တရုတ်နိုင်ငံ One Belt One Road (OBOR) ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖလှယ်ခြင်း သင်တန်းသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 25, 2018

တရုတ်နိုင်ငံ One Belt One Road (OBOR) ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖလှယ်ခြင်း သင်တန်းသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီလီမိ တက် (Yunan Native Produce Inport and Export Group Co, Ltd-YNPC) မှ ကျင်းပသည့် ''မြန် မာနိုင်ငံရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု One Belt One Road-OBOR) ပူးပေါင်းဆောင်ရွက်မှုဆွေး နွေးဖလှယ်ခြင်းသင်တန်း''ကို ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ဒီဇင်ဘာလ ၉ ရက်မှ ၁၆ ရက်အထိ ၈ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသို့ မြန်မာနိုင်ငံအတွင်းရှိ ကဏ္ဍ အသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ 2018 Seminar of Exchange and Cooperation for the Belt and Road  အခမ်းအနားတွင် YNPC  မှ ဒါရိုက်တာ  Wu Jian Hui က အဖွင့်စကားပြောကြားပြီး မန်နေဂျာ Zi Rui Cai က တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။
.
''မြန်မာနိုင်ငံအတွက် ကောင်း ကျိုးတွေကို မုချယူဆောင်လာမယ့် သဘော ယုံကြည်မှုနဲ့ ပြောကြားပေ မယ့် မြန်မာဘက်က အမှန်တကယ် တင်သွင်း ထုတ်လုပ်နိုင်တဲ့ အရာ၊ သူတို့လိုလိုချင်ချင် ဝယ်ယူလိုတဲ့ အ ရာတွေကို သေချာစွာမသိခဲ့ရပါဘူး။ မြန်မာပြည်ကို ကိန်းဂဏန်းအရပဲ သိနေတာဖြစ်ပြီး မူဝါဒရေးရာကို အကောင်အထည် ဖော်နေတဲ့ ဗျူ ရိုကရေစီနဲ့ ဒေသခံပြည်သူ လူထု ရဲ့အသံတို့အကြား ချိတ်ဆက်မှု နည်းပါးနေတာကို အမှန်တကယ် တိတိကျကျမသိသေးဘူးလို့ ယူဆ ရပါတယ်။ သိဖို့မလိုတာလို့ ယူဆ တာလို့လဲ သုံးသပ်မိတယ်။ အချုပ် ပြောရရင်တော့ အကြံပြုချက်တွေကို နားထောင်ပေမယ့် ပြန်လည်သုံးသပ် တဲ့ အကြံပြုစာတွေ တောင်းဆိုခဲ့ ခြင်းမရှိတာဟာ သူတို့အစိုးရက လုပ် ခိုင်းလို့သာ လုပ်ရတယ်ဆိုတဲ့ သ ဘောပါပဲ''ဟု ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ဒေါ်နန်းဝါနုက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တရုတ်နိုင်ငံမှ အကောင်အထည် ဖော်မည့်  ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု(OBOR)တွင် တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းများနှင့် မြန်မာနိုင်ငံမှ သီးနှံစားသောက်ကုန်များ အပြန်အ လှန်တင်သွင်းခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်လာနိုင်ကြောင်း ဆွေး နွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ကြုံတွေ့ရမည့် အခက်အခဲများတွင် မြေယာ ပြဿနာများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် စီးပွားရေးလုပ်ဆောင် သူများ အထူးသတိထားရမည့် အကြောင်းအရာများကို ဝေဖန်အကြံ ပြုထောက်ပြဆွေးနွေးခဲ့ကြကြောင်း နှင့် ဓါတ်မြေသြဇာ၊ ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ရေးတို့ကို အထူးအလေးပေးဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
.
''သူတို့အစိုးရက မူဝါဒချရင် ကုမ္ပဏီဘက်က ရပ်တည်ပေးတာဖြစ် လို့ တခြားဘာပဲဖြစ်ဖြစ်အောင် မြင်အောင်လုပ်ဖို့ ပြင်ဆင်ထားတာ တွေ့ရတယ်။ အဓိက ကတော့ မြန် မာနိုင်ငံမှာ သူတို့အကျိုးစီးပွားအ တွက် လုပ်မယ့်အနေအထားပါ။ ဒီ ဘက်အစိုးရအနေနဲ့ အထူးသတိ ထားရမယ့် အခြေအနေဖြစ်တယ်လို့ မြင်ပါတယ်''ဟု Save the Natural Resource မှ ဒါရိုက်တာ ကိုဧပရယ် ကြူကြူက ပြောသည်။
.
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ မှ ထားဝယ်အထူးစီးပွားရေးဇုန်၊ အလယ်အလတ် စက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးဘဏ် (SMIDB)၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း၊ သဘာဝအရင်းအမြစ်များ ထိန်းသိမ်း ရေး (SaNar)၊ ရေထွက်အစားအစာ ထုတ်လုပ်ရေးကုမ္ပဏီ၊ ဆောက်လုပ် ရေးကုမ္ပဏီ၊ ပို့ဆောင်ရေးကဏ္ဍ၊ သဘာဝ မဟာဗျူဟာနှင့် စီမံခန့်ခွဲရေး၊ သုတေသီစသည့် ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube