ကျိုင်းတုံမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ခုတွင် ပညာရေးဝန်ထမ်းထံမှ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ခုတွင် ပညာရေးဝန်ထမ်းထံမှ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောအခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းသန့်ရှင်းရေး ဝန်ထမ်းအမျိုးသမီး၏ ကွမ်းယာဆိုင်နှင့် ကျောင်းဝင်းအတွင်းရှိ ယင်းအမျိုးသမီး၏ ဝန်ထမ်း အိမ်ရာတဲအတွင်း စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သဖြင့် တာဝန်မှ ရပ်စဲထားသည်ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးခွဲမှ သိရသည်။
.
.
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူမှာ ယန်းလောအခြေခံပညာအလယ်တန်းကျောင်းတွင်တာဝန်ထမ်းဆောင် နေသည့် သန့်ရှင်းရေးဝန်ထမ်း ဒေါ်ဌေးဌေးမော် (၅၀ နှစ်) ဆိုသူဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးများကို ၎င်းကိုယ်တိုင် သုံးစွဲ၍ လက်လီဖြန့်ဝေရောင်းချနေခြင်း ဖြစ်သည်ဟု သိရသည်။
.
“သတင်းရထားလို့ သေချာအောင် စောင့်ကြည့်ပြီးမှ အသိသက်သေတွေနဲ့အတူ ဇန်နဝါရီလ ၁၃ ရက်မှာ ကျောင်းဝင်း ရှေ့နားမှာရှိတဲ့ ဒေါ်ဌေးဌေးမော်ရဲ့ ကွမ်းယာဆိုင်နဲ့ ကျောင်းဝင်းထဲက ဝန်ထမ်းအိမ်ရာ အဖီတဲကို ဝင်ရောက်စစ်ဆေးရှာဖွေခဲ့တာဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့၊ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယန်းလောကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် သန့်ရှင်းရေးတာယန် ထမ်းဆောင်နေသော ဒေါ်ဌေးဌေးမော်သည် ယင်းကျောင်းရှေ့တွင် ကွမ်းယာဆိုင် ဖွင်လှစ်ရောင်းချပြီး ကွမ်းယာဆိုင်အောက်ရှိ သဲအတွင်း ပလတ်စတစ်ဖြင့် ထုပ်၍ မြုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြားစီ ခွဲထုပ်ထားသည့် အထုပ် ၃ ထုပ်နှင့် ကွမ်းယာဆိုင်၏ ဝဲဘက်အောက်ရှိ သဲအတွင်း၌ မြုပ်ထားသည့် မူးယစ်ဆေးပြား ၅ ပြားစီပါ အထုတ် ၈ ထုပ်၊ အဝါရောင် အအေးစုပ်ပိုက်အတွင်း ထည့်လျက် တစ်ခုလျှင် ဆေးပြား ၇ ပြားစီပါ ၂ ခု၊ စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၆၉ ပြားကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များသည် အသိသက်သေများနျင့်အတူ ကျောင်းဝင်းအတွင်းရှိ သန့်ရှင်းရေးဝန်ထမ်း ဒေါ်ဌေးဌေးမော် နေထိုင်သည့် ဝန်ထမ်နေအိမ်တဲအား ကျောင်းအုပ်ကြီး၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်တဲနှင့်ကပ်လျက် အဖီအတွင်း စပါးစေ့နှင့် ပြောင်းဖူးများကို ရောနှော၍ ထည့်ထားသည့် သံသေတ္တာအတွင်းမှ ကော်ဘူးနှင့်ထည့်ကာ ပလတ်စတစ်ဖြင့် ထုပ်ထားသည့် စိတ်ကြွမူးယစ်ဆေးပြား ၅ ပြားစီပါ အထုပ် ၂၀ နျင့် ရောင်စုံအအေးစုပ်ပိုက် ဖြတ်စများဖြင့် ထည့်ထားသည့် မူးယစ်ဆေး ၇ ပြားစီပါ ၁၅ ခုတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၂၀၅ ပြားကို ထပ်မံစစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မူးယစ်စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော သန့်ရှင်းရေးယန်ထမ်း ဒေါ်ဌေးဌေးမော်သည် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်မှစတင်၍ မူးယစ်ဆေးဝါးများကို ၎င်းကိုယ်တိုင် သုံးစွဲကာ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည် ဟု သိရပြီး ၎င်းအား ကျောင်းဝန်ထမ်းအဖြစ်မှ ရပ်စဲထားကာ အမှုစစ်ဆေးပေါ်ပေါက်ပါက တာဝန်မှ ထုတ်ပယ် သွားမည်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူမာက ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
.
အမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ ယန်းလောအခြေခံပညာအလယ်တန်းကျောင်း တွင် သန့ှ်ရှင်းရေးယန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကာ မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲ၍ ဖြန့်ချိရောင်းချ နေသည့် ဒေါ်ဌေးဌေးမော် (၅၁ နှစ်) အား ကျိုင်းတုံမြို့မရဲစခန်းမှ မယ (ပ)၁၇/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုေ ပြာင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) / ၂၀ (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats