တောင်ကြီးမြို့တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) အဆောက်အဦ ဆောက်လုပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 25, 2018

တောင်ကြီးမြို့တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) အဆောက်အဦ ဆောက်လုပ်မည်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ၆ ထပ် အဆောက်အဦကို မြို့မရပ်ကွက်၊ ဗိုလ် ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ရှမ်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး နေရာတွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
''အခုကတော့ အဲဒီနေရာကို ရှင်းလင်းနေတုန်း ရှိသေးတယ်။ နောက်မှာ ရှိနေတဲ့ ရုံးကလည်း လေလံ တင်ထားပါတယ်။ အဲဒါတွေ အားလုံး ရှင်းပြီးမှ စတင်ဆောက်လုပ်မှာ ဖြစ်တယ်။ ဒီ အဆောက်အဦ ပြီးသွားပြီ ဆိုရင်တော့ တောင်ကြီးမှာ ရှိနေတဲ့ လူမှုရေး အသင်းအဖွဲ့တွေ၊ ခန်းမအသုံးပြုဖို့ လိုအပ်တဲ့သူတွေ၊ နောက် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့ တွေကနေပြီးတော့ သင်တန်းတွေ၊ အ စည်းအဝေးတွေ၊ လာပြီးတော့ဆောင် ရွက်လို့ ရပြီပေါ့။ ပြည်သူတွေ အနေ နဲ့လည်း ကျန်းမာရေး လေ့ကျင့်ခန်း တွေကို လာပြီးတော့ အသုံးပြုလို့ရ ပြီ။ ကျန်းမာရေး လေ့ကျင့်ရေး စက် ပစ္စည်းတွေ ထားပေးမှာပါ''ဟု ရှမ်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။
.
အဆိုပါ အဆောက်အဦတွင် စာအုပ်အရောင်းဆိုင်၊ ကလေးစာဖတ်ခန်း၊ ခေတ်မီစာကြည့်တိုက်၊ ပြတိုက်ငယ်၊ ကွန်ပျူတာ သင်တန်းခန်းမ၊ ဆွေးနွေးပွဲ ကျင်းပနိုင်မည့်ခန်းမ၊ ကျန်းမာရေးအတွက် အားကစားခန်း မ၊ စားပွဲတင်တင်းနစ်၊ ရုံးခန်းနှင့် ဝန်ထမ်းအိမ်ရာ၊ သီးခြားအောက်ဆုံး ထပ်တွင် မသန်စွမ်းများ ဆွေးနွေးနိုင်မည့် သင်တန်းခန်းမ၊ ကလေးကစား ကွင်းများ၊ ကားပါကင်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
.
လူထု အခြေပြု ဗဟိုဌာန Community Centre တွင် အခမဲ့ဝိုင်ဖိုင် တပ်ဆင်ခြင်း၊ ဓာတ်လှေကားဖြင့် အတက်အဆင်း သွားလာနိုင်ခြင်း၊ LED ဘုတ်ကြီးဖြင့် ပြန်ကြားရေးဆိုင်ရာ များကိုလည်း ပြသပေးနိုင်ခြင်းတို့ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
.
အလားတူ ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့တွင်လည်း လူထုအ ခြေပြု ဗဟိုဌာန (Community Centre) ဆောက်လုပ်နိုင်ရေး စတင်အ ကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube