ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာအနီးရှိ ရေချောင်းတွင် ၈ နှစ်အရွယ် ကလေး တစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, January 28, 2019

ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာအနီးရှိ ရေချောင်းတွင် ၈ နှစ်အရွယ် ကလေး တစ်ဦး ရေနစ်သေဆုံး


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာအနီးရှိ ရေချောင်းတွင် ဇန်နဝါရီလ ၂၇ ရက် ညနေပိုင်းက အသက် ၈ နှစ်အရွယ်က လေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.


နစ်သေဆုံးနေသည့် ကလေးအလောင်း ဟဲဟိုးတိုက်နယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ရေနစ်သေဆုံးသူမှာ အသက် ၈ နှစ်အရွယ် လင်းထက်ဇော် ဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်ညနေပိုင်းက အာလူးစိုက်ခင်းသို့ တစ်ယောက်တည်း ထွက်သွားခဲ့ရာမှ မြက်ဆက်တောင်နှင့် ၂ မိုင်ခန့် ကွာဝေးသည့် ရေချောင်းတွင် ရေနစ် သေဆုံးနေသည်ကို တစ်ရွာတည်းနေ ကိုအောင်တူးမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဟဲဟိုးနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၉)ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube