ခရီးထွက်ရန် စိတ်မပါခြင်းနှင့် အချိန်တိကျခြင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, January 29, 2019

ခရီးထွက်ရန် စိတ်မပါခြင်းနှင့် အချိန်တိကျခြင်း

စိုင်းကင်းကွဲ
.
.
မိမိတို့ မြို့ရွာမှ တစ်ရပ်တစ်ကျေးသို့ ထွက် ခွာရမည့် အလုပ်ကို မြန်မာလူမျိုးများ အလွန် ဝန်လေးကြသည်။ ဝန်လေးရသည့် အကြောင်း မှာ ထိုရပ်ရွာများတွင် အဆင်မပြေဖြစ်မည်ကအ ဓိကအကြောင်း ဖြစ်သည်။ ယခုခေတ်တွင် နည်း ပညာတိုးတက်မှုကြောင့် ထိုအရပ်ဒေသများ၏ အခက်အခဲများကို ကြိုတင်လေ့လာနိုင်ကြသည်။ အဆက်အသွယ်များကို ကြိုတင်လေ့လာရှာဖွေ နိုင်ကြသည်။ ပြဿနာများကို ကြိုတင်သိနိုင်ကြ ပြီး မည်သို့ဖြေရှင်းရမည်တို့ကိုလည်း ကြိုတွေး စိတ်ကူးထားလို့ ရပါသည်။ လက်တွေ့တွင်လည်း မိမိတို့ ကြိုတွေးထားသည့်အတိုင်း မဟုတ်သော် လည်း အနီးစပ်ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ ဤသည်ကား မိမိတို့နိုင်ငံမဟုတ်သည့် အခြား သော သူစိမ်းတရံစာများ နေထိုင်သည့် တိုင်း ပြည်များ၏ အနေအထားတွင် ဖြစ်သည်။ အနီး ဆုံးဆိုရသော် မိမိလုံးဝ အဆင်မပြေသည့် အခါ ကိုယ့်နိုင်ငံသို့ ပြန်လာလိုက်ရုံသာ၊ ကိုယ်ရင်နှီး ထားသည့် စာရိတ်နှင့် အေးဂျင့်ကို ပေးလိုက် ရသည့်ငွေတော့ 'ပလုံ'ရုံသာဟု ဖြေတွေးတွေး လျှင် ရပါသည်။ 'ကိုယ်ညံ့လို့ ကိုယ်ခံရတာ'ဟု ကိုယ့်ကိုကိုယ် အပြစ်တင်လျှင်လည်း ရပါသည်။ တခြားသူများကို ရင်ဖွင့်လျှင်လည်းရပါသည်။
.
သို့သော် မြန်မာလူမျိုးဖြစ်လျက်သားနှင့် မြန်မာပြည်တွင်း ခရီးသွားရမည်ကို ဘာကြောင့် တွန့်ဆုတ်နေရသနည်းကိုမူ အဖြေမှန် မထုတ် နိုင်ခဲ့ပါ။ ငွေကြေးအလုံအလောက်နှင့် ခရီးထွက် သည့်တိုင် မိမိတို့လိုက်ပါ စီးနင်းသည့် ယာဉ်များ၊ ကားများ၏ အခြေအနေကို မိမိစိတ်တိုင်းကျမ ဖြစ်ခြင်းလည်း ပါသည်။ ခရီးစဉ်အတွင်း အချိန် မမှန်ခြင်းလည်း ပါသည်။ အတူတူသွားလာသည့် ကျန်ခရီးသည်များ၏ အပြုအမူကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ခြင်းလည်း ပါသည်။ မည်သည့် အကြောင်းအရာဟု ရေရေရာရာ မ ဖော်ပြနိုင်သော်လည်း မိမိသာ ခရီးမသွားခြင်း သာ အဖတ်တင်မည်၊ ကျန်သော နိုင်ငံသားအ ပေါင်းတို့မှာ ပျော်ပျော်ရွှင်ရွှင်၊ ခရီးထွက်ကြသည်။ နယ်လှည့်ဘုရားဖူးခရီးထွက်ကြသည်။ ညအိပ် ခရီးရှည်များ ပျော်ပျော်ပါးပါး ခရီးထွက်ကြ သည်။ နိုင်ငံအနှံ့အပြားသို့ အလည်အပတ်ထွက် ကြသည်။ ထိုသို့ အလည်အပတ် မသွားနိုင်သူ များကလည်း အနီးအပါးမြို့ရွာများသို့ နေ့ချင်း ပြန် ခရီးလောက်တော့ ထွက်ကြသည်။ တ ကယ်တော့ ခရီးယာယီထွက်ခြင်းကြောင့် စိတ် အပြောင်းအလဲ ဖြစ်သွားကြသည်။ လုပ်ငန်းခွင် အတွင်း ငြီးငွေ့မှုကိုလည်း ကုစားပေးနိုင်သည်။ ကိုယ့်လုပ်ဖော် ကိုင်ဖက်အချင်းချင်း ပိုရင်းနှီးမှု ရှိလာသည်။ အကြံကောင်းများ၊ စိတ်ကူးကောင်း များကိုလည်း ရရှိနိုင်သည်။ ခရီးထွက်ခြင်း၏ အကျိုးထူးများကား များပြားလှသည်။ ငွေကုန် လူပန်း ခရီးစဉ်များလည်း ရှိသည်ဟု ဆိုလျှင် လည်း မငြင်းလိုပါ။ ကောင်းကျိုးရှိသလို အကျိုး မရှိသည့် ခရီးစဉ်များလည်း ရှိပါသည်။ သက် ဆိုင်ရာ လူပုဂ္ဂိုလ်၏ လက်ခံမှုအပေါ် မူတည်ပါ သည်။ ခရီးတစ်ခုအပေါ် သိမ်းကျုံးပြီး ဝေဖန်၍ မဖြစ်ပါ။
.
ခရီးစဉ် တစ်ခုအပေါ် ဝေဖန်ခြင်းထက် ခရီး သည် ပို့ဆောင်ရေးအပေါ် သုံးသပ် ဝေဖန်ပါက ပို၍ သင့်တော်ပါသည်။ မြန်မာ့သယ်ယူပို့ဆောင် ရေးသည် အလွန်အားနည်းနေသည်ဟု အန်န် အယ်လ်ဒီ အစိုးရ၏ အကြံပေးအဖွဲ့ဖြစ်သော မြန်မာဖွံ့ဖြိုးမှု အဖွဲ့အစည်း၏ စီးပွားရေးစာစောင် တွင် ဖော်ပြထားပါသည်။ မဲခေါင်ဒေသ လမ်းပန်း ဆက်သွယ်မှုတွင် မြန်မာသည် အောက်ဆုံးအ ဆင့်တွင် ရှိနေပြီး ယူနန်နှင့်ဗီယက်နမ်သည် အ မြင့်ဆုံးအဆင့်တွင် ရှိနေပါသည်။ မြန်မာပြည် တွင် ကျေးရွာအချင်းချင်း လမ်းပန်းဆက်သွယ်မှု မရှိသည့် တော်တော်များများသော နေရာများ တွင် တွေ့ရသည်။
.
ဥပမာ- ရခိုင်ပြည်နယ်တွင် ကျေးရွာ ၄ဝ ရာခိုင်နှုန်းလောက်သည် လမ်းအဆက်အသွယ် မရှိကြသည်ကို တွေ့ရသည်။ ချင်းပြည်နယ်တွင် လည်း အလားတူ ဖြစ်ပါသည်။ ကရင်ပြည်နယ် တွင် ကျေးရွာ ၃ဝ ရာခိုင်နှုန်း၊ မကွေး၊ ဧရာဝတီ နှင့် ကချင်ပြည်နယ်တွင် ကျေးရွာပေါင်း ၂ဝ ရာ ခိုင်နှုန်းသည် လမ်းအဆက်အသွယ် မရှိကြပေ။ နေပြည်တော်နှင့် ရန်ကုန်တိုင်းများတွင်ပင် လမ်း အဆက်အသွယ် မရှိသည့် ကျေးရွာပေါင်း ၁ဝ ရာခိုင်နှုန်းခန့် လမ်းအဆက်အသွယ်မရှိသည်ကို တွေ့ရသည်။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါး သည့် ရလဒ်များ ဖြစ်သည်။ ပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဦးသိန်းစိန် ဦး ဆောင်သည့် အစိုးရသည် အေဒီဘီ အာရှဖွံ့ဖြိုး ဘဏ်ကို တာဝန်ပေးပါသည်။ အေဒီဘီမှသက် ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက် မှုကို ရယူပြီး 'နှစ်' နှစ်သုတေသန လုပ်ပါသည်။ အန်န်အယ်လ်ဒီ အစိုးရတက်လာချိန်တွင် အေ ဒီဘီ၏ အစီရင်ခံစာ ထွက်လာပါသည်။ ပို့ ဆောင်ရေးကဏ္ဍ ပြုပြင်ရေး အစီရင်ခံစာဖြစ် သည်။
.
အိမ်နီးချင်းများနှင့် ကျေးလက်ဒေသများအ ချင်းချင်း ဆက်သွယ်နိုင်သည့် စာရိတ်သက်သာ သည့် လုံခြုံစိတ်ချရသည့် သယ်ယူပို့ဆောင်ရေး စနစ်ကို လာမည့် ၁၂ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည့် စီမံကိန်းကြီး ဖြစ်သည်။ ပို့ ဆောင်ရေး ကဏ္ဍကို မည်သို့ ပြုပြင်မည်နည်း၊ ပို့ဆောင်ရေး စာရိတ်သက်သာအောင် မည်သို့ လုပ်ကြမည်။ ရထားပို့ဆောင်ရေး၊ ကားလမ်းပို့ ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး စသဖြင့် ဘက်ပေါင်းစုံမှ သုတေသနလုပ်ပြီး အေဒီဘီမှ အကြံပေးထားခြင်းကြောင့် စာမျက်နှာ ၁ဝဝ ကျော်ရှိပါသည်။
.
ပို့ဆောင်ရေးအတွက် တိုင်းပြည်၏ အသား တင် ထုတ်လုပ်မှု ဂျီဒီပီ၏ ၃ ရာခိုင်နှုန်း၊ ၄ ရာ ခိုင်နှုန်းခန့် အနည်းဆုံး သုံးနိုင်မှ ရည်ရွယ်ချက် အောင်မြင်နိုင်မည်ဟု အေဒီဘီမှ ခန့်မှန်းထား သည်။ ဤပမာဏသည် လွန်ခဲ့သော ၁ဝ နှစ်အ တွင်း သုံးခဲ့သည်ထက် ၃ ဆခန့် ပိုများနေသည် ဟု ဆိုပါသည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က တိုင်းပြည် ဂျီဒီပီ ပမာဏ၏ ၁ ရာခိုင်နှုန်းကျော် ကျော်ခန့်သာ အသုံးပြုခဲ့သည်ဟု သိရသည်။ ထိုအကျိုးဆက်ကြောင့် မြန်မာ့ လမ်းပန်းဆက် သွယ်ရေး မဲခေါင်နိုင်ငံများနှင့် ယှဉ်သော် အညံ့ ဆုံးဖြစ်နေသည်။ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများသည် ပို့ဆောင်ရေးအတွက် တိုင်းပြည် အသားတင် ထုတ်လုပ်မှု၏ ၄ ရာခိုင်နှုန်းကျော် နှစ်စဉ်အသုံးပြုခဲ့သည်။
.
ဤသို့ အသုံးပြုနိုင်ရန် လမ်းကွန်ရက် အ သုံးပြုခကို တိုးမြှင့်ကောက်ခံရန် အကြံပေးထား သည်။ ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်း လုပ်ဆောင် သည့် လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ရန် လည်း အကြံပေးထားသည်။ ထို့ကြောင့် လာ မည့် ၁၅ နှစ်အတွင်း ပို့ဆောင်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၆ သောင်းခန့် ရင်းနှီးမြှုပ်နှံရန် လိုမည်ဟု လက်ရှိ အန်န်အယ်ဒီ အစိုးရကခန့် မှန်းထားသည်။ လိုအပ်သည့် အရင်းအနှီး၏ ၃ ပုံ ၁ ပုံသာ အစိုးရမှ ထောက်ပံ့ပေးနိုင်သည်ဟု ပို့ဆောင်ရေးဌာန၏ အမြဲတမ်း အတွင်းဝန် ဦး ဝင်းခန့်က စင်္ကာပူအခြေစိုက် အဖွဲ့နှင့် တွေ့ဆုံ စဉ်က ပြောခဲ့ပါသည်။ အရင်ကာလများက တ ရုတ်ပြည်၏ အကူအညီကို အမြဲတမ်း လက်ခံခဲ့ ပေမယ့် ယခုကာလတွင် ပုဂ္ဂလိကများနှင့်လက် တွဲ လုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဆို သည်။ မြန်မာ့စီမံကိန်းကြီးများကို သုံးသပ်ကြည့် လျှင် ထိန်းသိမ်းရေးအပိုင်းတွင် အားနည်းချက် များ ရှိနေပါသည်။ အခြေခံ အဆောက်အအုံ များ ယိုယွင်းပျက်စီးမှုများ ရှိနေသည်။ ရထား သယ်ယူ ပို့ဆောင်ရေးတွင် ၁ဝ ရာခိုင်နှုန်းသာ သုံးနိုင်သောကြောင့် မော်တော်ကားကို အားကိုး နေရပါသည်။ ယခုကာလတွင် ဂျပန်အစိုးရနှင့် အေဒီဘီ အာရှဖွံ့ဖြိုးရေး ဘဏ်တို့၏ အကူအညီ နှင့် ရထားပို့ဆောင်ရေးကို ပြုပြင်နေကြသည်။ ဒေါ်လာသန်း ၂ဝဝ ကျော် ဂျပန်နိုင်ငံမှ ချေးယူ ပြီး ရန်ကုန်၊ မန္တလေး ရထားလမ်းကို ပြုပြင်နေ ပါသည်။ ပြီးစီးသွားပါက ရန်ကုန်မန္တလေး ရ ထားခရီးသည် ၉ နာရီသာ ကြာမြင့်မည်ဟု ဦး ဝင်းခန့်က ပြောကြားခဲ့သည်။ နောက်ထပ် သုံး လေးနှစ်အတွင်း ပြီးစီးမည်ဟု မျှော်လင့်ရပါ သည်။
.
အရှုံးထွက်နေသည့် နိုင်ငံတော် ရထားပို့ ဆောင်ရေးကို အမြတ်အစွန်း ရအောင် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် အေဒီဘီ အာ ရှ ဖွံ့ဖြိုးရေးဘဏ်၏ အကူအညီများ ရယူနေ ကြောင်း သိရသည်။ ရထားပို့ဆောင်ရေး လုပ် ငန်းတွင် ရထားတွဲခေါင်းများ၊ ရထားတွဲများ၏ ပြင်ဆင်ရသည့် စာရိတ်သည် ရထားမှ ရရှိသည့် ဝင်ငွေထက် ပိုများနေပါသည်။ ရထားပို့ဆောင် ရေးဆိုင်ရာ စက်ပစ္စည်းများနှင့်ရထားလမ်း ထိန်း သိမ်းရေးအတွက် ခေတ်မီအတတ်ပညာကို သုံး မည်ဟု ဆိုပါသည်။ ရန်ကုန်မြို့ပတ်ရထားကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဒေါ်လာသန်း ၂ဝဝ ကျော် သုံးမည်ဟုလည်း သိရသည်။ ဂျ ပန်နိုင်ငံမှ ချေးထားသည့် ပိုက်ဆံများဖြစ်သည်။ တရုတ်ဘတ်(စ်) ကားတစ်ထောင်စီးကျော် ဝယ် ယူပြီး မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် အ သုံးပြုမည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် အ ချိန်ဇယားနှင့် လိုင်းကားပြေးဆွဲခြင်းဖြစ်သည်။ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ်က အမြဲတမ်း စောင့်ကြည့်ရန် လိုအပ်သည်ဟု မြင်ထားပါ သည်။ ဘတ်(စ်)ကား ပို့ဆောင်မှု အချိန်မှန်ရေး ကို အဓိကထားပြီး ကုမ္ပဏီများကို ကန်ထရိုက် ပေးသင့်သည်ဟုလည်း အကြံပြုထားပါသည်။
.
မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ခရီးသွား သည့်အခါ အများစုသော ပြည်သူများသည် မော်တော်ကားကို အားကိုးကြရသည်။ ရထား လမ်းနှင့် ရေကြောင်းခရီးလမ်းများသည် ကန့် သတ်ချက်များ ရှိနေသော်လည်း မော်တော်ကား သည် ကန့်သတ်ချက်ကျဉ်းမြောင်းနေသည်က လည်း ပါခြင်းကြောင့် ဖြစ်မည်။ ထို့ကြောင့်ပင် တွင်ကျယ်စွာ အသုံးပြုကြခြင်း ဖြစ်သည်။ မြန် မာပြည် အနှံ့အပြားတွင် ကုန်စည်ပို့ဆောင်ရေး ရော ခရီးသည်များ ယာယီပို့ဆောင်ရေးအတွက် ထွေလာဂျီယဉ်များကို တွင်ကျယ်စွာဖြင့် အ သုံးပြုကြသည်။ သို့သော် ခရီးတိုများကိုသာ ဖြစ်သည်။ ခရီးရှည်များအဖြစ် ဥပမာ ရန်ကုန်မှ မန္တလေးလို ခရီးရှည်များအတွက်မူ ပုဂ္ဂလိက ခရီးရှည်များ ပို့ဆောင်ရေး ခရီးသည်တင် မော်တော်ယာဉ် ဘတ်(စ်)ကားများကိုသာ အား ကိုးနေကြရသည်။ ယခုလို ၂၁ ရာစု၏ နှစ် ဦးပိုင်းကာလတွင် ခေတ်မီသော ခရီးသည်တင် ဘတ်(စ်)ကားများဖြင့် ဝင်ရောက်ပြေးဆွဲ နေသည့် ပုဂ္ဂလိကပိုင် ဘတ်(စ်)ကား လိုင်း များလည်း မြန်မာပြည်တွင်အများအပြား တွင် ကျယ်လာသည်။ မြို့ကြီးတော်တော်များများကို အခြေပြုပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများ ကလည်း အများအပြား ရှိလာသည်။ သွားချင် သည့် ဒေသများသို့ ဦးတည်ပြေးဆွဲသည့် ယာဉ် လိုင်းများလည်း ရှိလာသည်။ တစ်နည်းဆိုရ သော် ယနေ့ မြန်မာပြည်တွင် ခရီးသွားရသည်မှာ လွန်ခဲ့သော နှစ် ၂ဝ နှင့် ဘာမှ မဆိုင်တော့ဟု ဆိုနိုင်သည်။ နိုင်ငံနဲ့ တစ်ဝန်း ပြောင်းလဲမှုများ အရှိန်ကောင်းကောင်း တွေ့နေရသည်။ အချို့ သော ပြောင်းလဲမှုများသည် ကိုယ်ကျိုးအတ္တကို အခြေခံပြီး ပြောင်းလဲမှုများလည်း ရှိသည်။ ထို ပြောင်းလဲမှုများသည် အခြေခံပြောင်းလဲမှုမှလာ ခြင်း မဟုတ်၍ ရေရှည်မဖြစ်သော်လည်း ပါဝင် ပတ်သက်သည့် လူကောင်းတချို့၏ အားထုတ် မှုကြောင့် အပြောင်းအလဲသည် စတင်နေသည် ဟု ဆိုနိုင်သည်။
.
ဥပမာ မြို့ကြီးတစ်ခု၌ ဖြစ်ခဲ့သည်ကို ကြည့် လျှင် မြို့အာဏာပိုင် တချို့က အဝေးပြေးကား ပိုင်ရှင်များသို့ အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အသစ်ဆောက်လုပ်ထားသည့် အဝေးပြေးကား ဂိတ်သို့ မည်သည့်ရက်တွင် အပြီးပြောင်းရွှေ့ရ မည်ဟု ဆိုပါသည်။ ယာဉ်ပိုင်ရှင်များ မပြောင်း ရွှေ့လိုကြပါ။ အကြောင်းမှာ ကားဝင်းထဲရှိယာဉ် ရပ်နားစခန်းထဲတွင်ရှိ အခန်းများ ဝယ်ယူပြီးမှ ကားဂိတ်ကို ဖွင့်နိုင်ခြင်းကြောင့် ဖြစ်သည်။ ဈေး ကလည်း သိန်း ၈ဝဝ အထိ ရှိနေသည်။ အရင်း ကျေရန် နောက်သုံးလေးနှစ်တောင်မသေချာလှ ပါ။ ထို့ကြောင့် စိတ်မပါကြခြင်း ဖြစ်သည်။ ထို အဖြစ်မျိုးသည် မကြာခဏ အကြိမ်ပေါင်းများ စွာ ပြောင်းရွှေ့ခဲ့ရသည်။ ဝေးသည်။ မြို့ထဲ ရောက်နေသည်။ စနစ်မကျစသည့် အကြောင်း ပြချက်မျိုးစုံဖြင့် အဝေးပြေး ကားဂိတ်သစ်ဖွင့် နိုင်ရန် ကြိုးစားကြသည်။ ဖွင့်သည့် ပုံစံမှာ မိမိ တို့ အာဏာပိုင်အဖွဲ့မှ လက်ခံသည့် အလွမ်း သင့်သည့် ကုမ္ပဏီ တစ်ခုခုကို အခန်းတွဲများပါ ရှိသည်။ တစ်ထပ်၊ တစ်ထပ်ခွဲရှိသည့် အခန်း ပေါင်း ၁ဝ ခန်း၊ အခန်းတွဲပေါင်း ၁ဝ တွဲလောက် ရှိသည့် တိုက်ခန်းများ ဆောက်ခိုင်းလိုက်ခြင်း ဖြစ်သည်။ အာဏာပိုင်များက ယာဉ်လိုင်းပိုင်ရှင် များကို ထိုကားဝင်းသို့ ရွှေ့ပြောင်းဖွင့်ရန် အမိန့် ထုတ်ပြန်လိုက်ရုံသာ လွယ်လွယ်လေး ဖြစ် သည်။ ယာဉ်လိုင်းပိုင်ရှင်များက ထိုကားဝင်းထဲ ရှိ ယာဉ်လိုင်း၊ ဖွင့်လှစ်ရန် အခန်းကို ဝယ်ယူရ သည်။ အခန်းမလောက်လျှင် ၂ ခန်း၊ ၃ ခန်း စသဖြင့် ပိုဝယ်ရသည်။ ယာဉ်လိုင်းများသည် ထိုနေရာမှ စထွက်ရသလို ပြန်ရောက်လျှင် လည်း ထိုနေရာများတွင်သာ ခရီးဆုံးပါသည်။ ထိုနေရာများသည် ခရီးသည် လက်မှတ်ရောင်း ရာ၊ ကုန်ပစ္စည်းလက်ခံရာ၊ ကုန်ပစ္စည်းခေတ္တ ထားရာ၊ ခရီးသည် နားနေရာ အားလုံးစုဝေးနေ သည့် အခန်းကျဉ်းကလေးသာ ဖြစ်သည်။ ထို နေရာသည် ယာဉ်လိုင်းများသည့် နေရာလည်း ဖြစ်နိုင်သလို ယာဉ်နည်းပါးသည့် ယာဉ်ရပ်နား စခန်းလည်း ဖြစ်နိုင်သည်။ ခရီးသည်တင် ဘတ် (စ်)ကားများသည် သတ်မှတ်အချိန်ထက် ၁၅ မိ နစ်၊ နာရီဝက်လောက် ကြိုရောက်ပြီး စောင့် ဆိုင်းနေသည့် ခရီးသည်တင်များ ထွက်ခွာရုံသာ ဖြစ်သည်။ ထိုတစ်နေရာတည်းမှပင် နာရီဝက် စီးထွက်ခွာနိုင်ပါသည်။ ကားတစ်စီး ရပ်နားစရာ နေရာတစ်ခု ရှိလျှင် တစ်နေ့ ၁၂ နာရီအလုပ် လုပ်ရုံဖြင့် တစ်နေ့ကား ၁၂ စီး ထွက်ခွာနိုင်ပါ သည်။
.
မော်တော်ယာဉ် ပိုင်ရှင်က ၁၅ မိနစ် နာရီ ဝက် စောင့်ဆိုင်းရုံဖြင့် စတင်ထွက်ခွာနိုင်သည်။ ထိုကားဝင်းထဲတွင် တစ်နေ့လုံး ထိုးစရာမလို ခရီးသည်များကလည်း မိမိစီးရမည့် ကားပေါ် အသင့် တက်လိုက်ရုံသာဖြစ်သည်။ အရေးကြီး သည်မှာ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် မှန် ကန်တိကျရေး ဖြစ်သည်။ မြန်မာစံတော်ချိန်ဟု အပြောင်အပျက် ပြောသည့်ခေတ် မဟုတ်တော့ သည်မှာ အသေအချာ ဖြစ်နေပါပြီ။
.

No comments:

Post a Comment

Recent Tube