နယ်စည်းမခြားသတင်းထောက်များ အဖွဲ့နှင့် Freedom Hose အဖွဲ့ များမှ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အဆင့် နိမ့်ကျလျက်ရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နယ်စည်းမခြားသတင်းထောက်များ အဖွဲ့နှင့် Freedom Hose အဖွဲ့ များမှ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အဆင့် နိမ့်ကျလျက်ရှိကြောင်း ထုတ်ပြန်

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အခြေစိုက်သည့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ Reporter Sans Forntiers/ Reporter Without Border အဖွဲ့၏ ၂ဝ၁၈ ခုနှစ် အတွက် သတင်းလွတ်လပ်ခွင့်အဆင့်အတန်း ထုတ်ပြန်ချက်တွင် နိုင်ငံပေါင်း ၁၈ဝ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့်၁၃၇ တွင်ရောက်ရှိ နေပြီး ၂ဝ၁၇ ခုနှစ်က ရရှိခဲ့သည့် အဆင့် ၁၃၁ ထက် ၆ ဆင့် နိမ့်ကျခဲ့ကြောင်း ဖော်ပြပါရှိသည်။
.
 
.
ထို့အတူ Freedom House အဖွဲ့၏ ၂ဝ၁၈ ခုနှစ်၊ ဧပြီလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံကို သတင်းလွတ်လပ်ခွင့်မရှိသေးသော နိုင်ငံစာရင်းတွင်ထည့်သွင်းထားကြောင်း ဖော်ပြပါရှိသည်။
.
ယင်းထုတ်ပြန်ချက်ညွှန်းကိန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ကျော်က''ဒီထုတ်ပြန်ချက်တွေနဲ့ မြန်မာနိုင်ငံအခြေအနေဟာ ကွာဟမှုနည်းပါးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သတင်းသမားတွေ အဖမ်းခံရမှု၊ နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခံနေရမှုတွေရှိနေတာတွေ၊ သတင်းမီဒီယာ ဥပဒေအရ ဖြေရှင်းမပေးရဘဲ မဟုတ်တဲ့ ၆၆(ဃ) လို၊ ၅ဝ၅(ခ)လို ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံနေရတာတွေ၊ ဥပဒေတွေကို ပြင်ဆင်တဲ့နေရာမှာ လုံလောက်တဲ့ပြင်ဆင်မှုတွေမရှိတာ၊ ပြင်ဆင်ပယ်ဖျက်ဖို့ နှောင့်နှေးနေတာ တွေက သတင်းသမားတွေကို စိုးရိမ်စိတ်တွေ ရှိနေစေပါတယ်''ဟု ပြောသည်။
.
အလားတူ အသံအဖွဲ့မှ ဒါရိုက်တာ မောင်ဆောင်းခ ကလည်း ''မြန်မာနိုင်ငံအနေနဲ့ ဒီအညွှန်းကိန်းတွေ လျော့ကျဖို့ဆိုရင် ဒီအစိုးရလက်ထက်မှာ သတင်းသမားတွေကို စွဲဆိုထားတဲ့အမှုတွေက် အမြန်ရုပ်သိမ်း ဖို့ လိုပါတယ်။ တစ်ခုခုဖြစ်ရင် တခြားပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူတာတွေ လုပ်မယ့်အစား သတင်းမီဒီယာ ဥပဒေနဲ့ အရင်ဆုံးအရေးယူစေချင်ပါတယ်။ သတင်းမီဒီယာတွေအနေနဲ့လည်း ပြင်ဆင်ခွင့်တွေ ရရှိမှာဖြစ်လို့ အစိုးရရဲ့ ပုံရိပ်လည်း ပိုကောင်းမွန်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။
.
ပြီးခဲ့သည့်အောက်တိုဘာလ ၁၈ ရက်က အသံအဖွဲ့မှ ထုတ်ဝေသည့် လွတ်လပ်စွာပြောဆိုခွင့်(အစိုးရ သက် တမ်းတစ်ဝက် အစီရင်ခံစာ)တွင် သတင်းမီဒီယာသမားများအပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှု ၂၁ မှု ရှိနေပြီး တရားရင်ဆိုင်နေရသော သတင်းသမား ၂၉ ဦးအထိ ရှိနေသည်ဟု ဖော်ပြပါရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats