ခွင့်ပြုချက်မရှိသော မုန့်များ ရောင်းချသည့် ကျိုင်းတုံမြို့ရှိ အခြေခံပညာကျောင်းများမှ ဈေးဆိုင်များကို ပိတ်သိမ်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, January 4, 2019

ခွင့်ပြုချက်မရှိသော မုန့်များ ရောင်းချသည့် ကျိုင်းတုံမြို့ရှိ အခြေခံပညာကျောင်းများမှ ဈေးဆိုင်များကို ပိတ်သိမ်း



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း ၂ ကျောင်းတွင် ကျိုင်းတုံခရိုင် စားသုံးသူ အကာအကွယ်ပေးရေး ကော်မတီမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ၌ ခွင့်ပြုချက်မရှိသည့် မုန့်များ ရောင်းချနေသော ကျောင်းမုန့် ဈေးဆိုင် ၄ ဆိုင်ကို အပြီးပိတ်သိမ်း ရန် ဒီဇင်ဘာလ ၂၆ ရက်တွင် ကျိုင်းတုံမြို့နယ် ပညာရေးမှူးရုံးမှ သက်ဆိုင်ရာကျောင်းများသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
.
ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ ၁၂/၂ဝ၁၈ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်ကျိုင်းတုံမြို့ရှိ အမှတ် (၂) အခြေခံပညာအ ထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံ ပညာအထက်တန်းကျောင်း များရှိ ကျောင်းမုန့်ဈေးဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ၂ ကြိမ်တွင် တရားဝင် ခွင့်ပြုချက်မရှိသော မုန့်များ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျိုင်းတုံမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ မုန့်ဆိုင် (၂)ဆိုင်နှင့် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ မုန့်ဆိုင် ၂ ဆိုင်တို့သည် ၂ဝ၁၈ ခု နှစ်၊ ဇွန်လနှင့် နိုဝင်ဘာလတို့တွင် ၂ ကြိမ်တိုင်တိုင် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ၌ သက်တမ်းလွန်မုန့်များ၊ ထောက်ခံချက်မရှိသော မုန့်များနှင့် ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံး ရက် မပါသည့် မုန့်များကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
''ပထမအကြိမ် စစ်ဆေးတွေ့ရှိ စဉ်က ပစ္စည်းသိမ်းဆည်းတာနဲ့ သ တိပေး လက်မှတ်ထိုးထားတွေကို လုပ်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ် ဖြစ်တာကြောင့် တရားမဝင်မုန့်တွေ ဆက်ရောင်းနေတဲ့ မုန့်ဆိုင်တွေကို ပိတ်သိမ်းဖို့ ကျောင်းအုပ်ကြီးတွေကို စာထွက် အကြောင်းကြားလိုက်ပါ တယ်''ဟု ကျိုင်းတုံမြို့နယ် ပညာရေး မှူးရုံးမှ လက်ထောက် ပညာရေးမှူး ဦးဇော်လင်းက ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ကျိုင်းတုံခရိုင် စားသုံးသူ အငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့သည် ကျိုင်းတုံ မြို့နယ်အတွင်းရှိ လက်လီ၊ လက္ကား ကုန်စုံဆိုင်များ၊ စားသောက်ကုန်နှင့် မုန့်မျိုးစုံ အရောင်းဆိုင်များ၊ အသား ကင်ဆိုင်များနှင့် ကျောင်းမုန့်ဈေးတန်း ဆိုင်များတွင် FDA ခွင့်ပြုချက် မရှိ သော စားသောက်ကုန်များ၊ ထုတ် လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန် ဆုံးရက် ဖော်ပြမထားသည့် စား သောက်ကုန်များ၊ မြန်မာစာဖြင့် ဖော် ပြထားခြင်း မရှိသည့် စားသောက်ကုန် များနှင့် ရောင်းချခွင့် သက်တမ်းလွန် နေသည့် စားသောက်ကုန်များကို ရောင်းချခြင်း မပြုရန် သတိပေးတား မြစ်ထားသည်ဟု ကျိုင်းတုံခရိုင် စားသုံးသူ ရေးရာ ဦးစီးဌာနမှ သိရသည်။
.

Recent Tube