မြန်မာငွေတန်ဖိုး နိမ့်ကျမှု၊ ဆင်းရဲမွဲတေမှုကြောင့် ပြည်ပနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အလုပ် လုပ်ကိုင်မှု များပြားနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာငွေတန်ဖိုး နိမ့်ကျမှု၊ ဆင်းရဲမွဲတေမှုကြောင့် ပြည်ပနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အလုပ် လုပ်ကိုင်မှု များပြားနေဟု ဆို



ထက်တိုင်းကျော်
.
မြန်မာငွေတန်ဖိုး နိမ့်ကျမှုနှင့် ပြည်သူများ ဆင်းရဲမွဲတေမှုကြောင့် ပြည်တွင်းမှ တိုင်းရင်းသားလူငယ်များ ပြည်ပနိုင်ငံသို့ တရားမဝင် ဝင် ရောက်၍ အလုပ်လုပ်ကိုင်မှု များပြား နေသည်ဟု တာချီလိတ် ဒေသခံ များမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
.
''အဓိက အကြောင်းတရားက တော့ မြန်မာငွေတန်ဖိုး နိမ့်ကျမှုနဲ့ ကိုယ့် နိုင်ငံသားတွေရဲ့ ဆင်းရဲမှု ကြောင့် ဖြစ်ပါတယ်။ ၁၉၈ဝ ခုနှစ် ဝန်းကျင်လောက်မှာ မြန်မာကျပ်ငွေ တန်ဖိုးမြင့်ပြီး ထိုင်းငွေတန်ဖိုးနိမ့် တဲ့အတွက် မြန်မာနိုင်ငံထဲကို ထိုင်း နိုင်ငံသား အလုပ်သမားတွေတောင် လာပြီးအလုပ်လုပ်တာ ရှိခဲ့ဖူးပါတယ်။ မြန်မာငွေကို ထိုင်းတွေအငမ်းမရလို ချင်တဲ့ရွှေခေတ်ဆိုတာ အခုတော့ ပုံပြင်ဖြစ်သွားပါပြီ''ဟု တာချီလိတ် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သည် ရေ ချောင်းတစ်ခုသာ ခြားနေသဖြင့် နှစ်နိုင်ငံတရားဝင် ဝင်ထွက်ပေါက်ဖြစ်သော အမှတ် (၁) ချစ်ကြည်ရေးတံ တားပေါ်မှ တရားဝင်ဖြတ်သန်းသွား လာ၍ အလည်အပတ် နှင့် အလုပ်လုပ်ကိုင်နေထိုင်ခွင့် လျှောက်ထား၍ သွားလာနိုင်သော်လည်း နှစ်နိုင်ငံမှ ပြည်သူအချို့သည် နယ်ခြားရေ ချောင်းမှ တရားမဝင် ဖြတ်ကျော်ဝင် ရောက်မှုများ၊ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အလုပ် လုပ်ကိုင်နေမှုများ ရှိနေ ကြောင်း သိရသည်။
.
မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရာတွင် နိုင်ငံကူးလက်မှတ်ရှိရုံ ဖြင့် မရဘဲ ဗီဇာ ရရှိမှသာ ထိုင်းနိုင်ငံတွင် နေထိုင်နိုင်မည် ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရှိမှသာ အလုပ် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်းကို  အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက  အသိပေး ကြေညာထားသည်။
.

Journal Download

Photo of three cats