မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက တတိယအကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်သည့်
Kalaw Trail Run 2018 ပြေးပွဲအား ပြည်တွင်း/ပြည်ပမှ အပြေးသမား ၃၅၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း
သိရသည်။
.
.
“ပြည်တွင်း
ပြည်ပအားကစားသမား တစ်ဝက်စီလောက် ပါပါတယ်။ အဓိကတော့ မြန်မာ့ခရီးသွား မြှင့်တင်တဲ့အနေနဲ့
ကျင်းပပြုလုပ်တာဖြစ်ပါတယ်” ဟု ပြိုင်ပွဲကျင်းပရေးကော်မတီမှ FO Supervisor ဒေါ်ဒီးယားက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ပြိုင်ပွဲတွင်
ပြည်ပနိုင်ငံများဖြစ်သည့် ဂျာမနီ၊ ဂျပန်၊ ကိုးရီးယား၊ ပြင်သစ်၊ အိန္ဒိယတို့မှ အားကစားသမား
အများဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရီးအကွာအဝေး ၂၁ ကီလိုမီတာ၊ ၁၂ ကီလိုမီတာ ၂ မျိုးကို
အမျိုးသား/အမျိုးသမီးမခွဲခြားဘဲ ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း
သိရသည်။
.
”ဒီပွဲက နှစ်တိုင်းလုပ်လာတာ
၃ နှစ်ဆက်တိုက်ရှိပြီ။ နှစ်တိုင်း နိုင်ငံခြားဧည့်သည်တွေ ပိုသိလာပြီး လာပြိုင်တဲ့သူ
တိုးလာ ပါတယ်။ ပွင့်လင်းရာသီလည်း ဖြစ်ပြီး ခရီးသွားလုပ်ငန်းအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်”ဟု
ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးဝင်းမောင်က ပြောသည်။
.
အဆိုပါပြိုင်ပွဲကို
၂၀၁၆ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အားကစားသမား ၂၅၀ ဦးခန့် လာရောက်ယှဉ်ပြိုင်ကြကာ
ယခု ၂၀၁၈ ခုနှစ်တွင် လာရောက်ယှဉ်ပြိုင်သူ ၃၅၀ ဦးအထိ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai
#Shan