁၁ ရက်တွင် လည်းကောင်း ပန်ခွန်ဂိတ်ကို ကျော်ဖြတ်ကာ “၀” ဒေသသို ၀င်ရောက်ဈေး ရောင်းချစဉ် ပျောက်ဆုံးနေသဖြင့် စ်ကို တော်စပ်သူ ကိုသီဟစိုးက လားရှိုးမြို့နေ RFA သတင်းထောက် ကိုကံသာအား ဆက်သွယ် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ပြီး ကိုကံသာမှ ပျောက်ဆုံးနေသူများ၏ အမည်၊ မှတ်ပုံတင် အမှတ်များဖြင့် ဦးညီရမ်းထံသို့  ဆက်သွယ် အကူအညီတောင်းခံခဲ့ခြင်းကြောင့်  နောင်တွင် ဈေး လာရောင်းပါက သတ်မှတ်သည့် ဈေးများတွင်သာ ရောင်းချရန် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တင်ပြထားပြီး ၄/၅ ရက် ကြာတော့ မိသားစုတွေက စိတ်ပူပြီး မေးမြန်းနေကြလိုထပ်ဆက်သွယ်ကြည့်တာမှ နယ်လွန်ပြီး ရောက်နေတဲ့ သူတွေကို တွေနေပြီ စိတ်မပူဖို့ ကိုညီရမ်းက ပြန်ပြောပြီး အခု ၂၀ ရက် မွန်းလွဲပိုင်းမှာ ကွမ်းလုံကို ပြန်ရောက်နေပြီလိုကိုငွေစိုးက ဖုန်းဆက်ပြောလာတယ် ပျောက်ဆုံးသူတွေရော မိသားစုတွေရော ကိုညီရမ်းကို ကျေးဇူးတင်နေကြတယ်ဟု ကိုကံသာက ပြောသည်။
.
ခေတ္တ ထိန်းသိမ်းခံရပြီးနောက် နေရပ်သို ပြန်လည်ရောက်ရှိလာသူများမှာ ကိုဇင်မင်းထွန်းကိုဝင်းဗိုလ်ကိုနိုင်ကြည်လင်းစိုင်းစိုင်းနှင့် ကိုခိုင်လင်းတို့ ဖြစ်ပြီး ၄င်းတိုအား မေးမြန်းစိစစ်မှုများသာ ပြုလုပ်ပြီး ကောင်းမွန်စွာ ဆက်ဆံကြကြောင်း သိရသည်။
.
အခု ကွမ်းလုံမှာပါ၊ လားရှိုးမှာ ကိုကံသာနဲဝင်တွေ့ပြီး လောလောဆယ်တော့ အိမ်ပြန်ကြပါ့မယ်ဟု ကွမ်းလုံတွင် ပြန်လည် ရောက်ရှိနေသူများကို စောင့်ကြိုနေသည့် ခင်ကြီးရွာမှ ကိုငွေစိုးက ပြောသည်။
.
ဈေး ရောင်းချသူများသည် ရှမ်းပြည်နယ်၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းရှိ မိုင်းမော၊ ပန်ဆန်းဘက်သို့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှ သာမက ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမှ လည်းကောင်း၊ အမှတ်(၁၇၁) စစ်ဒေသ တောင်ပိုင်း မိုင်းတုံ၊ ဟွေအောမှ လည်းကောင်း မော်တော်ဆိုင်ကယ်များဖြင့် ပစ္စည်းမျိုးစုံ လာရောက် ရောင်းချနေသည်များ ရှိနေသဖြင့် သတ်မှတ်ထားသည့် ဈေးနေရာများတွင်သာ ရောင်းချရန် အသိပေးထားကြောင်း “၀” ဆက်ဆံရေးရုံးမှ သိရသည်။
.
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်များကို ခရိုင် ၂ ခု ခွဲ၍ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

Journal Download

Photo of three cats