အင်းလေးဒေသတွင် ခရမ်းချဉ်သီးပင်များအား GAP စနစ်ဖြင့် ပိုမို တိုးချဲ့ စိုက်ပျိုးလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးဒေသတွင် ခရမ်းချဉ်သီးပင်များအား GAP စနစ်ဖြင့် ပိုမို တိုးချဲ့ စိုက်ပျိုးလာ


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ တွင်ွဗဏ စနစ်ဖြင့် ခရမ်းချဉ်သီးပင် များ ယခင်နှစ်ထက် တိုးချဲ့ စိုက်ပျိုး လာကြောင်း သိရသည်။ 
.
 
.
အင်းလေးဒေသတွင် GAO စနစ်ဖြင့် ခရမ်းချဉ် စိုက်ပျိုးထုတ် လုပ်မှုမှာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ကျေးရွာ ၅ ရွာမှ တောင်သူ ၅၄ ဦးဖြင့် ကျွန်းမျှောခရမ်းချဉ် ၅ဝ ဧက စတင်စိုက်ပျိုးခဲ့ရာ ၂ဝ၁၈ -၂ဝ၁၉ ခုနှစ်တွင် ကျေးရွာ ၆ ရွာမှ ခရမ်းချဉ် စိုက်ပျိုးတောင်သူ ၈၁ ဦးဖြင့် ကျွန်း မျှောခရမ်းချဉ် ၁ဝ၆ ဧက အထိ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
.
''အင်းလေးဒေသမှာ GAP စနစ်နဲ့ ခရမ်းချဉ် စိုက်ပျိုးလာတာ ဒီနှစ် မှာ ပိုများလာပါတယ်။ စိုက်ပျိုးတဲ့ တောင်သူတွေ လည်း များလာတယ်။ GAP စနစ်ကျင့်သုံးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ စားသုံးသူ တွေအတွက် ဘေးအန္တရာယ်ကင်း ရှင်းပြီး အင်းလေးကန်ရေ ဓာတုဓာတ် ကြွင်းပျံ့နှံ့မှုကိုလည်း လျှော့ချနိုင်ပါတယ်''ဟု တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည် ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) တို့ပူးပေါင်း၍ Promoting Myanmar Tomato GAP Pro-gram: From Farm to Market မြန်မာ့ခရမ်းချဉ်သီး GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေး အစီအစဉ်၊ တောင်သူထံမှ ဈေးကွက် ဆီသို့ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင် ဘာ ၇ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အင်းလေးဒေသခေါင်တိုင်ကျေးရွာရှိ ဟူပင်ဟိုတယ်ခန်းမ ၌ကျင်းပခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် အင်းလေးဒေသရှိ စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့် ကောင်းများ၊ ခရမ်းချဉ် စိုက်ပျိုးသူ တောင်သူနှင့် သီးနှံဝယ်ယူသူ အကြားပူး ပေါင်းဆောင်ရွက် မှုတိုး မြှင့်ရေး၊ ခရမ်းချဉ် စိုက်တောင်သူများ ချေးငွေရရှိနိုင်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိ ရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats