အေးသာယာအထက (ခွဲ) ၃ တွင် ကျောင်းသား/ကျောင်းသူ ၅၃၀ ကျော်အား နွားနို့တိုက်ကျွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာအထက (ခွဲ) ၃ တွင် ကျောင်းသား/ကျောင်းသူ ၅၃၀ ကျော်အား နွားနို့တိုက်ကျွေး



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခွဲ တွင် ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းက စိုက်ပျိုး၊ ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ အခြေခံပညာကျောင်း များတွင် နို့တိုက် ကျွေးရေးအစီအစဉ် (School Millk Programn) အရ ကျောင်းသား/ကျောင်းသူ ၅၃၀ ကျော်ကို နွားနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။
.
 
.
အခမ်းအနားတွင် ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွန်ကြားရေးမှူး ဒေါက်တာ ခင်အောင်က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ မြိုနယ်ဦးစီးမှူး ဒေါက်တာ မြကေသီသန့်က နွားနို့ တိုက်ကျွေးရေး အာဟာရပြည့်ဝမှုဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးဒေါ်ခင်အေးလွင်ကကျေးဇူးတင် စကားပြောကြားခဲ့သည်။
.
အဆိုပါ နွားနို့တိုက်ကျွေးရေး အစီအစဉ်တွင် အေးသာယာမြို့၊ အမှတ် (၃) အခြေခံပညာကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်း သူ ၅၃၁ ဦးအား ပြည်နယ်ဦးစီးမှူး ဒေါက်တာခင်အောင်၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးနှင့် အဖွင့်ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖများမှ နွားနို့၊ ကြက်ဥများ လိုက်လံထိုက်ကျွေးခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats