တောင်ကြီးမြို့တွင် မသင်္ကာသူအား စစ်မေးရာမှ စစ်ပြေး တစ်ဦး ဖြစ်နေသဖြင့် တပ်မတော်သို့ လွှဲပြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် မသင်္ကာသူအား စစ်မေးရာမှ စစ်ပြေး တစ်ဦး ဖြစ်နေသဖြင့် တပ်မတော်သို့ လွှဲပြောင်း


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံ ကျောင်းတိုက်အတွင်းသို့ ဇန်နဝါရီလ ၉ ရက်၊ နံနက်ပိုင်းက အမျိုးသား တစ်ဦးမှ မသင်္ကာဖွယ်ရာ ၀င်ရောက်လာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး မေးမြန်းရာ စစ်ပြေးတစ်ဦး ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီး၍ တပ်မတော်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
.


တောင်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲဇာနည်စိုး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၉ ရက်၊ နံနက်ပိုင်းတွင် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာသည့် မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းရာ လွိုင်လင်မြို့၊ ခလရ (၁၂)မှ ခွင့်မဲ့ပျက်ကွက် ဖြစ်နေသူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ အမျိုးသားမှာ ခလရ (၁၂) မှ တပ်သား ဇင်မင်းဝေ ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် ၄င်း၏ တပ်ရင်းမှ ထွက်ပြေးခဲ့ပြီးနောက် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အတွင်းရှိ စည်ပင်လိုင်းခန်းတွင် မိခင်နှင့်အတူ နေထိုင်နေစဉ် ယနေ့ ဇန်န၀ါရီလ ၉ ရက်တွင် အောင်မြေဘုံစံ ကျောင်းတိုက်အတွင်းသို့ မသင်္ကာဖွယ် ၀င်ရောက်လာရာမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် တပ်သား ဇင်မင်းဝေအား တောင်ကြီးမြို့ရှိ အမှတ်(၂၆၂)တပ်မတော်တပ်ထိန်း တပ်ခွဲသို့ လွှဲပြောင်းအပ်နှံကာ တပ်မတော်အက်ဥပဒေများနှင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats