တောင်ကြီးမြို့တွင် ကွမ်းရွက်ဈေးများ မငြိမ်မသက်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် ကွမ်းရွက်ဈေးများ မငြိမ်မသက်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်း



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ကွမ်းရွက်ဈေးနှုန်းများသည် မငြိမ်မသက်ဖြစ်ပေါ်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ကွမ်းရွက်၊ ကွမ်းသီးနှင့် ဆက်စပ်ပစ္စည်း ရောင်းချသူများထံမှ သိရသည်။
.
.
''ကွမ်းရွက်ဈေးက ဒီအချိန်ဆို နှစ်စဉ် ပုံမှန်ဈေးအတက်မြန်အကျမြန်တဲ့အချိန်လို့ ပြောလို့ရတယ်။ တက်ရင်လည်း ခဏ၊ကျရင်လည်း ခဏလို့ ပြောလို့ရတဲ့အချိန်ပေါ့။ ရှေ့တစ်ပတ်တုန်းကဆိုရင် ကွမ်းရွက် တစ်ပိဿာကို ၈ဝဝဝ ကနေ ၁၂ဝဝဝ ကြား ဈေးပေါက်တယ်။ အခုရက်ပိုင်းအတွင်း နည်းနည်းကျလာတယ်။ ဒီ နေ့ (ဒီဇင်ဘာလ ၂၈ ရက်)မှာ ကွမ်း ရွက်တစ်ပိဿာကို ၆ဝဝဝ ကနေ ၉ဝဝဝ ကြားဖြစ်လာတယ်''ဟု ကွမ်း ရွက်နှင့် ကွမ်းသီးရောင်းချသူ ဒေါ် သိန်းခင်မှ ကမ္ဘောဇတိုင်းသို့ပြောကြား ခဲ့သည်။
.
ပြီးခဲ့သည့် ရက်သတ္တပတ်အ တွင်းက မတ္တရာ ကွမ်းတစ်ပိဿာ လျှင် ၁၂ဝဝဝ ကျပ်ရှိပြီး မန္တလေး ကွမ်း တစ်ပိဿာလျှင် ၇၅ဝဝ ကျပ် ခန့်ရှိခဲ့ရာမှ ယခုအခါ မတ္တရာကွမ်း တစ်ပိဿာလျှင် ၉ဝဝဝ ကျပ်နှင့် မန္တလေးကွမ်း တစ်ပိဿာလျှင် ၆ဝဝဝ ကျပ်ခန့်သာ ပေါက်ဈေးရှိတော့ကြောင်း သိရသည်။
.
''အခုလောလောဆယ်ကတော့ ကွမ်းရွက်ဈေး၊ မတ္တရာတစ်ပိဿာကို ၉ဝဝဝ နဲ့ ဈေးငြိမ်နေတယ်။ အဲရှေ့ က တစ်ပိဿာကို ၁၂ဝဝဝ ရှိတယ်။ ဈေးနည်းနည်း ပြန်ကျလာတယ်လို့ ပြောရမှာပေါ့။ ကွမ်းသီးဈေးကလည်း ငြိမ်နေ ပါတယ်'' ဟု ကွမ်းရွက်၊ ကွမ်းသီးနှင့် ကွမ်းပစ္စည်းများ ရောင်းချ သူ နန်းငယ်ငယ်ထွေးကပြောသည်။
.
တောင်ကြီးမြို့ ကွမ်းရွက်၊ ကွမ်းသီးနှင့် ကွမ်းစားပစ္စည်းများ ဈေးကွက်တွင် ကွမ်းရွက်တစ်မျိုးတည်း သာ ဈေးနှုန်းသိသိသာသာတက်ခြင်း၊ ကျခြင်းရှိပြီး ကွမ်းသီးဈေးနှုန်းမှာ ထူးထူးခြားခြား အပြောင်းအလဲမရှိ ကြောင်း သိရသည်။
.
လက်ရှိတွင် ကွမ်းရွက်ဈေးနှုန်း မှာ ကွမ်းနုဝါအမျိုးအစား တစ်ပိဿာ လျှင် ၁၂ဝဝဝ ကျပ်ခန့်ရှိပြီး ကွမ်းသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၅ဝဝ ကျပ်ခန့်ရှိကြောင်း သိရှိရသည်။
.

Journal Download

Photo of three cats