အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋီကျောင်းတော်တွင် ရွေကြာ မျက်နှာကျက်တော်များ ဆက်ကပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋီကျောင်းတော်တွင် ရွေကြာ မျက်နှာကျက်တော်များ ဆက်ကပ်လှူဒါန်း



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋီ ကျောင်းတော်တွင် ရွေကြာမျက်နှာကျက်တော်လှူဒါန်းပူဇော်ခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ုတွင် ပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ကြောင်း သိရသည်။ 
.
.
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကန္ဓကုဋီကျောင်းတော်တွင် လှူဒါန်း တပ်ဆင်ထားသော ရွှေကြာမျက်နှာကြက်တော်ကို မင်္ဂလာလိုက်ကာ ဖွင့်လှစ်ပူဇော်ပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ခဲ့ပြီး ဧည့်သည် မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
.
“မနက်က ရွှေကြာမျက်နှာကျက် လာလှူတယ်။ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပါတယ်။ လှူဒါန်းပွဲ ကို လာတဲ့သဘောပါပဲ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ရာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင် ညောင်ရွှေမြို့၊ မိုင်းသောက်ပထမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်ကို နာယူခဲ့ပြီး သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အလှူရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats