သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းကို အထူးဂုဏ်ထူးဆောင်ဆု ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းကို အထူးဂုဏ်ထူးဆောင်ဆု ပေးအပ်


နေပည်တော်နိုင်ငံတော်သမ္မတ အိမ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ ဇန်နဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့သော ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ပုမှတ်တမ်းလွှာ ပေးအပ်ချီးင့်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမင့်က ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းအား ၂၀၁၁ -၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ် အထိ တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၇ နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်မအတွက် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခဲ့ကြောင်း သိရသည်။
.

ထို့အတူ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်အား သမ္မတဦးဝင်းမင့်မှ ဂုဏ်ပုမှတ်တမ်းလွှာ ပေးအပ်ချီးင့်ခဲ့ရာ ကမ္ဘောဇဘဏ်၏ ဒုတိယအမဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက လက်ခံရယူခဲ့သည်။
.
ယင်း အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမင့်၊ အစိုးရအဖွဲ့ဝင် ပည်ထောင်စုဝန်ကီးများ၊ ဌာနဆိုင်ရာ အကီးအကဲများ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်တွင် နိုင်ငံတော် အခွန်ဘဏ္ဍာအတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော ပည်တွင်းနှင့် ပည်ပလုပ်ငန်းရှင် ၄၆ ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.


ကမ္ဘောဇဘဏ်လီမိတက်သည် အခွန်ဘဏ္ဍာတာဝန်ကို မြန်မာတစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၇ နှစ်ဆက် ကျေပွန်စွာ သယ်ပိုးထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မအတွက် တစ်ထောင့် တစ်နေရာမှ နေမအား၊ ညမနား အစွမ်းကုန် ကိုးပမ်း ဆောင်ရွက်လျက် ရှိသည့် အပြင် ကမ္ဘောဇဘဏ်၏ ဒုတိယအမဆောင်အရာရှိချုပ်များဖစ်သည့် ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တိုဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ် အလင်းတန်း မန်မာဖောင်ဒေးရှင်းမှာလည်း ဖောင်ဒေးရှင်း စတင်တည်ထောင်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ယနေအထိ ကဏ္ဍ အသီးသီးတွင် လူမျိုးဘာသာ မရွေး၊ နေရာဒေသ မရွေးဘဲ နိုင်ငံတော်နှင့် ပည်သူအတွက် စုစုပေါင်း ကျပ်ငွေ ၁၅၂ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီးဖစ်သည်။


.
ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းသည် ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်တွင် သမ္မတဟောင်း ဦးထင်ကျော်မှ ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ချီးမြှင့်သော နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆုကိုလည်း ရရှိခဲ့သူ ဖြစ်သည်။

Journal Download

Photo of three cats