မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO- World Health Organization)မှ
ကမ္ဘာ့နိုင်ငံပေါင်း ၁၉ဝ ၏ ၂ဝ၁၈ ခုနှစ်အတွက်
ကျန်းမာရေးအ ဆင့်များ ဖော်ပြရာတွင် မြန်မာနိုင်ငံမှာ အဆင့် ၁၉ဝ ဖြင့် အောက်ဆုံးတွင်
ရောက်ရှိနေကြောင်း သိရသည်။
.
.
ယင်းအဆင့်များအား ကနေဒါ နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ဆန်း
စစ်ချက်များဖြင့် ညှိနှိုင်းဖော်ပြထား ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကျန်းမာမှုအဆင့် နိမ့် ကျခြင်းနှင့် ပတ်သက်၍ ကျိုင်းတုံမြို့
နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဝဏ္ဏစိုးက ''သူ တို့ တိုင်းတဲ့ပေတံတွေ
ရှိတယ်။ အဲဒါ တွေနဲ့ တိုင်းတာပါ။ တချို့ စံနှုန်းတွေ က မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်
နိုင်မှု မရှိသေးတော့ သူတို့တိုင်းပေး တဲ့ပေတံနဲ့ မကိုက်ဘူး ဖြစ်နေတဲ့သ ဘောပါ''ဟု ¤င်း၏
အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ WHO အစီရင်ခံစာအရ နိုင်ငံများ၏ ကျန်းမာရေးအဆင့် တိုင်း တာချက်များတွင်
လူဦးရေ၊နိုင်ငံသား တစ်ဦးချင်း ဝင်ငွေ၊ ကျား/မ သက် တမ်း၊ အသက် ၅ နှစ်အောက် သေ ဆုံးမှု၊
အသက် ၁၅ နှစ်မှ ၆ဝ ကြား သေဆုံးမှု၊ နိုင်ငံသား တစ်ဦးချင်း၏ ကျန်းမာရေး အသုံးစရိတ်၊
နိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်နှင့်ွီဏ တို့ဖြင့် တိုင်းတာဆုံးဖြတ်ခြင်း ဖြစ် ကြောင်း
သိရသည်။
.
''ကျွန်တော်တို့ နိုင်ငံမှာ လူထု ကျန်းမာရေး စောင့်ရှောက်မှု အာမခံ
စနစ် မရှိပါဘူး။ ထိုင်းမှာတော့ လူတစ် ယောက် ဘတ် ၁ဝ နဲ့ စုပေးပြီး နိုင်ငံ ကလည်း သူ့ကျန်းမာရေးကို
စောင့် ရှောက်မှုပေးတဲ့ အာမခံစနစ်ကို ထူ ထောင်ပြီး လုပ်ဆောင်ပေးပါတယ်။ မြန်မာအစိုးရ
အနေနဲ့က ကျန်းမာရေး စောင့်ရှောက်မှု အာမခံ ထူထောင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး အစိုးရကပဲ
အား လုံးကို အကုန်အကျခံ ကုသနေဆဲ ဖြစ်ပါတယ်။ သူတို့တိုင်းတဲ့ ပေတံနဲ့ မကိုက်တာပါ''ဟု
ပင်းတယ မီးအိမ် ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်း ထွဋ်မှ လည်း ဆိုသည်။
.
၂ဝ၁၈ ခုနှစ်အတွက် WHO က ဖော်ပြသည့် ကျန်းမာရေး အဆင့်များ တွင် တစ်ကမ္ဘာလုံး၏
အဆင့် ၁ မှာ ပြင်သစ်နိုင်ငံဖြစ်ကာ အာဆီယံနိုင်ငံများ အနေဖြင့် စင်္ကာပူမှ အဆင့် ၆၊ ဘရူနိုင်းမှ
အဆင့် ၄ဝ၊ ထိုင်းမှ အဆင့် ၄၇၊ မလေးရှားအဆင့် ၄၉၊ ဖိလစ်ပိုင်အ ဆင့် ၆ဝ၊ အင်ဒိုနီးရှားအဆင့်
၉၂၊ ဗီယက်နမ်အဆင့် ၁၆ဝ၊ လာအိုအ ဆင့် ၁၆၅၊ ကမ္ဘောဒီးယား အဆင့် ၁၇၄ နှင့် မြန်မာအဆင့်
၁၉ဝ တို့ ဖြစ်ကြောင်း ဖော်ပြထားပြီး အိမ်နီး ချင်းနိုင်ငံများတွင် ဘင်္ဂလားဒေ့ရှ် အ ဆင့်
၈၈၊ အိန္ဒိယအဆင့် ၁၁၂ နှင့် တရုတ်နိုင်ငံ အဆင့် ၁၄၄ တို့ဖြစ်ကြ ကြောင်း ဖော်ပြပါရှိသည်။
.
.
.
#KBZTai #Shan