လားရှိုးမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဒုတိယအကြိမ် စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှု ဆောင်ရွက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, December 22, 2018

လားရှိုးမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဒုတိယအကြိမ် စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှု ဆောင်ရွက်



မေသူဇော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြိ့တွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဒုတိယအကြိမ် အမှိုက်ကောက်လှုပ်ရှားမှုကို ကုန်စိမ်းဆေးကြီးရှေ့၊ ဆေးရုံကြီးနှင့် စည်ပင်သာယာဈေးကြီး တို့အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ဒုတိယအကြိမ် လှုပ်ရှားမှုအဖြစ် စုပေါင်းအမှိုက်ကောက် လှုပ်ရားမှုကို လုပ်ဆောင် တာပါ။ ကျွန်တော်တို့ဌာန ဝန်ထမ်းတွေအပါအဝင် သူနာပြုသင်တန်းသူတွေနဲ့ ဌာနဆိုင်ရာတွေ စုစုပေါင်း အင်အား ၆၀၀ ဦးလောက် ပါဝင်ခဲ့ပါတယ်”ဟု အမှိုက်ကောက်လှုပ်ရှားမှု ဦးဆောင်သူ ဦးမြတ်သူဇင်က ပြောသည်။
.
အမှိုက်ကောက်ခြင်း လှုပ်ရှားမှုကို လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံများအနေဖြင့် အမှိုက်ကို စနစ်တကျ စွန့်ပစ်စေရေးနှင့် အမှိုက်ကောက်ခြင်းသည် ရှက်စရာမဟုတ်ကြောင်းကို သိစေလိုသဖြင့် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကို အသိပေးပိုစတာများ ကိုင်ဆောင် ပြသခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် လူထုအကျိုးပြုလုပ်ငန်းအဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ အတွင်းကလည်း စုပေါင်းသွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်လည်း ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ဒေသခံ ပြည်သူများနှင့် MPT ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ကိုယ်လက်လှုပ်ရှားမှုအဖြစ် နောင်တုံကန် ပတ်လမ်းတစ်လျှောက် လမ်းလျှောက်အမှိုက်ကောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube