သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျောက်စိမ်းဖြတ်စများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 25, 2018

သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျောက်စိမ်းဖြတ်စများ ဖမ်းမိ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန္နီရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းက လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျောက်စိမ်းဖြတ်စများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - အကောက်ခွန်ဦးစီးဌာန
.
သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ကျ စစ်ဆေးရေးအဖွဲ့က လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင် လာသော Toyota Station Wagon အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဖုံး၊ ထိုင်ခုံ အောက်များနှင့် ရှေ့ဘီဝဲယာ အကာများတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ယခုနှစ် ဒီဇင်ဘာလအတွင်း တရားမဝင် သစ်သယ်ဆောင်မှုနှင့် ကျောက်စိမ်းဖြတ်စ သယ်ဆောင်မှု ၁၂ ကြိမ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube