ရှမ်းပြည်နယ်ထွက် နှင်းဆီပန်းများ ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ထွက် နှင်းဆီပန်းများ ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ



ရဲရင့်ဇွဲ
.
ရှမ်းပြည်ထွက် နှင်းဆီပန်းများအား ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီး ပန်းဈေးကွက်တွင် လူကြိုက်များလျက်ရှိပြီး အခြားဒေသထွက် ပန်းများနှင့် နှိုင်းယှဉ်ပါက ဈေးပိုရရှိသဖြင့် နှင်းဆီပန်းစိုက်ပျိုးသူ တောင်သူများ အဆင်ပြေလျက် ရှိသည်ဟု သိရသည်။
.
.
''ဒီအချိန်က နှင်းဆီဈေး အကောင်းဆုံးရတာပဲ။ ဖေဖော်ဝါရီလအကုန် ပူလာရင်အပွင့်ပိုထွက်လာလို့ ဈေးမရ တော့ဘူး။ ဒီဒေသက မြေ ကောင်းတော့ အပင်ဖြစ်ထွန်းမှုအား လည်းကောင်းတယ်။ အပွင့်လည်းပို ကြီးပါတယ်။ ထွက်သလောက် မန္တ လေး၊ ရန်ကုန်ကို တင်ပို့ရောင်းချပါ တယ်။ မနှစ်ကထက် ဈေးပိုရတော့ တောင်သူတွေလည်း တော်တော်လေး အဆင်ပြေကြပါတယ်''ဟု တောင် ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာ ၌ နှင်းဆီခြံလုပ်ငန်းကို ၄ နှစ်ကျော် စိုက်ပျိုးလုပ်ကိုင်နေသူ ဦးကျော်ဌေးက ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့ သည်။
.
နှင်းဆီစိုက်ပျိုးရာတွင် မပူလွန်း၊ မအေးလွန်းသည့်ဒေသသည် စိုက်ပျိုးရန်အကောင်ဆုံးဒေသဖြစ်ပြီး အပင်ပေါက် အရွယ်မှ စတင်စိုက်ပျိုးရ ကာ ၃ လသားအရွယ်တွင် အပွင့်စ ထွက်ပြီး နှင်းဆီပင်၏ သက်တမ်းသည် မြေအမျိုးအစား ပေါ်မူတည်၍ အနည်းဆုံး ၄ နှစ်မှ ၆ နှစ်အထိရှိ ကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့နယ်၊ ရေနွေးရွာနေ နှင်းဆီစိုက်ပျိုးသူ မခင်မျိုးမျိုကလည်း''နှင်းဆီအမျိုးအ စားစုံ စိုက်ပျိုးပါတယ်။ တရုတ်မျိုး၊ ယိုးဒယားမျိုးလည်းပါတယ်။ အဖြူ၊ အဝါ၊ အနီ၊ ပန်းရောင်နဲ့ပန်းဆီ မိတ် ကပ်ရောင် ရေမွှေးနှင်းဆီတွေလည်း ပါပါတယ်။ ရေမွှေးနှင်းဆီ မိတ်ကပ် ရောင်ကတော့ ဈေးအမြင့်ဆုံး ရပါ တယ်။ ဖောက်သည်ဈေးကို တစ်ပွင့် ၁ဝဝ ကနေ ၁၅ဝ ကျပ်အထိ ရပါ တယ်။ ကျန်တာကတော့ တစ်ပွင့်ကို ၅ဝ ကနေ ၈ဝ အထိ ရပါတယ်'' ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။
.
နှင်းဆီပင်များသည် သေချာပြု ပြင်ထိန်းသိမ်းပါက ရာသီမရွေးအ ပွင့်ထွက်ရှိပြီး လစဉ်ဝင်ငွေရရှိသည့် အပင် အမျိုးအစားဖြစ်ကာ တစ်ဧကလျှင် အပင် ၈ဝဝ နှင့် ၁ဝဝဝ ကြား စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်အနေ ဖြင့် ကျပ်သိန်း ၅ဝ နှင့် သိန်း ၁ဝဝ အကြား ကုန်ကျကြောင်း သိရသည်။ နှင်းဆီပင်သည် နေရာဒေသ မရွေး စိုက်ပျိုးနိုင်ပြီး မြေနေရာနှင့် ရာသီဥ တုအပေါ်မူတည်၍ အပင်ဖြစ်ထွန်းမှုနှင့် အပွင့်ကြီးထွားမှုကွာခြားကြောင်း သိရသည်။
.
လက်ရှိ ရှမ်းပြည်နယ်နှင်းဆီဈေးကွက်တွင် ရိုးရိုးနှင်းဆီ ၁ဝ ပွင့်ပါ တစ် စည်းလျှင် ကျပ် ၅ဝဝ မှ ၈ဝဝ ကျပ် အထိ ပေါက်ဈေးရှိနေပြီး ရေမွှေး နှင်းဆီ မိတ်ကပ်ရောင် ၁ဝ ပွင့်ပါ တစ်စည်းလျှင် ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
.

Journal Download

Photo of three cats