မူဆယ်တွင် တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူ



အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၈ ဦး ကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
“မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ရွှေတောင်ကြီး သံရည်ကျို သန့်စင်စက်ရုံမှာ တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီး ရမိတာပါ။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁) ကို ချိုးဖောက်တာပါ။ မြန်မာနိုင်ငံအတွင်းမှာ တစ်စုံတစ်ရာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာလို့ ဖမ်းဆီးအရေးယူတာပါ”ဟု မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ တရုတ်နိုင်ငံသားများမှာ တရုတ်နိုင်ငံ၊ ဖူနန်ပြည်နယ်တွင် နေထိုင်သူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် လှေဆိပ်မှတဆင့် ခိုးဝင်လာပြီး ကောင်းမှုတုံရပ်ရှိ သံရည်ကျိုသန့်စင်စက်ရုံတွင် လာရောက် အလုပ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ကောင်းမှုတုံရပ်ကွက်ရှိ ရွှေတောင်ကြီး သံရည်ကျို သန့်စင်စက်ရုံတွင် အနံ့ဆိုးများ ထွက်ပေါ်နေသည်ဟု ရပ်ကွက်နေပြည်သူများ၏ တိုင်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများမှ စက်ရုံသို့ သွားရောက်စစ်ဆေးစဉ် ယင်းတရုတ် နိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် ရွှင်ဖုန်းပါ တရုတ်နိုင်ငံသား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) ဖြင့် မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats