တောင်ကြီးမြို့၏ အရှေ့ဘက်တောင်တန်းတွင် TAUNGGYI စာလုံးများ ချိတ်ဆွဲရန် ကြိုးပမ်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၏ အရှေ့ဘက်တောင်တန်းတွင် TAUNGGYI စာလုံးများ ချိတ်ဆွဲရန် ကြိုးပမ်းနေ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့၏ အရှေ့ဘက် ရှိ တောင်တန်းပေါ်တွင် TAUNGGYI ဟူသည့် အထိမ်းအမှတ် စာတမ်း ချိတ်ဆွဲနိုင်ရန်အတွက် တောင် ကြီးဒေသခံများမှ ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။
.
 
.
'' အဲဒီ TAUNGGYI ဆိုတဲ့ အထိမ်းအမှတ် စာတမ်းကို ချိတ်ဆွဲ နိုင်ဖို့အတွက် ကျွန်တော်တို့ တောင် ကြီးသားတွေ စုပေါင်းပြီး ကြိုးစားနေ ပါတယ်။ တောင်ကြီးမြို့ရဲ့ အထိမ်းအ မှတ် တစ်ခုအနေနဲ့ အရှေ့ဘက် တောင်တန်းပေါ်က လူတွေထင်သာ မြင်သာရှိတဲ့ နေရာမှ အင်္ဂလိပ်စာတမ်း နဲ့ ဟောလီးဝုဒ် ပုံစံမျိုး ချိတ်ဆွဲစိုက် ထူနိုင်ဖို့ ကြိုးစားနေတာပါ။ အခုလက် ရှိကတော့ ကွင်းဆင်းကြည့်ရှုနေတဲ့ အနေအထားပဲ ရှိပါသေးတယ်။ တည် နေရာကတော့ တရားဝင်အတည်တ ကျ သတ်မှတ်ရခြင်း မရှိသေးပါဘူး။ အဲဒါ ပြီးရင်တော့ ကုန်ကျစရိတ်တွေ တွက်ချက်မယ်။ ခွင့်ပြုချက်ရဖို့အ တွက် ပြည်နယ်အစိုးရကို စာတင်သွား မှာပါ''ဟု တောင်ကြီးဒေသခံ ကို ဇော်ဝင်းထူးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ TAUNGGYI အထိမ်းအမှတ် စာတမ်း ချိတ်ဆွဲစိုက်ထူ နိုင်ရန်အတွက် လက်ရှိတောင်ကြီးမြို့ တွင် နေထိုင်သူများသာမက နယ်ဝေး ဒေသများသို့ ရောက်ရှိနေသည့် တောင်ကြီးဒေသခံများကလည်း ပါဝင် ကြိုးပမ်းလျက်ရှိပြီး ဖြစ်မြောက်ရေး ကော်မတီ တစ်ခုကို ဖွဲ့စည်းတည် ထောင်သွားမည်ဖြစ်ကာ ရှမ်းပြည် နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အား တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် ပင်လယ် ရေ မျက်နှာပြင်အထက် ၄၇၁၂ ပေတွင် တည်ရှိသည့် တောင်ပေါ်မြို့ ဖြစ်ကာ မြို့၏ အရှေ့ဘက်တွင် တောင်တန်းများ တည်ရှိနေခြင်း ဖြစ်ပြီး ယင်းတောင်တန်းများအနက် အမြင့်ဆုံး ဖြစ်သည့် တောင်ချွန်းမှာ ပင်လယ်ရေမျက်နှာ ပြင်အထက် ၅၇၅၅ ပေတွင် တည်ရှိသည့်အပြင် တောင်ကြီးမြို့၏ ပြယုဒ်တစ်ခုလည်း ဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats