မိုးနဲတွင် ကောင်းမွန်သည့်မွေးမြူရေးလုပ်ငန်းစဉ် (GAHP) နှင့် ဝက်မွေးမြူထုတ်လုပ်မှု ဆင့်ပွားသင်တန်း ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲတွင် ကောင်းမွန်သည့်မွေးမြူရေးလုပ်ငန်းစဉ် (GAHP) နှင့် ဝက်မွေးမြူထုတ်လုပ်မှု ဆင့်ပွားသင်တန်း ဖွင့်လှစ်


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်က မိုးနဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောင်းမွန်သည့် မွေးမြူရေးလုပ်ငန်းစဉ် (Good Animal Husbandry Practices-GAHP) တစ်ရက်တာ သင်တန်းအားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.

.
“GAHP လုပ်ငန်းစဉ်ကို လိုက်နာကျင့်သုံးခြင်းဖြင့် အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ ထုတ်ကုန်တွေ မွေးမြူထုတ်လုပ် ရရှိနိုင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံကာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်၊ အားလုံး အချိန်ကမရတော့  တစ်ရက်တာဘဲ သင်ပေးနိုင်ခဲ့တယ်၊ အချိန်ရရင်တော့ တခြားသင်တန်းတွေ ထပ်မံဖွင့်လှစ်ဖို့ရှိပါမယ်”ဟု မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
.
အဆိုပါသင်တန်းတွင် ၀က်မွေးမြူထုတ်လုပ်မှုဆိုင်ရာ အခြေခံနည်းစနစ်များအား သင်ကြားပို့ချပေးခဲ့ပြီး ကောင်းမွန်သည့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းစဉ် (GAHP) ဖြင့် မွေးမြူခြင်းအားဖြင့် အရည်အသွေးကောင်းမွန်သည့် တိရစ္ဆာန်အတွက် ပစ္စည်းများ ရရှိစေခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ဇီဝလုံခြုံမှု အားကောင်းလာစေခြင်း၊ လုပ်သားများ လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးစေခြင်း၊ သက်သာချောင်ချိရေးလုပ်ဆောင်လာနိုင်ခြင်း၊ ၀င်ငွေတိုးတက်လာစေခြင်း၊ GAHP
အသိအမှတ်ပြုလက်မှတ်များ ပိုင်ဆိုင်လာစေပြီး ဒေသတွင်းနှင့်ပြင်ပနိုင်ငံများသို့ တင်ပို့ရောင်းချလာနိုင်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားစေမည်ဖြစ်သည်ဟု ဒေါက်တာခင်မောင်ဝင်းထံမှ သိရသည်။
.
အဆိုပါသင်တန်းကို မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာရှိ ခရစ်ယန်ဘုရားရှိခိုးကျောင်းတွင် ဒီဇင်ဘာလ ၁၄ ရက်၊ နံက် ၉နာရီမှ ညနေ ၃ နာရီ အထိ ပြုလုပ်ခဲ့ကာ သင်တန်းသား/သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats