ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မြေဂရန်များကို စီမံချက်ဖြင့် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မြေဂရန်များကို စီမံချက်ဖြင့် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းမည်


ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောက်မဲ မြို့နယ်မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်မှ ရှမ်းပြည်နယ်၊ မြို့များ ပေါ်ရှိ လူနေအိမ် မြေကွက်များနှင့် မြေကွက်များ ဂရန်သစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများကို စီမံချက်တစ်ရပ် ဖြင့် ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ယနေ့ ကျင်းပပြုလုပ်လျက်ရှိသော ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယနေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦး ရှိသည့်အနက် ၁၂၄ ဦး တက်ရောက်ပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၉၄ ရာခိုင်နှုန်း တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများမှ ပြန်လည်ဖြေကြား သွားမည်ဖြစ်ကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်မှ အဆိုတစ်ရပ်ကို တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က စတင်ကျင်းပပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats