၂ဝ၁၈ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ တရားစွဲဆိုခံရမှု နှစ်ချုပ်စာရင်းကို အသံအဖွဲ့မှ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂ဝ၁၈ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ တရားစွဲဆိုခံရမှု နှစ်ချုပ်စာရင်းကို အသံအဖွဲ့မှ ထုတ်ပြန်



မင်းဇော်မင်း
.
အသံအဖွဲ့ (လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်အဖွဲ့)မှ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ တစ်နှစ်တာအတွင်း ဒီ မိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ် သည့် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ဆိုင်ရာ တရားစွဲဆို ခံရသောအ မှုအရေအတွက် နှစ်ချုပ်စာရင်းကို ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်ကြေ ညာခဲ့သည်ဟု သိရသည်။
.
.
''ဒီမိုကရေစီ စံနှုန်းတွေနဲ့ မ ကိုက်ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင် ဆင်နိုင်မယ် ဆိုရင်တော့ ၂ဝ၁၉ ခု နှစ်အတွင်းမှာ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ရေးသားခွင့်လို အခြေခံလူ့ အခွင့်အရေးတွေ အပြည့်အဝ ရဖို့ မျှော်လင့်ပါတယ်''ဟု အသံအဖွဲ့၏ ဒါရိုက်တာ မောင်ဆောင်းခက ပြော သည်။
.
အဆိုပါ နှစ်ချုပ်စာရင်းတွင်ဆက် သွယ်ရေး ဥပဒေ၊ နိုင်ငံတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ ငြိမ်း စုစီ ဥပဒေတို့ဖြင့် တရားစွဲဆိုခံရသော အမှုအရေအတွက်နှင့် တရားစွဲဆိုခံရ သော သတင်းသမား အရေအတွက် တို့ကို ဖော်ပြထားရာ ၂ဝ၁၈ ခုနှစ်အ တွင်း ရုံးတင်စွဲဆိုမှု စုစုပေါင်း ၅၃ မှု ရှိကာ ယင်းအမှုများအနက် အစိုးရ အဖွဲ့မှ တရားစွဲဆိုသည့် အမှု ၈ မှု၊ လွှတ်တော်ကိုယ်စားလှယ်များမှ တ ရားစွဲဆိုမှု ၈ မှုနှင့် တပ်မတော်မှ တ ရားစွဲဆိုမှု ၁ မှု ပါဝင်ကြောင်း သိရသည်။
.
အမှုအမျိုးအစားများအား ရာခိုင် နှုန်းဖြင့် ဖော်ပြရာတွင် နိုင်ငံရေးဝေ ဖန်မှု ၂၆ ရာခိုင်နှုန်း၊ သတင်းရေး သား ထုတ်ဖော်ခြင်း ၄ ရာခိုင်နှုန်း၊ ဥပဒေမဲ့ လုပ်ရပ်များကို ထုတ်ဖော်ရေး သားခြင်း ၈ ရာခိုင်နှုန်း၊ လူပုဂ္ဂိုလ်အ ဖွဲ့အစည်းအား ဝေဖန်ခြင်း ၂၁ ရာ ခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းများကို ဝေဖန်ရေးသားမှု ၂ ရာခိုင်နှုန်း၊ လူမှု ရေးပြဿနာများ ၅ ရာခိုင်နှုန်း၊ အွန် လိုင်းမှတဆင့် နှောင့်ယှက်ခြင်း ၂ ရာ ခိုင်နှုန်း၊ မူပိုင်ခွင့် ချိုးဖောက်ခြင်း ၂ ရာခိုင်နှုန်း၊ လိင်ပိုင်းဆိုင်ရာ နှောင့် ယှက်စော်ကားခြင်း ၃ ရာခိုင်နှုန်း၊ သတင်းမှားဖြန့်ဝေမှု ၈ ရာခိုင်နှုန်း၊ံခေုငညါ  ၆ ရာခိုင်နှုန်း၊ ခြောက်လှန့် ငွေညှစ်တောင်းယူခြင်း ၈ ရာခိုင်နှုန်း၊ အမှုအကြောင်းရင်း မသိရ ၂ ရာခိုင် နှုန်းနှင့် အခြား ၃ ရာခိုင်နှုန်းတို့ဖြစ် ကြောင်း သိရသည်။
.
နိုင်ငံတော်အကြည်အညို ပျက် စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲဆို မှု ၁၄ ခုတွင် တရားစွဲဆိုခံထားရသူ ၃၁ ဦး ရှိပြီး ၃ မှုမှ အချုပ်ဖြင့် တ ရားရင်ဆိုင်နေရသူ ၆ ဦး၊ ၅ မှုမှာ အာမခံဖြင့် တရားရင်ဆိုင်နေရသူ ၉ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီး ၄ မှုမှ ၈ ဦး ရှိကာ ယင်းအမှုများအနက် ကလေး စစ်သားဟောင်း အောင်ကိုထွေးသည် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင် ဒဏ် ၂ နှစ် ကျခံခဲ့ရကြောင်း သိရ သည်။ ပုဒ်မ ၅ဝ၅ (ခ)အပြင် အခြား ပုဒ်မများဖြင့်ပါ တရားစွဲခံရသူ ၁၆ ဦး ရှိကြောင်း၊ အမှုရင်ဆိုင်ခဲ့သူ ၃၁ ဦးတွင် တက်ြ<ွက လှုပ်ရှားသူ ၂၂ ဦး၊ သတင်းသမား ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် နိုင်ငံရေးသ မား ၃ ဦးတို့ ပါဝင်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆို ခံရမှုစာရင်းတွင် ပြည်တွင်းငြိမ်းချမ်း ရေး တောင်းဆိုဆန္ဒပြသူ ၅၁ ဦး တ ရားစွဲဆိုခံခဲ့ရသည့်အနက် ၁၇ ဦးမှာ ဥပဒေမဲ့ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရခြင်း ဖြစ်ပြီး လူငယ်တက်ြ<ွက လှုပ်ရှားသူ ၁ဝ၂ ဦး တရားစွဲဆိုခံခဲ့ရပြီး အလုပ် အကိုင်နှင့် လယ်ယာမြေနစ်နာမှု ကြောင့် ဆန္ဒဖော်ထုတ်သူ ၃၄ ဦး တရားစွဲခံခဲ့ရကြောင်း သိရသည်။
.
၂ဝ၁၈ ခုနှစ်အတွင်း တရားစွဲခံ ခဲ့ရသည့် သတင်းမီဒီယာအမှုများအ နက် ၉ မှုတွင် သတင်းသမား ၁၂ ဦး တရားစွဲခံခဲ့ရပြီး ရိုက်တာသတင်း သမား ၂ ဦးကို နိုင်ငံတော် အကြည် အညို ပျက်စေမှု၊ အသရေဖျက်မှုဆိုင် ရာ ရာဇသတ်ကြီး ဥပဒေတို့ဖြင့် တ ရားစွဲဆိုကာ ထောင်ဒဏ် ၇ နှစ် ချ မှတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။
.

Journal Download

Photo of three cats