တာချီလိတ်တွင် ငွေကျပ် သိန်းပေါင်း ၂၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို သယ်ဆောင်/ရောင်းချသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ငွေကျပ် သိန်းပေါင်း ၂၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို သယ်ဆောင်/ရောင်းချသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိ

မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင် (က) ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့တွင် ဇန်နဝါရီလ ၉ ရက်၊ ညပိုင်းက တန်ဖိုး ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများကို သယ်ဆောင်သူနှင့် ရောင်းချသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇန်နဝါရီလ ၉ ရက်၊ ည ၁၀ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ ခရစ်ယာန် ဘုရားကျောင်းလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ခရစ်ယာန်ဘုရားကျောင်းသွားလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ စိုင်းရှဲန်လာ(ခ)စိုင်းရှဲန်လှ မောင်းနှင်လာသော မော်တ်ာဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ ခွကြားရှိ ကျောပိုးအိတ်နှင့် ဆိုင်ကယ်တူးလ်ဘောက်စ်အတွင်းမှ လက်ဘက်ခြောက်အိတ်ဖြင့် ထည့်လျက် တစ်ထုပ်လျှင် မက်သာ အဖက်တမင်းဟိုက်ဒြိုလ်ကလိုရိုက်(အိုက်စ်)ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် တစ်ကီလိုခန့်စီပါ ၁ဝ ထုပ်၊ အလေးချိန် ၁ဝ ကီလိုခန့် (ဒေသတန်ဖိုးကျပ်ငွေသိန်း ၂ဝဝဝ)ခန့်အား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိ တရားခံအား ဆက်လက် စစ်ဆေးချက်အရ အဆိုပါ အိုက်စ်များမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဟံသာဝတီလမ်းနေ ဒေါ်မွှေးလိန် ရောင်းချခိုင်းသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ဒေါ်မွှေးလိန် နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းထံမှ မူးယစ်ဆေးဝါးရောင်းချပေးရန် ဆက်သွယ်ပြောဆိုခဲ့သည့် အနက်ရောင် ဖုန်းတစ်လုံးအား တွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းရှဲန်လာ(ခ)စိုင်းရှဲန်လှ(၃၂ နှစ်)၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် မူးယစ်ဆေးဝါးရောင်းချပေးရန် စေခိုင်းခဲ့သူ ဒေါ်မွှေးလိန်(၄၈ နှစ်)၊ ဆိုင်ဆန်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats